*** ဘဏ်ချေး ငွေ လျှောက်ထား ဖို့ ဘာတွေ ပြင်ဆင် ထားရမလဲ ***
*** ဘဏ် ချေးငွေ လျှောက်ထား ဖို့ ဘာတွေ ပြင်ဆင် ထားရမလဲ ***
• ဘဏ် ချေးငွေ လျှောက်ထား မယ်ဆိုရင် ယေဘုယျ အားဖြင့် အပေါင် ပစ္စည်း ( ဝါ ) အာမခံ ပစ္စည်း တင်ပြ ရပါမယ် ။ တနည်းအားဖြင့် မရွှေ့ မပြောင်း နိုင်သော အာမခံ ပစ္စည်း ပိုင်ဆိုင်မှု စာချုပ်များ ၊ အထောက်အထား များကို တင်ပြရ ပြီး ငွေချေး ယူမည့် သူ၏ အမည်ပေါက် မြေ နှင့် အဆောက်အအုံများ ဖြစ်ရ ပါမယ် ။
• မြေ ပိုင်ဆိုင်မှု အတွက် အောက်ပါ စာချုပ် နှင့် အထောက်အထား ( မူရင်း ) များ လက်၀ယ် ရှိရန် လိုအပ် ပါတယ် -
( က ) မြေငှား ဂရန်စာချုပ်
( ခ ) မှတ်ပုံတင်ပြီး မြေ နှင့် အဆောက်အအုံ အရောင်း အ၀ယ် စာချုပ်
( သို့ ) မှတ်ပုံတင်ပြီး အမွေ ဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာလွှာ
( သို့ ) မှတ်ပုံတင်ပြီး မေတ္တာဖြင့် အပိုင် ပေးကမ်းခြင်း စာချုပ်
( သို့ ) မှတ်ပုံတင်ပြီး ပိုင်ဆိုင်မှုကို စွန့်လွှတ် / လက်ခံခြင်း စာချုပ် စသည် ----
• " ဘဏ်မှ ငွေချေးရန် " အကြောင်း ပြချက်ဖြင့် လက်ရှိ ကာလ အတွက် သက်ဆိုင်ရာ မြေယာဌာန ( သို့မဟုတ် ) မြေစာရင်း ရုံးမှထုတ်ပေးသည့် မြေပုံ မြေရာဇ၀င် မှတ်တမ်းကို တင်ပြ ရမည် ဖြစ်ပြီး ပိုင်ဆိုင်မှု လက်၀ယ် ရှိကြောင်း နှင့် အရှုပ်အရှင်း ကင်းရှင်းကြောင်း ဘဏ်ဥပဒေ အကျိုးဆောင် ၏ စိစစ် တင်ပြချက် လို အပ်ပါမယ် ။***
အိမ်ခြံ မြေ နှင့် အခြားအရေးကြီး စာချုပ်များ
• အကယ်၍ သက်ရှိ ထင်ရှား မိဘများ အမည်ပေါက် ပိုင်ဆိုင်သည့် မြေ နှင့် အဆောက်အအုံများ ဖြစ်ပါက ငွေချေး ယူမည့် သား ၊ သမီးအား မှတ်ပုံတင် ကိုယ်စားလှယ် လွှဲစာ နှင့် အတူ ငွေချေး ယူမည့် သူ၏ ကျမ်းကျိန်လွှာ တို့ကို ဘဏ်သို့ တင်ပြ ရပါမည် ။ ထို့အပြင် အဆိုပါ မိဘများ၏ အမွေ ဆက်ခံခွင့် အကျုံး၀င်သော ကျန်သားသမီးများ ( ရှိပါက ) ၏ သဘောတူညီကြောင်း ကတိပြု လွှာများ တင်ပြရပါမယ်။
• ငွေချေး ယူမည့် သူ၏ ကိုယ်ရေး အချက်အလက်များ ဖြစ်သော နိုင်ငံသား စိ စစ်ရေးကတ်ပြား နှင့် အိမ်ထောင်စုစာရင်း တို့ကိုလည်း တင်ပြရ ပါမယ် ။ ရပ် ကွက် / ကျေးရွာတွင် အမှန်တကယ် နေထိုင်သူ ဖြစ်ကြောင်း ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ကိုလည်း ဖြည့်စွက် တင်ပြရပါမယ် ။
• ဘဏ်ချေး ငွေရယူပီး ပါကလဲ ပြန်လည် ပေးဆက် နိုင်မည့် အလားအလာ ရှိ / မရှိ ကိုလဲ ငွေချေး ယူမည့် သူ၏ စီးပွားရေး လုပ်ငန်းဆိုင်ရာ အထောက် အထားများ ၊ ငွေကြေး စာရင်းအင်း နဲ့ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်း တင်ပြရပါမယ် ။ ကုမ္ပဏီ လုပ်ငန်းဖြစ်ပါက ကုမ္ပဏီ မှတ်ပုံတင် Form-E , Form-6 , Form-26 တို့ကို တင်ပြ ရပါမယ် ။ သက်တမ်းရှိ လုပ်ငန်း လိုင်စင် နဲ့အတူ အခွန်ထမ်ဆောင် ပြီးသည့် ပြေစာ မှတ်တမ်း ( ၃ )လစာ ဘဏ္ဍရေးစာရင်း စာရွက် စာတမ်း များကိုလည်း တင်ပြ ရပါမယ် ။
• အာမခံ ပစ္စည်းများ ၏ ဓါတ်ပုံများ နှင့် စီးပွားရေး လုပ်ငန်း၏ ဓါတ်ပုံများ ပူးတွဲ တင်ပြ ရပါမည် ဖြစ်ကြောင်း ကြိုတင် စီစဉ်ထားနိုင်ပါရန် တိုက်တွန်း အပ်ပါတယ်
#Crd to owner
Related Posts
ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား
ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင် ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...
ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။
မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...
လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...