အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန်းဖေ၏ အိမ်ငှားအဖြစ်နေထိုင်ရာ နောက် ပိုင်း တွင် ဦးချစ်တီးတို့က အိမ်လခများပေးရန် ပျက်ကွက်သဖြင့် ရပ်ကွက်ပြည်သူ့ကောင်စီတွင် ညှိနှိုင်းကြသော အခါ ဦးချစ်တီးက ဦးအုန်းဖေ နေအိမ်တွင် ၂ နှစ်အတွင်း ပြောင်းရွှေ့ပေးရန်နှင် အိမ်ရှင် ဦးအုန်းဖေက ဦးချစ်တီး ထံမှ ၂ နှစ်အတွက် လခများမယူရန် နှစ်ဦးနှစ်ဖက်သဘောတူညီကြသည်။ ထိုသဘောတူညီချက်အရ အိမ်ငှား ဦးချစ်တီးသည် အချင်းဖြစ်အိမ်တွင် အခမဲ့ဆက်လက်နေထိုင်သွားရာ (၂) နှစ်ပြည့်ပြီးနောက် ဦးချစ်တီးက အိမ်မှ ဖယ်ရှားပေးခြင်း မပြုသဖြင့် ဦးအုန်းဖေက ဦးချစ်တီးအပေါ်အခွင့်အမိန့်အရ နေထိုင်သူများအဖြစ် နှင်လိုမှုစွဲ သည်။ ဗဟိုတရားရုံးက ဦးချစ်တီးနှင့် ဦးအုန်းဖေတို့ ချုပ်ဆိုသော သဘောတူညီချက်သည် အိမ်ရှင် အိမ်ငှား အဖြစ် ဆက်သွယ်မှုကို သဘောတူဖျက်သိမ်းခြင်း ဖြစ်ကြောင်း ထိုဆက်သွယ်မှုမှာ ပစ္စည်းလွဲှပြောင်းရေး အက် ဥပဒေ ပုဒ်မ ၁၁၁ (ခ) အရ ရပ်စဲပြီးဖြစ်ကြောင်း အမှုစွဲဆိုအချိန်တွင် ဦးချစ်တီးနှင့် ဦးအုန်းဖေတို့သည် အိမ်ရှင် အိမ်ငှားမဟုတ်တော့ဘဲ ဦးချစ်တီးသည် အခမဲ့ခွင်ပြုချက်အရ နေထိုင်သူဖြစ်ကြောင်း စသဖြင့် ဆုံးဖြတ်၍ ဦးအုန်းဖေကို အနိုင်ပေးသည်။
ဦးသိန်းနွဲ့နှင့်ဒေါ်ကြည်ကြည် ၁၉၈၀ ပြည့်နှစ် တရားမ ပထမအယူခံမှုအမှတ်-၂၃ အမှုတွင် ဒေါ်ကြည်ကြည်၏် ခင်ပွန်းဆိုသူဦးကြီးသွင်သည် ဦးသိန်းနဲ့ွ အိမ်ငှားအဖြစ်နေထိုင်လာရာမှ သေဆုံးပြီးနောက်ဒေါ်ကြည်ကြည်က ဦးသိန်းနွဲ့ခွင့်ပြုချက်အရ ဆက်လက်နေမည် ဖြစ်ကြောင်း၊ အချိန်မရွေးဖယ်ရှားပေးမည် ဖြစ်ကြောင်းကတိစာချုပ် ချုပ်ဆိုသည်။ နောက်ပိုင်းတွင် ဒေါ်ကြည်ကြည်က အိမ်ခန်းမှ ဆင်းမပေး၍ ဦးသိန်းနွဲ့တို့က ဒေါ်ကြည်ကြည် အပေါ် အခွင့်အမိန့်အရ နေထိုင်သူအဖြစ် နှင်လိုမှုစွဲရာ ဒေါ်ကြည်ကြည်ဘက်မှ ဦးသိန်းနွဲ့၏ အိမ်ငှားဖြစ် ကြောင်း တင်ပြသည်။ ဗဟိုတရားရုံးက ဒေါ်ကြည်ကြည်သည် ဦးကြီးသွင် ဇနီးဖြစ်၍ ဦးကြီးသွင် ကွယ်လွန်သော အခါ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂ (ခ) အရ အိမ်ငှားအဖြစ်သို့ ရောက် ရှိသည့်တိုင်အောင် (၂-၁၁-၆၂) နေ့တွင် သက်သေခံ (က) စာချုုပ်ချုပ်ဆိုသောအခါ အိမ်ခန်းငှားရမ်းခြင်းကို အိမ်ရှင်အားပြန်လည်ပေးအပ်လိုက်ရာရောက်သဖြင့် ပစ္စည်း လွဲှပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၁၁ (စ) အရ အိမ်ငှားရမ်းခြင်းမှာ ရပ်စဲသွားသည်ဟု ကောက်ယူရာ ဦးသိန်းနွဲ့တို့သည် ဒေါ်ကြည်ကြည်အပေါ် အခွင့် အမိန့် အရ နေထိုင်သူအဖြစ် ဖယ်ရှားခွင့်ရှိသည်ဟု ဆုံးဖြတ်သည်။
