မေး။ ဒါဘာအဓိပ္ပာယ်ကို ဆိုလိုတာလဲခင်ဗျ ဖယ်ရှားပေးဖို့ဆိုတာက လယ်မြေပေါ်မှာရှိတဲ့အဆောက်အဦး တွေကိုလား ဒါအပြင် လယ်ပိုင်ရှင်ကိုပါ ဖယ်ရှားပြီး အစိုးရပိုင်အဖြစ် သိမ်းမယ်လို့ဆိုလိုတာလား ဘယ်လို ပစ်ဒဏ်တွေ ကျရောက်နိုင်လဲ ခင်ဗျ ကျေးဇူးပြု၍ ဖြေပေးပါ။

မေး။
ဒါဘာအဓိပ္ပာယ်ကို ဆိုလိုတာလဲခင်ဗျ ဖယ်ရှားပေးဖို့ ဆိုတာက လယ်မြေပေါ်မှာရှိတဲ့ အဆောက်အဦး တွေကိုလား ဒါအပြင် လယ်ပိုင်ရှင်ကိုပါ ဖယ်ရှားပြီး အစိုးရပိုင်အဖြစ် သိမ်းမယ်လို့ ဆိုလိုတာလား ဘယ်လို ပစ်ဒဏ်တွေ ကျရောက်နိုင်လဲ ခင်ဗျ ကျေးဇူးပြု၍ ဖြေပေးပါ။
ဖြေ။
၁၂ ။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် -
( က ) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။
( ခ ) လယ်ယာမြေနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက စည်းကြပ်သော မြေခွန်နှင့် အခြားအခွန်အခများကို ပေး
ဆောင်ရမည်။
( ဂ ) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို
ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခ တို့ကို
ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာန ရုံးတွင် မှတ်ပုံတင်ရမည်။
( ဃ ) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်
ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင် ရမည်။
( င ) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့် ရှိပြီး အစိုးရဘဏ်
သို့မဟုတ် အစိုးရက အသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံရမည်။
( စ ) သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က တရားဝင် ချထားခြင်းမရှိဘဲ ကျူးကျော် လုပ်ကိုင်ခြင်း မပြုရ။
( ဆ ) လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရ။
( ဇ ) လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက် မရှိဘဲ ပြောင်းလဲ စိုက်ပျိုး ခြင်းမပြုရ။
( စျ ) ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်း မပြုရ။
( ည ) လယ်ယာမြေ လုပ်ပိုင်ခွင့် မရမီ ကာလအတွင်း သို့မဟုတ် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်နေသော ကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။
၁၃ ။ ဤဥပဒေအာဏာ တည်ပြီးသည့်နောက် လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီး ဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရားဝင် ဖြေရှင်းဆောင်ရွက်နိုင်ခွင့် ရှိသည်။
၁၄ ။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့် အားလုံးကို ဖြစ်စေ ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက် မရရှိဘဲ မည်သည့်နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သည့် အဖွဲ့အစည်းကိုမျှ ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။
အပြစ်ဒဏ်များ
၁၉ ။ ဤဥပဒေ ပုဒ်မ ၁၂ ပါ စည်းကမ်းချက် အားလုံးကို ဖြစ်စေ ၊ စည်းကမ်းချက် တစ်ခုခုကို ဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် ဝန်ကြီးဌာနက ဤကိစ္စ အလို့ငှာ ခန့်အပ်သည့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ် ကိုဖြစ်စေ၊ တစ်ရပ်ထက် ပို၍ ဖြစ်စေ ချမှတ် နိုင်သည် -
( က ) သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင် စေခြင်း ၊
( ခ ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း ၊
( ဂ ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း ၊
( ဃ ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။
၂ဝ ။ ပုဒ်မ ၁၉ ပါ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ယင်းပုဒ်မအရ ချမှတ်သောအမိန့်ကို လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူက လိုက်နာ ခြင်းမရှိလျှင် ယင်းအမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက သက်ဆိုင်ရာ တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲဆိုနိုင်သည်။
၂၁ ။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် ဝန်ကြီးဌာနက စည်းကြပ်ကောက်ခံသည့် အခွန်အခများကို ပေးဆောင်ရန် ပျက်ကွက်လျှင် တည်ဆဲဥပဒေများနှင့်အညီ ထိုအခွန်အခများကို မြေခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့ ကောက်ခံခြင်း ခံရမည်။
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...