ပေါင်နှံ ထားသူ ကွယ်လွန် သွားရင် စာချုပ် ပျက်ပြယ် သွားနိုင် ပါသလား ။

ကျွန်တော်က သိန်း နှစ်ထောင်တန် အိမ်တစ်လုံးကို သိန်း ၅၀၀ နဲ့ အပေါင်ခံ ထားပါတယ် ။ ဒါပေမဲ့ ပေါင်နှံသူ အိမ်ထောင် ဦးစီးက ကျန်းမာရေး သိပ်မကောင်း ပါဘူး ။ ကိုယ့်ငွေ မဆုံးရှုံး ရလေအောင် ပေါင်နှံ စာချုပ်အပြင် အရောင်း အဝယ် စာချုပ်ကိုလည်း ရှေ့နေနဲ့ချုပ် ထားပါတယ် ။ ဒါပေမဲ့ အဲဒီ အိမ်က ဂရန်မရှိပါ ။ စပယ်ရှယ် ပါဝါပဲ ရထား ပါတယ် ။ တကယ်လို့များ ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ် ပျက်ပြယ် သွားနိုင် ပါသလား ။
=========================
ဒီ မေးခွန်းနဲ့ ပတ်သက်လို့ ဖြေရမယ် ဆိုရင်တော့ စာချုပ်ပျက် ပြယ်သွား နိုင်သလား.. ။ ပေါင်နှံသူ ကွယ်လွန်သွား မယ်ဆိုရင် စာချုပ် မပျက်ပြယ် ပါဘူး ။ မပျက်ပြယ် ပါဘူးဆိုတာ ဘာကြောင့် အကြောင်းရှိ သလဲဆိုတော့ တရားမ ဥပဒေမှာက တရားဝင်ကိုယ်စား လှယ် ဆိုတာက ရှိတယ် ။ အရပ်စကား ဆိုရင်တော့ သေသူရဲ့ အမွေ ဆက်ခံသူ ပေါ့ ။ သား သမီးတို့ ၊ တူ ၊ တူမတို့ Legal representative ခေါ်တာပေါ့ ။ အဲ့ဒီလို တစ်ကယ်လို့ သေသွားရင် တရားဝင် ကိုယ်စား လှယ် အပေါ်မှာဘဲ တရားစွဲ ဆိုနိုင် တဲ့အတွက်ကြောင့် ပေါင်နှံ ထားသူ ကွယ်လွန် သွားရင် စာချုပ် ပျက်ပြယ် သလား ဆိုတဲ့ အချက်က.. မပျက် ပြယ်ပါဘူး ။
ကျွန်တော် ပထမဆုံး မေးခွန်းကို ဖြေပေး ပါ့မယ် ။ ဒီ ကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ နဲ့ ပတ် သက်လို့ ဥပဒေအကြံဉာဏ် ပေးချင် ပါတယ် ။ သူရဲ့ မေးခွန်းက အိမ်ဂရန် မရှိပါဘူးတဲ့ ။ ပြဿနာ မရှိပါဘူး ။ special power ပဲဆိုတော့ special power တို့ general power တို့ဆိုတာလဲ ပေးတဲ့ သူကွယ်လွန် သွားရင် အော်တို မစ်တစ် ပျက်သွားတဲ့ အတွက်ကြောင့် ဒါလဲ သိပ်မလိုပါဘူး ၊ သိပ်အရာ မရောက်ပါဘူး ။
သို့သော် သူ့ရဲ့ အဆိုအရ ကြည့်တဲ့ အခါကျတော့ သိန်း ၁၀၀၀ တန်ကို ၅၀၀ ပေးထား လိုက်တယ် ပေါ့ ၊ အဲ့ တော့ ဒီ၅၀၀ က ဒီ စာချုပ် သက်တမ်း ကြည့်တစ်ချက် ကြည့်ရမယ် ။ သူက နေမကောင်းဘူး လို့ ပြောထား ပြန်တယ် ။ ဆိုတော့ သူ့ စာချုပ်က မပြည့်သေးဘူးထင်တယ်။ မပြည့် သေးတော့ စိတ်ပူနေတာ အဲ့တော့ ဒီကြားထဲမှာ အပေါင်ခံတဲ့သူများ ကွယ်လွန်သွားရင် အခက်အခဲ ရှိမလားဆိုပြီး စိတ်ပူတာပေါ့။
အဲဒါက ပြဿနာ မရှိနိုင်ဘူး ။ သူက ပထမ စာချုပ်က သိန်း ၅၀၀ နဲ့ ပေါင်ထားတယ် ။ ပေါင်ထား တာကို သူက ပေါင်နှံ စာချုပ် ချုပ် လိုက် သေးတယ် ။ ပေါင်တဲ့ အကြောင်းကို စာချုပ် ချုပ်ထားတယ် ။ နောက် ပြီးတော့ ထပ်ပြီးတော့ ရှေ့နေ နဲ့လည်း အရောင်း အဝယ် စာချုပ် ချုပ်ထားတယ် ။ အဲ့လို ဆိုတော့ သူ့အတွက်က ဘာမှပြဿနာ မရှိဘူး ။ သို့သော် လုပ်ရမဲ့ အနေအထားက.. အကယ်၍များ ပေါင်နှံသူ ကွယ်လွန် သွားရင် ဆိုရင် အခုသူပေါင်နှံထား တဲ့ငွေသိန်း၅၀၀ ပြန်ရလိုမှု အပေါင် စာချုပ် အပေါ်မှာ မူတည်ပြီးတော့ တရားစွဲလို့ရတယ် ။
ပေါင်ထား ကြောင်းကို အထောက် အထားအဖြစ် ကျွန်တော် တို့ အရောင်း အဝယ် စာချုပ် ချုပ်ထားတယ် ။ အဲ့တော့ နှစ်ခုမှာ တစ်ခုပဲ တောင်းခွင့် ရှိတယ် ။ အပေါင် နဲ့ တောင်းမလား…. ကျွန်တော်တို့ အရောင်း နဲ့ တောင်းမလား ။ သို့သော် တရားမျှတ စွာ အကြံပြုလိုတာကတော့ ပေါင်တဲ့အတိုင်းပဲတောင်းပြီးတော့ ဒီရှေ့နဲ့ချုပ်ထားတယ်ဆိုတဲ့ အရောင်းအဝယ် စာချုပ် ဆိုတာက ယုံကြည်စိတ်ချအောင်လို့ ချုပ်ထား တာဆိုရင် သူ့ကို ပံ့ပိုးပေး ရမယ် ။ အပေါင် စာချုပ်ကို အရောင်းက ပံ့ပိုးပေး မယ်ဆိုရင် ဒီအမှုက မအောင်မြင်စရာ အကြောင်း မရှိပါဘူး ။ ရမှာပါ ။ မဆုံးရှုံးပါဘူး လို့ဖြေကြား လိုပါတယ် ။
# DVBlawlab # DVBtvnews # ပေါင်နှံခြင်း
#Crd to owner
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...