အိမ်ရှင်နှင့် အိမ်ငှား နှစ်ဦးသဘောတူ ကေကျေျနပ်နပ်ဖြစ် အခမဲ့ခွင့်ပြုချက် ဖြင့်ထားသူက ထား၊ နေသူကနေ သည့် ပဋိညာဉ်ကို ပွင့်ပွင့် လင်းလင်းပြုလုပ်ကြသည့် အချိန်မှစ၍ အိမ်ရှင်းအိမ်ငှားအဖြစ် ရပ်စဲပြီး အခမဲ့ ခွင့်ပြုချက်အရ နေသူအဖြစ်သို့ ပြောင်းလဲသွားပြီဟာ ယူဆနိုင်ပေသည်။ ပကတိဖြစ်ရပ်အပေါ် အခြေခံသည့် အဆိုပါယူဆချက်သည် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၂ ( ဆ) ၏ ပြဋ္ဌာန်း ချက်ကို ဆန့်ကျင်ရာမရာက်နိုင်ပေ၊ ထို့ကြောင့် ယခုအမှုကိစ္စတွင် အိမ်ရှင် ဒေါ်မြမြသန်းနှင့် ဦးပွန်စကပ်တို့ နှစ်ဦး သဘော တူအခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ရန် ကတိစာချုပ်ချုုပ်ဆိုသည့် အချိန်မှစ၍ ဦးပွန်စကပ်သည် ဒေါ်မြမြသန်း ၏ အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူအဖြစ်သို့ ပြောင်းလဲသွားပေသည်။
ထို့ကြောင့် ယခုအယူခံမှုအား ရုံးအဆင့်ဆင့် ကုန်ကျစရိတ်နှင့် တကွခွင့်ပြုလိုက်။ တရားရုံးချုုပ် ၁၉၉၀ပြည့်နှစ် ၊ တရားမပထမ အယူခံမှုအမှတ်- ၁၃၉ ၏ အမိန့်နှင့် စွဲဆိုသည့် အတိုင်း အနိုင်ဒီကရီ ချမှတ်ပေးသည့် ရန်ကုန် တိုင်း တရားရုံး၏၁၉၈၉ ခုနှစ်၊ တရားမမှုအမှတ်-၃ ၏ အမိန့်နှင့် ဒီကရီကို ပြန်လည်အတည်ပြုလိုက်သည်။ ((ဒေါ်မြမြသန်း နှင့် ဦးပွန်စကပ် ၊ ၁၉၉၂၊ မတစ၊ စာ ၁၀၀)
သို့ဖြစ်၍ အထက်ပါ ဥပဒေမူ သဘောတရား ပြောင်းလဲသွားမှုကြောင့် ယခင်က အိမ်ငှားအဖြစ်မှ အခမဲ့ အခွင့် အမိန့်အရ နေထိုင်သူအဖြစ်သို့ မပြောင်းလဲနိုင်သော်လည်း ယခုအခါတွင် အိမ်ငှားအဖြစ်မှ အခမဲ့အခွင့်အမိန့် အရ နေထိုင်သူ အဖြစ်သို့ ပြောင်းလဲသွားသည့် သဘောကို တွေ့ရပေသည်။
( ဦးပိုအေး- တရားလွှတ်တော်ရှေ့နေ ၊ ပြောင်းလဲလာသော ဥပဒေမူသဘောတရားများ၊ စာ- ၆၇၊၆၈၊၆၉ ) ။ ဓာတ်ပုံ - အင်တာနက် ။
#DVBlawlab #DVBtvnews #အခမဲ့နေထိုင်ခွင့်
(Zawgyi)
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွား
============================
ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန်းဖေ၏ အိမ်ငှားအဖြစ်နေထိုင်ရာ နောက် ပိုင်း တွင် ဦးချစ်တီးတို့က အိမ်လခများပေးရန် ပျက်ကွက်သဖြင့် ရပ်ကွက်ပြည်သူ့ကောင်စီတွင် ညှိနှိုင်းကြသော အခါ ဦးချစ်တီးက ဦးအုန်းဖေ နေအိမ်တွင် ၂ နှစ်အတွင်း ပြောင်းရွှေ့ပေးရန်နှင် အိမ်ရှင် ဦးအုန်းဖေက ဦးချစ်တီး ထံမှ ၂ နှစ်အတွက် လခများမယူရန် နှစ်ဦးနှစ်ဖက်သဘောတူညီကြသည်။ ထိုသဘောတူညီချက်အရ အိမ်ငှား ဦးချစ်တီးသည် အချင်းဖြစ်အိမ်တွင် အခမဲ့ဆက်လက်နေထိုင်သွားရာ (၂) နှစ်ပြည့်ပြီးနောက် ဦးချစ်တီးက