ဘာသာမတူပဲ လက်ထပ်ထိမ်းမြားခြင်း

ဘာသာမတူပဲ လက်ထပ် ထိမ်းမြားခြင်း
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံသား ခရစ်ယာန်ဖြစ်ပါက တိုင်းတရားရုံး (သို့) မြို့နယ်တရားရုံး (သို့) ရှေ့နေ ရှေ့တွင် လက်မှတ် ထိုးလို့မရပါ ။ church ကျောင်းတွင် ထိုးမည် ဆိုပါကလည်း ခရစ်ယာန် နှစ်ချင်းခံပြီးသူ ဖြစ်ရမည် ဟူသော ကန့်သတ်ချက်များ ရှိပါတယ်။
တရားဝင် လက်မှတ် ထိုးရမည့် နည်းလမ်း
၁။ မိန်းကလေး နေထိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ရုံးသို့ သတို့သားနှင့်တကွ အတူတူသွားပါ ။ သတို့သား ၊ သတို့သမီးမှတ်ပုံတင် မိတ္တူ နှင့် အိမ်ထောင်စုစာရင်း မိတ္တူများ ယူဆောင်သွားပါ။ ထို့အတူ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွင် ကျမ်းကြိမ်စာ (မိန်းကလေးအတွက်) ကတိသစ္စာပြုလွှာ(ယောက်ကျားလေးအတွက်)ပါ တွဲတင်ရန် လိုအပ်ပါသည်။ ထိုကျမ်းကြိမ်လွှာများ ရရန်အတွက် သက်သေနှစ်ဦး လိုအပ်ပါတယ်။ သက်သေနှစ်ဦးရဲ့ မှတ်ပုံတင် (သို့) မှတ်ပုံတင်နံပါတ် ပါ၀င်သော ယာဉ်မောင်းလိုင်စင်များ လိုအပ်ပါသည်။
၂။ မြို့နယ်ထွေအုပ်ရုံးမှ ဘာသာမတူ လက်ထပ် ထိမ်းမြားခြင်း လျှောက်လွှာပုံစံ ၄စုံ ထုတ်ပေးပါလိမ့်မည် ။ ထိုလျှောက်လွှာတွင် ယောက်ကျားလေး အချက်အလက်များ ၊ မိန်းကလေး အချက်အလက်များကို အသေးစိတ် ဖြည့်ပေးပြီး ကာယကံရှင်များရဲ့ လက်မှတ်များ ထိုးပေးဖို့ လိုအပ်ပါတယ်။
၃။ ထွေအုပ်ရုံးသို့ လျှောက်လွှာ တင်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်တရားရုံးမှ မိန်းကလေး ကျမ်းကြိမ်စာ နှင့် ယောက်ကျားလေး ကတိသစ္စာပြုစာများ လိုအပ်ပါသောကြောင့် မြို့နယ်တရားရုံးသို့ သွားပါ။
၄။ တရားရုံးသို့ ရောက်ပါက ထွေအုပ်ရုံးမှ ဘာသာမတူ ထိမ်းမြားခြင်းအတွက် ကျမ်းကြိမ်လွှာ လိုချင်ပါတယ်ဟု ပြောလိုက်ပါက စာရေးမှ လိုအပ်သော စာရွက်စာတမ်းများ ပြုလုပ်ပေးပြီး ကျမ်းကြိမ်လွှာနှင့် ကတိသစ္စာပြုလွှာများတွင် တရားသူကြီးမှ တံဆိပ်တုံးနှင့် ကျမ်းကြိမ်လွှာ အမှတ်စဉ် ထုနှိပ်ပေးပြီး ထိုစာချုပ် နှစ်စောင်အား ပြန်ပေးပါလိမ့်မည် ။ ထိုစာချုပ်ပေါ်တွင် သတို့သား သတို့သမီး သက်သေနှစ်ယောက်ရဲ့ လတ်မှတ်များပါ ပါဝင်ပါသည်။ ထိုစာချုပ်ရရန်အတွက် နံပါတ်၁တွင် ပြောပြထားသော စာရွက်စာတမ်းများ လိုအပ်ပါသည်။
၅။ ကျမ်းကြိမ်လွှာ ၊ ကတိသစ္စာပြုလွှာနှင်တကွ အသေးစိတ် အချက်အလက်များ ဖြည့်ထားသော လျှောက်လွှာကို ထွေအုပ်ရုံးတွင်လျောက်ထားရပါမည်။
၆။ လျောက်လွှာတင်သည့် နေ့တွင်ပင် ထွေအုပ်ရုံးတွင် တစ်စောင် မိန်းကလေး နေထိုင်ရာ ရပ်ကွပ်ရုံးတွင် တစ်စောင် ယောက်ကျားလေးနေထိုင်ရာ ရပ်ကွက်ရုံးတွင် တစ်စောင် အသီးသီး ကြေငြာများကို ၃ပတ်တိတိ ကပ်ပါသည်။
၇။ ၃ပတ်အတွင်း ကန့်ကွက်သူ မရှိခဲ့ပါက ၃ပတ်ပြီးသည်နှင့် သတို့သား သတို့သမီးနှင့် အတူ ကျမ်းကြိမ်လွှာများတွင် လတ်မှတ်ထိုးပေးခဲ့သော သက်သေနှစ်ယောက် လိုက်ပါပြီး ထွေအုပ်ရုံး မှတ်ပုံတင်အရာရှိ အရှေ့တွင် တရားဝင် လက်မှတ် ရေးထိုးနိုင်ပါပြီ။
Credit - ဥပဒေရေးရာ
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...