ကျွန်တော်က စည်ပင် ဂရန်မြေ ကွက်ကို ရှေ့နေ တစ်ဦးနဲ့ တိုင်ပင်ပြီး ဝယ်ယူခဲ့ ပါတယ် ။

ကျွန်တော်က စည်ပင် ဂရန် မြေကွက်ကို ရှေ့နေတစ်ဦး နဲ့ တိုင်ပင်ပြီး ဝယ်ယူ ခဲ့ပါတယ် ။ ဒါပေမဲ့ ရောင်းတဲ့သူ ကပါမစ် ပျောက်နေတယ် ပြောလို့ ပါမစ် မပါခဲ့ ပါဘူး ။ ဝယ်စဉ်က သတင်းစာထဲမှာ ကြေညာပြီး ပါဝါ လွှဲထား ပါ တယ်။ နောင် တစ်ချိန်မှာ ပါမစ်မူရင်း ကောက်ရ ထားသူက ပြဿနာရှာ နိုင်သလား ၊ ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သိလိုပါတယ် ။
==========================
မေးခွန်း ရှင်က စည်ပင် ဂရန်မြေ ဟု စတင် ထားသော်လည်း ၊ ဆက်လက် ပြောကြား ချက်များ အရ ဂရန်မြေ ကို မဟုတ်ဘဲ ပါမစ်မြေ ကို ဝယ်ယူ ထားခြင်း ဖြစ်ကြောင်း လေ့လာ သုံးသပ် မိပါသည် ။ ဝယ်ယူသည် မှာလည်း အရပ်စာချုပ် ဖြင့်သာ ချုပ်ဆို ဝယ်ယူခဲ့သည် ဟု သုံးသပ် ရပါသည် ။ ပိုင်ဆိုင်မှု ခိုင်မာရေး မည်သို့ ဆောင်ရွက် ရမည်ကို မေးသည့် အပေါ် ပါမစ်မြေ ဟူသည့် အတွက် ပါမစ် လက်ဝယ် ရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေ ပိုင်ဆိုင်မှု ခိုင်မာခြင်း မရှိကြောင်း ရှေးဦး ဖြေကြား ရပါသည် ။
ပါမစ်မြေ ဟူသည် သတ်မှတ် ပေးသော အစိုးရမြေ ပေါ်တွင် ကျူးကျော် နေထိုင်ခွင့် အသိအမှတ်ပြု လက်မှတ်မျှသာ ဖြစ်ပါသည် ။ မြေ နှင့် ဆိုင်ရာ ဥပဒေ များအရ ပိုင်ဆိုင်မှု ခိုင်မာ စေရန် အတွက် ပါမစ်မြေကို ဝယ်ယူ ထားသည့် စာချုပ် ၊ သတင်းစာပါ ကြေညာချက် ၊ ပါမစ် လက်ဝယ် မရရှိကြောင်း ကျမ်းကျိန် ဆိုချက် တို့နှင့်အတူ မြေငှားဂရန် ကို မိမိ အမည်ပေါက် ရရှိရေး လျှောက်ထား စေလို ပါသည် ။ မြေငှားဂရန် ရရှိမှသာ ပိုင်ဆိုင်မှု ခိုင်မာ မည် ဖြစ်ပါသည် ။
# DVBlawlab # DVBtvnews # ပါမစ်မြေ # မြေငှားဂရန်
# Crd to owner
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...