အိမ်မှ ဖယ်ရှားပေးခြင်း မပြုသဖြင့် ဦးအုန်းဖေက ဦးချစ်တီးအပေါ်အခွင့်အမိန့်အရ နေထိုင်သူများအဖြစ် နှင်လိုမှုစွဲ သည်။ ဗဟိုတရားရုံးက ဦးချစ်တီးနှင့် ဦးအုန်းဖေတို့ ချုပ်ဆိုသော သဘောတူညီချက်သည် အိမ်ရှင် အိမ်ငှား အဖြစ် ဆက်သွယ်မှုကို သဘောတူဖျက်သိမ်းခြင်း ဖြစ်ကြောင်း ထိုဆက်သွယ်မှုမှာ ပစ္စည်းလွှဲပြောင်းရေး အက် ဥပဒေ ပုဒ်မ ၁၁၁ (ခ) အရ ရပ်စဲပြီးဖြစ်ကြောင်း အမှုစွဲဆိုအချိန်တွင် ဦးချစ်တီးနှင့် ဦးအုန်းဖေတို့သည် အိမ်ရှင် အိမ်ငှားမဟုတ်တော့ဘဲ ဦးချစ်တီးသည် အခမဲ့ခွင်ပြုချက်အရ နေထိုင်သူဖြစ်ကြောင်း စသဖြင့် ဆုံးဖြတ်၍ ဦးအုန်းဖေကို အနိုင်ပေးသည်။
ဦးသိန်းနွဲ့နှင့်ဒေါ်ကြည်ကြည် ၁၉၈၀ ပြည့်နှစ် တရားမ ပထမအယူခံမှုအမှတ်-၂၃ အမှုတွင် ဒေါ်ကြည်ကြည်၏် ခင်ပွန်းဆိုသူဦးကြီးသွင်သည် ဦးသိန်းနွဲ့ အိမ်ငှားအဖြစ်နေထိုင်လာရာမှ သေဆုံးပြီးနောက်ဒေါ်ကြည်ကြည်က ဦးသိန်းနွဲ့ခွင့်ပြုချက်အရ ဆက်လက်နေမည် ဖြစ်ကြောင်း၊ အချိန်မရွေးဖယ်ရှားပေးမည် ဖြစ်ကြောင်းကတိစာချုပ် ချုပ်ဆိုသည်။ နောက်ပိုင်းတွင် ဒေါ်ကြည်ကြည်က အိမ်ခန်းမှ ဆင်းမပေး၍ ဦးသိန်းနွဲ့တို့က ဒေါ်ကြည်ကြည် အပေါ် အခွင့်အမိန့်အရ နေထိုင်သူအဖြစ် နှင်လိုမှုစွဲရာ ဒေါ်ကြည်ကြည်ဘက်မှ ဦးသိန်းနွဲ့၏ အိမ်ငှားဖြစ် ကြောင်း တင်ပြသည်။ ဗဟိုတရားရုံးက ဒေါ်ကြည်ကြည်သည် ဦးကြီးသွင် ဇနီးဖြစ်၍ ဦးကြီးသွင် ကွယ်လွန်သော အခါ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂ (ခ) အရ အိမ်ငှားအဖြစ်သို့ ရောက် ရှိသည့်တိုင်အောင် (၂-၁၁-၆၂) နေ့တွင် သက်သေခံ (က) စာချုပ်ချုပ်ဆိုသောအခါ အိမ်ခန်းငှားရမ်းခြင်းကို အိမ်ရှင်အားပြန်လည်ပေးအပ်လိုက်ရာရောက်သဖြင့် ပစ္စည်း လွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၁၁ (စ) အရ အိမ်ငှားရမ်းခြင်းမှာ ရပ်စဲသွားသည်ဟု ကောက်ယူရာ ဦးသိန်းနွဲ့တို့သည် ဒေါ်ကြည်ကြည်အပေါ် အခွင့် အမိန့် အရ နေထိုင်သူအဖြစ် ဖယ်ရှားခွင့်ရှိသည်ဟု ဆုံးဖြတ်သည်။
အိမ်ရှင်နှင့် အိမ်ငှား နှစ်ဦးသဘောတူ ကေကျေနပ်နပ်ဖြစ် အခမဲ့ခွင့်ပြုချက် ဖြင့်ထားသူက ထား၊ နေသူကနေ သည့် ပဋိညာဉ်ကို ပွင့်ပွင့် လင်းလင်းပြုလုပ်ကြသည့် အချိန်မှစ၍ အိမ်ရှင်းအိမ်ငှားအဖြစ် ရပ်စဲပြီး အခမဲ့ ခွင့်ပြုချက်အရ နေသူအဖြစ်သို့ ပြောင်းလဲသွားပြီဟာ ယူဆနိုင်ပေသည်။ ပကတိဖြစ်ရပ်အပေါ် အခြေခံသည့် အဆိုပါယူဆချက်သည် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၂ ( ဆ) ၏ ပြဋ္ဌာန်း ချက်ကို ဆန့်ကျင်ရာမရာက်နိုင်ပေ၊ ထို့ကြောင့် ယခုအမှုကိစ္စတွင် အိမ်ရှင် ဒေါ်မြမြသန်းနှင့် ဦးပွန်စကပ်တို့ နှစ်ဦး သဘော တူအခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ရန် ကတိစာချုပ်ချုပ်ဆိုသည့် အချိန်မှစ၍ ဦးပွန်စကပ်သည် ဒေါ်မြမြသန်း ၏ အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူအဖြစ်သို့ ပြောင်းလဲသွားပေသည်။
