ငွေချေး စာချုပ် နှင့် ငွေယုံကြည် အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထား သင့်သည့် အချက်များ ( ဗဟုသုတ ရစေရန် ရည်ရွယ် ပါသည် ။)

ငွေချေး စာချုပ် နှင့် ငွေယုံကြည် အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထား သင့်သည့် အချက်များ ( ဗဟုသုတ ရစေရန်ရည်ရွယ် ပါသည် ။)
( ၁ ) တံဆိပ်ခေါင်း ခွန်ထမ်း ဆောင်ထားခြင်း မရှိသည့် စာချုပ် တစ်ရပ်ကို မည်သည့် ကိစ္စအတွက်မျှ အသုံးမပြု နိုင်ကြောင်း တံဆိပ် ခေါင်းခွန် အက်ဥပဒေ ပုဒ်မ - ၃၅ တွင် ပြဌာန်း ထားပါသည် ။ ထိုနည်းတူ ပစ္စည်းလွှဲ ပြောင်းခြင်း အက်ဥပဒေ ပုဒ်မ - ၅၃ ( က အလိုဌာ အသုံးပြု ခွင့်အရပေ ။ သို့ရာတွင် ထိုက်သင့်သည့် တံဆိပ်ခေါင်း မပါသည့် စာချုပ် စာတမ်း ( Instrument not duty stamp ) နှင့် စပ်လျဉ်း၍ တံဆိပ် ခေါင်းခွန် ဥပဒေပုဒ်မ - ၃၃ အရ သိမ်းယူ ( Impound ) ၍ ပုဒ်မ - ၃၅ ခြွင်းချက် ( က) အရ ထိုက်သင့်သည့် ဒဏ်ကြေးပေး ဆောင်ပါက သက်သေခံအဖြစ် လက်ခံရမည် ။
( ဒေါ် တင်မြတ်မွန် နှင့် ဦးဇော်ဝင်း ၂၀၀၈ ခုနှစ် ၊ တရားမ ပြင်ဆင်မှုအမှတ် - ၂၂၄ ( ရန်ကုန် ) ( ၁ . ၉ . ၂၀၀၈ )
( ၂ ) နှစ်ဦး သဘောတူ ချုပ်ဆို့သည့် စာချုပ်များကို တံဆိပ် ခေါင်းခွန် ၃ဝဝိ / - ထမ်း ဆောင်ရ ပါမည် ။
( ၃ ) အထူး သတိပြုရန်မှာ မည်သည့် သဘောတူ စာချုပ် မျိုးကို မဆို ခေါင်းစီး၌ “ သဘောတူ ” ဆိုသည့် စကား ရပ်ပါရှိရပါမည် ။ သိန်းပေါင်း ရာထောင်ချီ သည့် သဘောတူ စာချုပ်များကို တံဆိပ်ခေါင်း ၃ဝဝ / - ဖြင့် ချုပ် ဆိုက တရားဝင် ပါသည် ။ အခွန်တံဆိပ်ခေါင်း နှင့် အထူးကပ် တံဆိပ် ခေါင်းမှာ တန်ဖိုး အတူတူပင် ဖြစ်ပါ သည် ။
( ၄ ) ချေးယူ သူမှ ငွေပြန် မဆပ်ပါက ငွေပေး ခဲ့သည့် အရပ် ( သို့ ) တရားပြိုင် နေထိုင်ရာရှိ မြို့နယ် ပြည်သူရဲ စခန်း ( သို့ ) တရား ရုံးများတွင် -
( က ) ရာဇဝတ် ကြောင်းဖြင့် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၃ ( ၂ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး / ငွေဒဏ် / ဒဏ်နှစ် ရပ်လုံး / အာမခံရ ) သို့မဟုတ် ပုဒ်မ - ၄၂၀ ( ၇ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး အပြင် ငွေဒဏ် / အာမ ခံ ရ ) ဖြင့် စွဲဆိုနိုင် ပါသည် ။ ပြစ်မှု ပုဒ်မ - ၄၀၆ ဖြင့် စွဲ၍ မရပါ ။
( ခ ) တရားမကြောင်း ဖြင့်လည်း ငွေရလို မှုစွဲဆို နိုင်ပါသည် ။ ရာဇဝတ်ကြောင်း စွဲထား၍ တရား မကြောင်း မစွဲ ရဟု ဥပဒေပ ပိတ်ပင်မထားပါ။
၁ - ပေး ဆပ်ရန် ရက်ချိန်း သတ်မှတ်ချက် ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ချေးယူ သောနေ့မှ ( ၃ ) နှစ် အတွင်း တရားစွဲ ရပါမည် ။
၂ - ပြန်ပေး ဆပ်ရန် နေ့ရက်ကို ထပ်မံ သတ်မှတ် ပေးသည့် နေ့ရက်၌ ပျက်ကွက်ပါက ယင်းနေ့မှ ( ၃ ) နှစ် အတွင်း တရားစွဲရမည် ။
၃ - ငွေချေး ယူစဉ် ကာလအတွင်း ငွေရင်းတချို့ ( သို့ ) အတိုးပေး သွင်းက ယင်းနေ့မှ ( ၃ ) နှစ်အတွင်း တရားစွဲ ရမည် ။
( ၅ ) တရားရှုံးက ငွေမပေး ဆပ်နိုင်ပါက ၎င်းပိုင် ပစ္စည်းကို ဝရမ်း ဖမ်း၍ လေလံတင် ရောင်းချ ပေးရန် တရား ရုံးသို့ လျှောက် ထားနိုင်ပါသည် ။ မည်သည့် ပစ္စည်းမျှ မရှိက တရားရှုံးအား တရားမ ထောင် ( ၆ ) လ အပြစ် ပေးရန် ရုံးတော်သို့ လျှောက်ထား နိုင်ပါသည် ။ စားစရိတ်ကို တရားနိုင်မှ ပေးသွင်း ရပါမည် ။
( ၆ ) ၁၉၄၅ ခုနှစ် ၊ ငွေတိုးချ စားသူများ ဥပဒေပုဒ်မ ( ၂၆ ) အရ ငွေထုတ်ချေးသည့် အလုပ်ကို လုပ်ကိုင်သူ တစ်ဦးဦးကို ငွေတိုးချ စားသူဟု အဓိပ္ပာယ်ဖွင့် ဆိုထား ပါသည် ။
( ၇ ) ငွေထုတ် ချေးခြင်းကို လုပ်ငန်း တစ်ခု အနေဖြင့် မဟုတ်ဘဲ မိတ်ဆွေ တစ်ဦးဦးအား ကူညီသည့် အနေဖြင့် တစ်ခါတစ်ရံသာ ငွေထုတ်ချေးခြင်း ဖြစ်ပါမူ ထိုသူကို ငွေတိုး ချစားသူ ဖြစ်သည်ဟု သတ်မှတ်ခြင်း မပြုနိုင်ပေ ။
( ဦးထွန်း ရွှေ နှင့် ဦးဝင်း ၊ ၁၉၆၇ ၊ မတဆ - ၁၄၅ )
( ၈ ) ငွေချေး စာချုပ် နှင့် ငွေယုံကြည် အပ်နှံသည့် စာချုပ်များတွင် ငွေယူသူ၏ ဘယ်ဖက်လက်မ လက်ဗွေနှိပ် ယူလေ့ ရှိပါသည် ။ အကြောင်းမူ အမှုဖြစ်ပွားက ငွေယူသူမှ ၎င်း၏ လက်မှတ် မမှန်ကြောင်း အငြင်းပွားသော ကြောင့် ဖြစ်ပါသည် ။
ကိုးကား ခဲ့သော ဥပဒေစာအုပ်
- ဦးမြင့်လွင် ( တရား လွှတ်တော် ရှေ့နေ ) စာချုပ် စာတမ်း အမျိုးမျိုး ချုပ်ဆို နည်းလမ်း ညွှန်စာအုပ် မှ ကိုးကား ဖော်ပြ ပါသည် ။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...