ကျွန်မတို့ မြန်မာပြည်ပြန်ရင် တစ်လင် တစ်မယားဥပဒေနဲ့ တရားစွဲခံရနိုင်ပါသလား ၊ ဘယ်အချိန်ကျမှပြန်ရင် တရားစွဲတာလွတ်ကင်းမလဲ ဆိုတာကို သိပါရစေရှင် ။

ဆရာရှင့် ။ ကျွန်မတို့က ထိုင်းမှာ အလုပ်လုပ်နေရင်းနဲ့ ယူလိုက်ကြတာပါ ။ သူနဲ့ယူပြီးမှ ပြည်တွင်းမှာ အိမ်ထောင်ရှိကြောင်း သိရပါတယ် ကျွန်မလည်း မထူးဇတ် ခင်းပြီး ဒီအတိုင်းပဲ နေလိုက်တာ ကလေးတစ်ယောက် ရနေပါပြီ ။ ဒီမှာ အိမ်ထောင်ကျနေတယ် ဆို တာကို သိသွားတဲ့ သူ့ဇနီးက မြန်မာပြည်ပြန်လာရင် တစ်လင်တစ် မယားဥပဒေနဲ့ တရားစွဲမယ်လို့ ဖုန်းထဲကတဆင့် ပြောဆို လာပါတယ် ။ ကျွန်မတို့ မြန်မာပြည်ပြန်ရင် တစ်လင် တစ်မယားဥပဒေနဲ့ တရားစွဲခံရနိုင်ပါသလား ၊ ဘယ်အချိန်ကျမှ ပြန်ရင် တရားစွဲတာ လွတ်ကင်းမလဲ ဆိုတာကို သိပါရစေရှင် ။
========================
အမှန်ကတော့ သူကတော့ သူခင်ပွန်းသည်က နောက်အိမ်ထောင်ထူတဲ့ သဘော ဖြစ်သွားတာပေါ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဇနီးမယားရှိပါလျက်နဲ့ တစ်ခြားပြည်ပမှာ နောက်အိမ်ထောင် ထူတာကိုး ။ နောက်အိမ်ထောင် ထူတော့ တစ် လင် တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ အရေးယူရမှာက ဒီအမျိုးသား က အရေးယူခံရမှာ ။ အမျိုးသမီးက အရေးယူခံရမှာ မဟုတ်ဘူး။
အဲ့တော့ ပြန်လာလို့ရှိရင်တော့ ဟိုဇနီးက နေပြီးတော့ စွဲမယ်ဆိုလို့ရှိရင် သူ့အမျိုးသားကို စွဲမှာပဲ ။ အမျိုးသမီးကိုတော့ စွဲလို့ရမှာမဟုတ်ဘူး ။ ဒါပေမဲ့ ဘယ်အချိန် ပြန်လာရင် ဒီဥစ္စာ လွှတ်မှာလဲ ဆိုတာကျတော့ ဒီဥစ္စာ ပြောလို့မရဘူးလေကွယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရာဇဝတ်မှုဆိုတာက ကာလ စည်းကမ်းသတ် မရှိဘူး သူစွဲချင်တဲ့ အချိန်စွဲ ၊ သူပြန်ချင်တဲ့ အချိန်မှ ဟိုကလည်း စွဲချင်စွဲမှာပေါ့ ။ ဒါကြောင့်မို့ သူကတော့ ဥပဒေအရတော့ ရင်ဆိုင်ရမှာပေါ့ ။ အဲ့ဒီလိုပဲ ဖြေရပါလိမ့်မယ်။
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...