မြေပုံမြေရာဇဝင်အကြောင်း/ မြေပုံကူးတာနဲ့ပတ်သက်ပြီး ဗဟုသုတ ရစေရန် အကျဉ်းချုပ်

မြေပုံမြေရာဇဝင်အကြောင်း/ မြေပုံကူးတာနဲ့ပတ်သက်ပြီး ဗဟုသုတ ရစေရန် အကျဉ်းချုပ်

“သိန်း(၁၀၀၀)နဲ့အထက်မှ မြေပုံကူးပေးရတာ၊
သိန်း(၁၀၀၀)အောက်ဆို မြေပုံကူးပေးစရာမလိုဘူး၊“
ဆိုပြီး ကျွန်တော့်ဆီအရောင်းအပ်ထားတဲ့ပိုင်ရှင်က 
ပြောပါတယ်။
အကျိုးဆောင်လုပ်လာတဲ့သက်တမ်းတစ်လျှောက်မှာ
ပိုင်ရှင်အနေနဲ့ မသိတာကို မေးတာမျိုးပဲရှိပြီးအမှား
သိထားတာကို အမှန်လိုပြောတဲ့သူမျိုး မကြုံဖူးပါ။
ဒါတွေထားလိုက်ပါလေ။
သိန်းတစ်ထောင်အောက်ပဲဖြစ်ဖြစ်၊ရာကျော်အရောင်းပဲ
ဖြစ်ဖြစ် ရောင်းသူရဲ့တာဝန်က မြေပုံကူးပေးရမှာပါ။
မြေပုံကူးတာနဲ့ပတ်သက်ပြီး ဗဟုသုတ
ရစေရန် အကျဉ်းချုပ်လေးပြောပြပါရစေ။
ရောင်းသူအနေနဲ့ မြေပုံကူးပေးတော့မယ်ဆိုရင်
မြေပုံစာရွက် နှင့် မြေရာဇဝင်စာရွက်ဆိုပြီး
နှစ်ရွက်ပေါင်းထားတာကိုမြေပုံမြေရာဇဝင်
လို့ခေါ်ပါတယ်။။
စာချုပ်စာတမ်းမှတ်ပုံတင်ရေး
ဥပဒေပုဒ်မ (၂၁)မှာ မရွေ့မပြောင်းနိုင်တဲ့
အိမ်ခြံမြေတွေကို အရောင်းအဝယ်ပြု
လုပ်မယ်ဆိုရင် မြေပုံမြေရာဇဝင်မပါဘဲ
လက်ခံချုပ်ဆိုခွင့်မရှိ လို့ပါရှိပါတယ်။
ဘယ်နေရာဒေမှာ သွားစစ်ရမလဲဆိုရင်တော့
အိုးအိမ်ဦးစီးဌာန (ဒါမှမဟုတ်)မြို့တော်စည်ပင်၊
မြေစာရင်းရုံး တွေမှာသွားရောက်စစ်ဆေးနိုင်ပါတယ်။
ရွာမြေ၊ဥယျာဉ်ခြံမြေ၊စိုက်ပျိုးရေး
မြေအမျိုးအစားတွေကလွဲလို့
ကျန်တဲ့မြေအမျိုးအစားတွေကို
မြေပုံမြေရာဇဝင်ရေကူးပေးပါတယ်။
မြေတိုင်းတာပေးတယ်။yuzanarland.com
ဝယ်သူတွေအနေနဲ့ ရောင်းသူက
ကူးလာပေးတဲ့မြေပုံကို သက်ဆိုင်ရာ ဌာန မှာ
စစ်ဆေးပြီးမှန်ကန်ကြောင်းအတည်ပြုကာ
အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။
ဒါကတော့ အရောင်းအဝယ်မပြုလုပ်ခင်
မြေပုံကူးတဲ့ နည်းလေးပါ။
yuzanarland.com

🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

မိမိရဲ့ အိမ်ခြံမြေအရောင်းအဝယ်ဆိုင်ရာများကို
ပြသလို့ရမယ် အိမ်ခြမြေApplication လေးမှာ
အရောင်းများအား လွယ်ကူစွာတင်လို့ရသလို
အိမ်ခြံမြေနှင့် ပတ်သက်တဲ့ ဗဟုသုတများကိုလည်း
အဆင်ပြေချောမွေ့စွာဖတ်ရှု့နိုင်ပါတယ်။

Yuzanarland Real Estate Application ရဲ့ Download Link👇
Play store-https://www.yuzanarland.com/g/pwipE

Apple store-https://www.yuzanarland.com/g/zuMK5

ဝယ်လက်တွေ အသုံးပြုတာများ အကြည့်များတဲ့နေရာမှာ
မိမိအရောင်းလေးကို မြင်သာနိုင်အောင်ပြသထားဖို့ လိုအပ်ပါမယ်နော်။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate