ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြား လူတစ်ဦးကို အခမဲ့ နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ်ရှိပါပြီ ။ တချို့သူတွေက ပိုင်ရှင်ဖြစ်သူဟာ သူ့အိမ် ဒါမှမဟုတ် သူ့မြေကွက်ထဲမှာ တစ်စုံတစ်ယောက်ကို အခမဲ့နေထိုင် ခွင့်ပြုထားတာ ၊ ကာလရှည်ငှားရမ်းထားတာ ၁၂ နှစ်

ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြား လူတစ်ဦးကို အခမဲ့ နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ်ရှိပါပြီ ။ တချို့သူတွေက  ပိုင်ရှင်ဖြစ်သူဟာ သူ့အိမ် ဒါမှမဟုတ် သူ့မြေကွက်ထဲမှာ တစ်စုံတစ်ယောက်ကို အခမဲ့နေထိုင် ခွင့်ပြုထားတာ ၊ ကာလရှည်ငှားရမ်းထားတာ ၁၂ နှစ်

         ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြား လူတစ်ဦးကို အခမဲ့ နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ် ရှိပါပြီ ။ တချို့သူတွေက ပိုင်ရှင်ဖြစ်သူဟာ သူ့အိမ် ဒါမှမဟုတ် သူ့မြေကွက်ထဲမှာ တစ်စုံတစ်ယောက်ကို အခမဲ့နေထိုင် ခွင့်ပြုထားတာ ၊ ကာလရှည် ငှားရမ်းထားတာ ၁၂ နှစ် ကျော်ရင် ဖယ်ရှားလို့ မရတော့ဘူးဆိုတဲ့ ဥပဒေ ရှိသလိုလို ၊  စီရင်ထုံး ရှိသလိုလို ပြောဆိုနေကြတာတွေ ရှိပါတယ် ။ ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း သိပါရစေ ။
=============================


         ဒါက အရပ်ထဲမှာ ပြောနေကြတာ ..  အခုတလောပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားလူကို သွားပြီးတော့ ကိုယ့်အိမ်မှာပေါ့ ၊ နှစ်ရှည်မငှားထားနဲ့  နှင်လို့မရဘူး ဖြစ်သွားမယ် ။ အိမ်ငှားလည်း ကြာကြာမငှားနဲ့ နှင်လို့မရဘူး ဖြစ်သွားမှာ စိုးရိမ်တယ်။ တစ်ချို့ကလည်း နှစ်ကြာသွားရင် ပိုင်သွားတယ် ။ အိမ်ငှားက အိမ်ပိုင်ဖြစ်သွားတယ်လို့ ဒီလိုလည်း ပြောကြတယ် ။ 

        ဒါနဲ့ ပတ်သက်လို့ သတိထားစရာ တစ်ခုတော့ ရှိတာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြုချက်နဲ့ ထားတဲ့သူက ဘယ်နနှစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ ထားတဲ့သူက ခွင့်ပြုချက်နဲ့ ထားတာပဲ ၊ သူက အိမ်ပိုင် သွားစရာ အကြောင်းမရှိဘူး ။ ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှား ဆိုရင်လည်း သူ့ကို ငှားထားတယ် ။ ဘယ်နနှစ် ငှားငှား ဆယ်နှစ်ငှားငှား ၊ အနှစ် နှစ်ဆယ်ငှားငှား ၊ အိမ်ငှားက အိမ်ပိုင် ဖြစ်မလာနိုင်ဘူး ။


       ဒါပေမဲ့ အမှားအယွင်းလေး တစ်ခုဖြစ်သွားရင် စိုးရိမ်စရာလေးတစ်ခု ရှိတယ်။ အဲ့ဒါ ဘာလဲဆိုရင် ဥပမာ ဆိုကြပါစို့ ။ ခွင့်ပြုချက်နဲ့ ထားတယ် ။ အဲ့ဒီခွင့်ပြုချက်နဲ့ ထားတဲ့သူကို ကိုယ့်က ဖယ်ချင်ပြီဆိုရင် အစ်မဖယ်ပေး ပါလို့ ပြောလိုက်လို့ရှိရင် ပြဿနာမရှိဘူး ။ မဖယ်ပေးဘူးဆိုရင် သူက ဘာလုပ်ရသလဲ ၊ နို့တစ်ထုတ်ရတာပေါ့ ။ 

