ဘာသာ မတူပဲ လက်ထပ် ထိမ်းမြားခြင်း မြန်မာ နိုင်ငံသား ဗုဒ္ဓဘာသာနဲ့ မြန်မာ နိုင်ငံသား ခရစ်ယာန် ဖြစ်ပါ သောကြောင့် တိုင်း တရားရုံး ( သို့ ) မြို့နယ် တရားရုံး ( သို့ ) ရှေ့နေ ရှေ့တွင် လတ်မှတ် ထိုးလို့ မရပါ ။ church ကျောင်းတွင် ထိုးမည် ဆိုပါကလည်း ခရစ်ယာန် နှစ်ချင်းခံ ပြီးသူ ဖြစ်ရမည် ဟူသော ကန့်သတ် ချက်များ ရှိပါတယ် ။

- ဘာသာ မတူပဲ လက်ထပ် ထိမ်းမြားခြင်း မြန်မာ နိုင်ငံသား ဗုဒ္ဓဘာသာနဲ့ မြန်မာ နိုင်ငံသား ခရစ်ယာန် ဖြစ်ပါ သောကြောင့် တိုင်းတရားရုံး ( သို့ ) မြို့နယ် တရားရုံး ( သို့ ) ရှေ့နေ ရှေ့တွင် လတ်မှတ် ထိုးလို့ မရပါ ။ church ကျောင်းတွင် ထိုးမည် ဆိုပါကလည်းခရစ်ယာန် နှစ်ချင်း ခံပြီး သူဖြစ်ရမည် ဟူသော ကန့်သတ် ချက်များ ရှိပါတယ် ။
တရား၀င် လက်မှတ် ထိုးရမည့် နည်းလမ်း
၁ ။ မိန်းကလေး နေထိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ် ရေးရုံးသို့ သတို့သား နှင့် တကွ အတူတူ သွားပါ ။ သတို့သား ၊ သတို့သမီးမှတ်ပုံတင် မိတ္တူ နှင့် အိမ်ထောင်စု စာရင်း မိတ္တူများ ယူဆောင် သွားပါ ။ ထို့အတူ သက်ဆိုင်ရာ မြို့နယ် တရားရုံး တွင် ကျမ်းကြိမ်စာ ( မိန်းကလေး အတွက် ) ကတိသစ္စာ ပြုလွှာ ( ယောက်ကျား လေးအတွက် ) များပါ တွဲတင်ရန် လိုအပ် ပါသည် ။ ထိုကျမ်း ကြိမ်လွှာ များရရန်အတွက် သက်သေ နှစ်ဦး လိုအပ် ပါတယ် ။ သက်သေ နှစ်ဦးရဲ့ မှတ်ပုံတင် ( သို့ ) မှတ်ပုံတင် နံပါတ် ပါ၀င်သော ယာဉ်မောင်း လိုင်စင်များလို အပ်ပါသည် ။
၂ ။ မြို့နယ် ထွေအုပ် ရုံးမှ ဘာသာ မတူ လက်ထပ် ထိမ်းမြားခြင်း လျှောက်လွှာ ပုံစံ ၄စုံ ထုတ်ပေး ပါလိမ့်မည် ။ ထိုလျှောက် လွှာတွင် ယောက်ကျားလေး အချက် အလက်များ ၊ မိန်းကလေး အချက်အလက် များကို အသေးစိတ် ဖြည့်ပေးပြီး ကာယ ကံရှင်များ ရဲ့ လက်မှတ်များ ထိုးပေးဖို့ လိုအပ် ပါတယ် ။
၃ ။ ထွေအုပ် ရုံးသို့ လျှေက်လွှာတင် မည်ဆို ပါက သက်ဆိုင်ရာ မြို့နယ် တရားရုံးမှ မိန်းကလေး ကျမ်းကြိမ်စာ နှင့် ယောက်ကျားလေး ကတိ သစ္စာပြုစာ များလို အပ်ပါ သောကြောင့် မြို့နယ် တရားရုံး သို့သွားပါ ။
၄ ။ တရားရုံးသို့ ရောက်ပါက ထွေအုပ်ရုံးမှ ဘာသာ မတူထိမ်း မြားခြင်း အတွက် ကျမ်း ကြိမ်လွှာ လိုချင်ပါတယ် ဟုပြော လိုက်ပါက စာရေးမှ လိုအပ်သော စာရွက် စာတမ်း များပြု လုပ်ပေးပြီး ကျမ်း ကြိမ်လွှာ နှင့် ကတိသစ္စာ ပြုလွှာ များတွင် တရားသူကြီးမှ တံဆိပ်တုံးနှင့် ကျမ်းကြိမ်လွှာ အမှတ်စဉ် ထုနှိပ်ပေးပြီး ထိုစာချုပ် နှစ်စောင် အားပြန် ပေးပါ လိမ့်မည် ။ ထို စာချုပ် ပေါ်တွင် သတို့သား သတို့သမီး သက်သေ နှစ်ယောက်ရဲ့ လတ်မှတ်များ ပါပါ၀င်ပါသည် ။ ထိုစာချုပ် ရရန်အတွက် နံပါတ် ၁ တွင်ပြော ပြထား သောစာရွက် စာတမ်းများလိုအပ် ပါသည် ။
၅ ။ ကျမ်း ကြိမ်လွှာ ၊ ကတိ သစ္စာပြုလွှာ နှင့်တကွ အသေးစိတ် အချက်အလက် များဖြည့် ထားသော လျှောက်လွှာ ကို ထွေအုပ်ရုံးတွင်လျောက် ထားရ ပါမည် ။
၆ ။ လျောက်လွှာ တင်သည့် နေတွင်ပင် ထွေအုပ်ရုံးတွင် တစ်စောင် မိန်းကလေး နေထိုင်ရာ ရပ်ကွက် ရုံးတွင် တစ်စောင် ယောက်ကျားလေး နေထိုင်ရာ ရပ်ကွက်ရုံး တွင်တစ်စောင် အသီးသီး ကြေငြာများကို ၃ ပတ်တိတိ ကပ်ပါသည် ။
၇ ။ ၃ပတ်အတွင်း ကန့်ကွက်သူ မရှိခဲ့ပါက ၃ပတ်ပြီးသည် နှင့် သတို့သား သတို့သမီး နှင့် အတူ ကျမ်းကြိမ်လွှာ များတွင် လတ်မှတ်ထိုး ပေးခဲ့သော သက်သေ နှစ်ယောက် လိုက်ပါပြီး ထွေအုပ်ရုံး မှတ်ပုံတင် အရာရှိ အရှေ့တွင် တရား၀င် လတ်မှတ်ရေး ထိုးနိုင် ပါပြီ ။
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...