မြေလွတ် မြေလပ် မြေရိုင်း များကို အသုံးပြုရန် ခွင့်ပြုမိန့် လျောက်ထား ရယူကြ ပါတယ်

   မြေလွတ် မြေလပ် မြေရိုင်း အသုံးပြုခွင့် 

ခွင့်ပြုမိန့် ရပြီး ( ၄ ) နှစ်ကျော် အသုံး မပြု

လျှင် နိုင်ငံတော် က ပြန်လည် သိမ်းယူပြီး 

 ဖြစ်သည် ၊ ( ၄ ) နှစ် အတွင်း သတ်  မှတ် 

နည်း အတိုင်း အသုံး မပြုလျှင်  အရေးယူ 

ခံရမည် ။မြေလွတ် မြေလပ် မြေရိုင်းများ

ကို အသုံး ပြုရန် ခွင့်ပြုမိန့် လျောက်ထား 

ရယူ ကြပါတယ် ။ ဒီ နေရာမှာ သတိပြုရ

မှာက၂၀၁၂ ခုနှစ် မြေလွတ် မြေလပ် မြေ

ရိုင်း ဥပဒေ မတိုင်မီခွင့်ပြု ထားသော မြေ

လွတ် မြေလပ် မြေရိုင်းများ၊ ၂၀၁၂နောက်

ပိုင်း ခွင့်ပြု ထားသော မြေလွတ် မြေလပ် 

မြေရိုင်း များကို သတ်မှတ် နည်း  အတိုင်း 

သတ်မှတ် ကာလ အတွင်း အသုံးမပြုရင် 

ပြန်လည် သိမ်းဆည်း ခံရမယ် ဆိုတာပါပဲ။ 

 

 အခု နောက်ဆုံး မြေလွတ် မြေလပ် မြေရိုင်း 

ဥပဒေမှာ ဖော်ပြ ထားတာက…ပုဒ်မ ၂၂ ။

( က ) ( ၃ ) ခွင့်ပြု ထားသည့် မြေကို စတင်

ခွင့်ပြုသည့် နေ့မှ လေးနှစ် ကျော်လွန် သည်

အထိ ဖော်ထုတ် လုပ်ကိုင် အသုံးပြု ခြင်းမ

ရှိသေးသော မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်း

များကို နိုင်ငံ တော်က ပြန်လည် သိမ်းယူ ပြီး

ဖြစ်သည် ဟု မှတ်ယူ ရမည် ။   ( ၄ )   ခွင့်ပြု 

ထားသည့် မြေကိုစတင် အသုံးပြုခွင့်ရ သည့်

နေ့မှ လေးနှစ် အတွင်း သတ်မှတ် ထားသည့် 

စည်းကမ်း ချက်များ နှင့်အညီ လုပ်ငန်းဆောင်

ရွက်ရန် ပျက်ကွက် ကြောင်း သို့မဟုတ် စည်း

ကမ်းချက်ကို ချိုးဖောက် ကြောင်းတွေ့ ရှိပါက 

အာမခံ ကြေးကို နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် 

သိမ်းဆည်းခံ ရမည့်အပြင် မြေလွတ်၊ မြေလပ်

နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြု  ခွင့်ကို 

ပြန်လည် ရုပ်သိမ်းခြင်း ခံရမည် ။    

 

 ဒါကြောင့် မြေလွတ် မြေလပ် မြေရိုင်း အသုံးပြု

ခွင့် ရရှိထားသူများ အနေဖြင့် သတ်မှတ် ကာလ

အတွင်း အသုံးပြု လုပ်ကိုင် ကြဖို့​ ဖြစ် ပါတယ် ။

သတ်မှတ် ကာလ အတွင်း အသုံးမပြုရင် အရေး

ယူခံရခြင်း ၊ ပြန်လည် သိမ်းဆည်းခံရ   ခြင်းများ 

ခံရမည် ဖြစ်ပါ ကြောင်းနှင့် ( ၄ ) နှစ် ကျော် လွန်

ရင် တော့ ဥပဒေ  အရ ဘာမှ လုပ်စရာ    မလိုပဲ 

အလို အလျောက် နိုင်ငံတော်က ပြန်လည် သိမ်း

ယူပြီး ဖြစ်တယ် ဆိုတာ ကို အထူး သတိပြု ကြ

စေလို ပါကြောင်း တင်ပြ လိုက်ရ ပါတယ် ။

 

ရေးရေးသူ ဆရာ မျိုးမင်းထွန်း

 

ကူးယူ ဖော်ပြ ပါသည် ။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate