ကျွန်တော်က တပ်က သိမ်းထားပြီး ပိုင်ရှင်ထဲ ပြန်လွှဲတဲ့ မြေကွက်ကို ဝယ်ထား မိသူပါ ။ မြေက တိုးချဲ့ မြေပါ ။ ဝယ်တုန်းက ပိုင်ဆိုင်မှု အထောက် အထားတွေ မရခဲ့ ပါဘူး ။ သက်ဆိုင်ရာ ကျေးရွာက အသိ သက်သေ တွေနဲ့ ဝယ်ခဲ့ တာပါ ။ ပုံစံ ၁၀၅ လျှောက်လို့ ရပါသလား ။ ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လိုလုပ် ရမလဲ ဆိုတာကို သိပါ ရစေ။

ကျွန်တော်က တပ်က သိမ်းထားပြီး ပိုင်ရှင်ထဲ ပြန်လွှဲတဲ့ မြေကွက်ကို ဝယ်ထား မိသူပါ ။ မြေက တိုးချဲ့ မြေပါ ။ ဝယ်တုန်းက ပိုင်ဆိုင်မှု အထောက် အထားတွေ မရခဲ့ပါဘူး ။ သက်ဆိုင်ရာ ကျေးရွာက အသိသက်သေ တွေနဲ့ ဝယ်ခဲ့ တာပါ ။ ပုံစံ ၁၀၅ လျှောက်လို့ ရပါသလား ။ ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သိပါရစေ ။
====================
မေးခွန်းတွင် ပြည့်စုံမှု မရှိသဖြင့် တိုက်ရိုက် ဖြေရန် ခက်ခဲ သော်လည်း ၊ စိတ်ဝင် စားဖွယ် မေးခွန်း တစ်ရပ် ဖြစ်ပါ သည် ။ ရှေးဦးစွာ တပ်က သိမ်းထားပြီး ပိုင်ရှင်ထံ ပြန်လည် လွှဲပြောင်း ပေးထား သည့် မြေကွက် ဖြစ်ပြီး ၊ မြို့မြေ တိုးချဲ့ ထားသည့် မြေကွက်ဟု ဆိုသည့် အပေါ် လေ့လာ ဖြေကြား ရမည် ဆိုပါက ယင်းသို့ မြို့မြေ တိုးချဲ့ သည့် မြေများ သည် ထိုစဉ်ကာလ ၁၉၅၃ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ အရ လ / န ၃၉ ဟု ခေါ်သည့် လယ်ယာ မြေကို အခြားနည်း သုံးစွဲခွင့် ခွင့်ပြုချက် ကျထားပြီး ဖြစ်ရန် လိုပါမည် ။ သို့မှသာ ဥပဒေ နှင့် ညီသော မြို့မြေ ဖြစ် ပါမည် ။
ဝယ်ယူ စဉ်က ပိုင်ဆိုင်မှု အထောက်အထား မရရှိဘဲ ၊ အသိ သက်သေများ ရှေ့တွင် ဝယ်ယူ ခဲ့သည် ဆိုခြင်းတွင် စာချုပ်စာတမ်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည် ဆိုခြင်းအတွက် ရောင်းချသူ ပိုင်ဆိုင်ကြောင်း မည်သို့ ယုံကြည် ဝယ်ယူခဲ့သည့် ဟူသည့် အချက်သည် အရေးပါလာပါသည်။ ရောင်းချသူ ပိုင်ကြောင်း ခိုင်မာမှသာ ဝယ်ယူမှု တရားဝင်ပါမည်။
ယင်းမြေအတွက် မြေစာရင်းပုံစ ၁၀၅ လျှောက်ထားမည် ဆိုပါက ၊ အဆိုပါ မြေကို မြေစာရင်း ဌာန အနေဖြင့် တိုင်းတာမှတ်သာထားသည့် မြို့မြေ မြေပုံ ရှိထား ရပါမည် ။ အကြောင်းမှာ မြေစာ ရင်းပုံစံ ၁၀၅ ဟူသည် မြေစာရင်း ဌာနက တိုင်းတာ ရေးဆွဲ ထားသည့် မြေပုံ မှ မိတ္တူ ရေးကူး ထုတ်ပေးသည့် မြေပုံ ဖြစ်ပါသည်။ ပိုင်ဆိုင်မှု ခိုင်မာရေး အတွက် မြေစာရင်းပုံစံ ၁၀၅ ပူးတွဲ၍ မြေငှားဂရန် လျှောက်ထား ရပါမည်။ မြေငှားဂရန် မရ ရှိပါက ပိုင်ဆိုင်မှု မခိုင်မာကြောင်း ဖြေကြား လိုက်ရပါသည် ။
#DVBlawlab #DVBtvnews #ပုံစံ၁၀၅
#Crd to owner
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...