ကိတ္တိမ မွေးစား စာချုပ်ချုပ် ဆိုမယ် ဆိုလျှင် မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ သားသမီး မွေးစားခြင်း သုံးမျိုး ရှိပါတယ် ။

ကိတ္တိမ မွေးစား စာချုပ်ချုပ် ဆိုမယ် ဆိုလျှင် မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ သားသမီး မွေးစားခြင်း သုံးမျိုး ရှိပါတယ် ။
( ၁ ) ။ ကိတ္တိမ
( ၂ ) ။ အပတိဌ
( ၃ ) ။ ဆာတဘတ္ထ
ကိတ္တိမ ဆိုတာ အမွေခံ သားအဖြစ် အထင်အရှား မွေးတဲ့ သားလို့ ရှေးဟောင်း ဓမ္မသတ် တွေမှာ ဖော်ပြ ထားပါတယ် ။ ၁၉၄၁ ခုနှစ် ၊ ဧပြီလ ( ၁ ) ရက်နေ့ မတိုင်မီက စာချုပ် မချုပ်ဘဲ ကိတ္တိမ သားသမီး မွေးစားခြင်း အက်ဥပဒေ အရ ၁၉၄၁ ခုနှစ် ၊ ဧပြီလ ( ၁ ) ရက်နေ့နောက်ပိုင်း မွေးစားတဲ့ ကိတ္တိမ သားတွေကို မှတ်ပုံတင် စာချုပ်ချုပ် ပြီးမှ မွေးရ ပါမယ် ။ ဒါမှ တရား၀င် မှာ ဖြစ်ပါတယ် ။
အကယ်၍ စာချုပ်မချုပ် ဘဲ မွေးစားရင် ဖြစ်ဖြစ် ၊ မွေးစား စာချုပ် ချုပ် ပေမယ့် မှတ်ပုံ မတင်ထားရင် ဖြစ်ဖြစ် ကိတ္တိမ အခွင့်အရေးရမှာ မဟုတ်ပါဘူး ။ အပတိဌ အခွင့်အရေး သာရမှာ ဖြစ်ပါတယ် ။
ကိတ္တိမ သားသမီး နှင့် သားသမီး အရင်း ကွာခြားမှု
( က ) ကိတ္တိမ မွေးစား သားသမီး တွေဟာ ဘယ် အကြောင်း နဲ့မှ သြရသ အဖြစ် မရနိုင်ပါ ။
( ခ ) မွေးစားတဲ့ မိဘတွေ အနေနဲ့ ဗုဒ္ဓဘာသာကို စွန့်ပြီး ခရစ်ယာန် ဘာသာ ( ဒါမှမဟုတ် ) သားသမီး မွေးစား တာကိုအသိအမှတ် မပြုတဲ့ အခြား ဘာသာကို ကူးပြောင်းရင် ကိတ္တိမ မွေးစား သားသမီး တွေရဲ့ အမွေ ခံစားခွင့် ဆုံးရှုံး ပါမယ် ။
( ဂ ) မွေးစားတဲ့ မိဘ တွေဟာ သူတို့ရဲ့ မိဘထံမှ အမွေ ဆက်ခံခွင့် ရှိပေမယ့် ပစ္စည်း လက်ရောက် မရသေး မီ သေဆုံးရင် ကိတ္တိမ သားသမီး တွေဟာ အမွေ ပစ္စည်းရဲ့ တစ်၀က်ကို သာရ ခွင့်ရှိပါတယ် ။ ကျန်တစ်၀တ် ကိုတော့ မွေးစား မိဘတွေရဲ့ သားချင်း တွေက ရပါတယ်။
ကိတ္တိမ သားသမီး အဖြစ်မှ ပယ်ဖျက်ခြင်း
ကိတ္တိမ အဖြစ် မွေးစား ထားပြီး ဖြစ်တဲ့ မွေးစားမိဘ တွေအနေ နဲ့ မွေးစား ခြင်းကို သူတို့ရဲ့ ဆန္ဒတစ်ခု တည်းနဲ့ မပယ် ဖျက်နိုင်ပါ ။မွေးစား သားသမီးရဲ့ သဘောတူညီ ချက်မရဘဲ မွေးစားခြင်း ကို မပယ်ဖျက်နိုင် ဆိုတဲ့ သဘောပါ ။
မွေးစားသား ရဟန်း ဘောင်၀င် သွားရင် မွေးစားခြင်း ပျက်ပြယ် ပါတယ် ။ ရဟန်းပြုသူ လူထွက်မှ ထပ်မံ မွေးစား နိုင်ပါတယ် ။ထပ်မံ မွေးစား တာမျိုး မလုပ်ရင် မွေးစား သားသမီး အဖြစ်ပြန် မရပါ ။
မိရင်း ဘရင်း တွေအနေ နဲ့ မွေးစားတဲ့ ကလေး အရွယ် မရောက်မီ ပြန်ခေါ် ယူခွင့် ရှိပါတယ် ။ မွေးစားတဲ့ မိဘတွေ အနေနဲ့မွေးစားတဲ့ သားသမီးရဲ့ မိရင်း ဖရင်း နည်းတူ သူတစ်ပါးကို မွေးစားဖို့ ထပ်ဆင့် ပေးနိုင် ပါတယ် ။
ကိတ္တိမ မွေးစား စာချုပ်ဆိုင်ရာ မှတ်စု
၁ ။ အသက် ၁၈ နှစ် ပြည့်ပြီး သူတွေ ကသာ မွေးစား နိုင်ပါတယ် ။
၂ ။ မွေးစားသူ အိမ်ထောင်ရှိ သူဖြစ်လျှင် အိမ်ထောင်ဘက် ၏ သဘော တူညီမှု လိုအပ် ပါတယ် ။
၃ ။ မွေးစား ခြင်းခံ ရတဲ့ သူဟာ အရွယ်မရောက် သေးသူ ဖြစ်လျှင် သူ့ရဲ့ မိဘတွေ ဒါမှမဟုတ် အုပ်ထိန်း သူတွေက သဘောတူတဲ့အကြောင်း ပါ၀င် လက်မှတ် ရေးထိုး ပေးရ ပါမယ် ။
၄ ။ မွေးစားခြင်း ခံရသူ အရွယ်ရောက်ပြီး ဖြစ်လျှင် မွေးစားတာကို လက်ခံ သဘောတူတဲ့ အကြောင်း ကိုယ်တိုင် ပါ၀င် လက်မှတ် ရေးထိုး ရပါမယ် ။
၅ ။ မွေးစား တဲ့သူနဲ့ မွေးစားခြင်း ခံရသူ တွေဟာ ဗုဒ္ဓဘာသာ၀င် တွေ ဖြစ်ဖို့ လိုအပ် ပါတယ် ။
၆ ။ မွေးစားခြင်း မှာအမွေစား အမွေခံ အဖြစ် မွေးစား ကြောင်းပေါ်လွင် ဖို့ လိုပါတယ် ။
၇ ။ မွေးစား စာချုပ်ကို တံဆိပ်တော် ခေါင်း အက်ဥပဒေ ဇယား ( ၁ ) အပိုဒ် ( ၃ ) အရ ချုပ်ဆို ရပါမယ် ။
၈ ။ စာချုပ်ကို ရေစစ္စရီ မှတ်ပုံ တင်ပြု လုပ်ရ ပါမယ် ။
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...