ထို့ကြောင့် ယခုအယူခံမှုအား ရုံးအဆင့်ဆင့် ကုန်ကျစရိတ်နှင့် တကွခွင့်ပြုလိုက်။ တရားရုံးချုပ် ၁၉၉၀ပြည့်နှစ် ၊ တရားမပထမ အယူခံမှုအမှတ်- ၁၃၉ ၏ အမိန့်နှင့် စွဲဆိုသည့် အတိုင်း အနိုင်ဒီကရီ ချမှတ်ပေးသည့် ရန်ကုန် တိုင်း တရားရုံး၏၁၉၈၉ ခုနှစ်၊ တရားမမှုအမှတ်-၃ ၏ အမိန့်နှင့် ဒီကရီကို ပြန်လည်အတည်ပြုလိုက်သည်။ ((ဒေါ်မြမြသန်း နှင့် ဦးပွန်စကပ် ၊ ၁၉၉၂၊ မတစ၊ စာ ၁၀၀)
သို့ဖြစ်၍ အထက်ပါ ဥပဒေမူ သဘောတရား ပြောင်းလဲသွားမှုကြောင့် ယခင်က အိမ်ငှားအဖြစ်မှ အခမဲ့ အခွင့် အမိန့်အရ နေထိုင်သူအဖြစ်သို့ မပြောင်းလဲနိုင်သော်လည်း ယခုအခါတွင် အိမ်ငှားအဖြစ်မှ အခမဲ့အခွင့်အမိန့် အရ နေထိုင်သူ အဖြစ်သို့ ပြောင်းလဲသွားသည့် သဘောကို တွေ့ရပေသည်။
( ဦးပိုအေး- တရားလွှတ်တော်ရှေ့နေ ၊ ပြောင်းလဲလာသော ဥပဒေမူသဘောတရားများ၊ စာ- ၆၇၊၆၈၊၆၉ ) ။ ဓာတ်ပုံ - အင်တာနက် ။
 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်...

အိမ်၊ခြံ၊မြေ အပြီးအပိုင် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချရာတွင် လွှဲပြောင်းရောင်းချပေးသူ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ

အိမ်၊ခြံ၊မြေ အပြီးအပိုင် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချရာတွင် လွှဲပြောင်းရောင်းချပေးသူ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ

အိမ်၊ခြံ၊မြေ အပြီးအပိုင် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချရာတွင် လွှဲပြောင်းရောင်းချပေးသူ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ=================================၁။ လွှဲပြောင်းရောင်းချပေးမည့် အိမ်နှင့်မြေသို့မဟုတ် မြေကွက်ဖြစ်ပါက ပ...

ဆရာ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ မြေရှင် လက်မှတ်ထိုးဖို့လိုတယ်ဆိုတဲ့ ဥပဒေ မရှိဘူးလို့သိရပါတယ်။

ဆရာ တိုက်ခန်းဝယ်ယူတဲ့နေရာမှာမြေရှင် လက်မှတ်ထိုးဖို့လိုတယ်ဆိုတဲ့ဥပဒေ မရှိဘူးလို့သိရပါတယ်။တကယ်လို့မြေရှင်လက်မှတ်မထိုးပဲဝယ်ယူရင် မိမိအတွက် ဘာတွေဆိုးကျိုးရှိနိုင်ပါသလဲ သိပါရစေ။(စျေးကွက်သတင်းစာကဆောင်းပါးတစ်ခုနဲ့ဖြေပေးလိုက်ပါမယ်)တိုက်ခန်း၊ ကွန်ဒို ဝယ်ယူ မှ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate