“မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ” အသုံးပြုခွင့် လျှောက်ထားနည်း။

“မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ” အသုံးပြုခွင့် လျှောက်ထားနည်း။
မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းတွေရဲ့ လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့် စတာတွေနဲ့ မြေလွတ် မြေလပ် အဖြစ် သတ်မှတ်ထားတဲ့ မြေအမျိုးအစားတွေကတော့ " မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းတွေရဲ့ လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့် ဗဟိုကော်မတီ " က နိုင်ငံအတွင်းရှိ မြေလွတ် ၊ မြေလပ် နဲ့ မြေရိုင်းတွေ ကို စိုက်ပျိုးရေး လုပ်ငန်း ၊ မွေးမြူရေး လုပ်ငန်း ၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်း လုပ်ငန်းနဲ့ အစိုးရက ခွင့်ပြုပေးထားတဲ့ ဥပဒေ နဲ့ ညီညွတ်တဲ့ တခြားလုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်ပါတယ်။
အဆိုပါ မြေနဲ့ ပတ်သက်တဲ့ အသုံးပြုခွင့် ရရှိလိုရင် လျှောက်ထားခွင့် ရှိသူတွေကတော့
( ၁ ) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ ၊
( ၂ ) အစိုးရ ဌာန ၊ အစိုးရ အဖွဲ့အစည်း နဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ ၊
( ၃ ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ ဥပဒေပုဒ်မ ၁၄ နှင့် အညီ
ကင်းလွတ်ခွင့် ပြုထားသူများ ၊
( ၄ ) အစိုးရ ဌာန ၊ အစိုးရ အဖွဲ့အစည်းအရပ်ရပ် နဲ့ အကျိုးတူ ကိစ္စတွေအတွက် ဆောင်ရွက်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေအရ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ၊
( ၅ ) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေနဲ့ အကျိုးတူ ကိစ္စရပ်တွေ အတွက် ဆောင်ရွက်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေအရ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံသူ စတာတွေပဲ ဖြစ်ပါတယ်။
* မြေလွတ် ၊ မြေလပ်အဖြစ် သတ်မှတ်တဲ့မြေတွေ ကတော့ အရင်က သီးစားခံ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ် ထားတဲ့ သီးစားခံယူ လုပ်ကိုင်သူ မရှိတဲ့ စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေး လုပ်ကိုင်နိုင်တဲ့ မြေနဲ့ နိုင်ငံတော်က သီးသန့် သတ်မှတ် ပေးထားတဲ့ မြေတွေ ဖြစ်ပါတယ်။
* မြေရိုင်းကတော့ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုးလုပ်ကိုင်ခဲ့တာ မရှိတဲ့ မြေသစ် ၊ တောရိုင်းမြေ တို့ဖြစ်ပါတယ်။
စိုက်ပျိုးရေး လုပ်ငန်း ၊မွေးမြူရေး လုပ်ငန်း ၊ ဓာတ်သတ္တု ထုတ်လုပ်တာတွေကို အစိုးရက ခွင့်ပြုထားတဲ့ ဥပဒေနဲ့
ညီညွတ်တဲ့ တခြားလုပ်ငန်းလုပ်ဖို့ တရားဝင် ပယ်ဖျက်ထားတဲ့ ကြိုးဝိုင်းသစ်တော စားကျက်မြေနဲ့ အင်းအိုင် မြေတွေ ပါဝင်ပါတယ်။
မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်း လုပ်ပိုင်ခွင့်နဲ့ ရရှိသူ လိုက်နာရမယ့် စည်းကမ်းတွေကတော့
* ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားနဲ့ ၄င်းနဲ့ ဆက်နွှယ်လျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရမယ်။
* ခွင့်ပြုထားတဲ့ မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် မရဘဲ ပေါင်နှံတာ ၊
ပေးကမ်းတာ ၊ ရောင်းချတာ ၊ အငှား ချထားတာ နဲ့ တခြားနည်းနဲ့ လွှဲပြောင်းတာ ၊ ခွဲစိတ်တာတွေ ပြုလုပ်လို့ မရပါဘူး။
“ မြေလွတ် မြေရိုင်းကနေ လယ်ယာမြေ ဖြစ်ဖို့ လျှောက်လွှာပုံစံ ၁၀ နဲ့ လျှောက်ထားနိုင်” လယ်ယာမြေ မဟုတ်တဲ့ မြေလွတ် မြေရိုင်းမှာ ပါတဲ့ မမြဲ ဦးပိုင် ကျူးလွန် စိုက်မြေတွေကို လယ်ယာမြေ အဖြစ် လျှောက်ထားဖို့ လျှောက်လွှာပုံစံ ( ၁၀ ) နဲ့ တိုင်းဒေသကြီး
လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကို လျှောက်ထားနိုင်တယ် ***
၄ ။ " မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်လျှင် အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခြင်း ခံရမည် "
အသုံးပြုခြင်း မရှိသေးသော မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီး သတ်မှတ်ထားသည့်
စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ရန် ပျက်ကွက်ပါက အာမခံကြေးကို ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့် အပြင်
လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခံ ရမည်။
* ပုံစံ ( ၇ ) မရရှိသေးသော မြေများနှင့် ပတ်သက်၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနိုင်ခြင်း မရှိပါ။
#Crd to owner
Credit ( ဥပဒေရေးရာ)
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...