         နို့တစ် ထုတ်တယ် ဆိုတဲ့အခါကျတော့  ခွင့်ပြုချက်ထားတဲ့ဟာကို ပြန်ရုပ်သိမ်းလိုက်ပါပြီ ဆိုတာကို သူသိအောင် ပြောရတာ ၊ အဲ့ဒီလို ခွင့်ပြုချက်နဲ့ ထားတာကို ခွင့်ပြုချက်နဲ့ ရုပ်သိမ်းပြီးပြီဆိုမှ တရားက စွဲလို့ရတယ် ။ ခွင့်ပြုချက် ကို မရုပ်သိမ်းပဲနဲ့ တရားတဘောင် စွဲလို့မရဘူး ။


          အဲဒီတော့ တစ်ချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်ပေါ့ ။ ရုပ်သိမ်းလိုက်ပြီးတဲ့ အခါကျတော့ အမှုစွဲမှ အချိန်ကျတော့မှ မစွဲဖြစ်ဘူး ဖြစ်သွားတယ် ။ အဲ့ဒီလို မစွဲဖြစ်ဘူး ဖြစ်သွားရင် ။ သူက ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ် ။ ဘယ်အချိန်မှာ အမှုက စွဲရမယ် ။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ် ဥပဒေက လူတိုင်းသိသင့်တာ ။ အမှန်က အဲ့ဒါကို သတိမထားမိရင်တော့ သူက အမှားအယွင်း ဖြစ်တတ်တယ် ။ 

 

        ဆိုတော့ အဲ့ဒီ ကာလစည်းကမ်းသတ်ဥပဒေက ဆိုလို့ရှိရင် ခွင့်ပြုချက်နဲ့ ထားတာကို ပြန်ရုပ်သိမ်းပြီး ဆိုရင်တဲ့ ၆နှစ်အတွင်း စွဲပါ ။ ဒီလို ဆိုထားပါတယ် ။ ၆ နှစ်အတွင်း စွဲရမယ် ဆိုတာကတော့ ကာလ စည်းကမ်းသတ်ဥပဒေ ၊ ပထမ ဇယား ၊ စာတိုင်မှာ ၁၂၀ မှာ ဒီလို ဆိုထားတာပေါ့ ။ ၆ နှစ်ကျော် သွားပြီဆိုရင် ဘာဖြစ်လဲ ။ ခွင့်ပြုချက်နဲ့ ထားတဲ့သူကို နှင်လို့ မရတော့ဘူး ။ တရားစွဲလို့ မရတော့ဘူး ။ ဒါက သတိထားရမဲ့ အချက်ပါ ။ 


        ဒီလိုပဲ အိမ်ရှင် အိမ်ငှား ဆိုတော့လဲ အိမ်ငှား ထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လဲ အိမ်ငှားပဲ ၊ အိမ်ပိုင် မဖြစ်လာနိုင်ဘူး။ သို့သော် အိမ်ငှားတစ်ယောက်ကို နှင်တော့မယ်ဆိုလို့ရှိရင် သူက ပထမဆုံး ဘာလုပ်ရလဲ ။ ပစ္စည်း လွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၀၆ နဲ့အညီ နို့တစ်စာ ပေးရတာပေါ့ ။ နို့တစ်စာ ပေးတယ် ဆိုတာကတော့ အိမ်ငှား အဖြစ် ဖြတ်တောက်လိုက်ပြီး ဒီတာမနိတ် လုပ်လိုက်တယ် ဆိုတာ သူသိအောင်လို့ ပြောရတာ ။ ဘယ်နေ့ ၊ ဘယ်ရက်မှာတော့ ဆင်းပေးတော့ဆိုတာ ဒီနို့တစ်စာမှာ ပါရတယ် ။ ဘယ်နေ့မှာ ငှားရမ်းခ ကုန်ဆုံးတယ် ။ အဲ့ဒီနေ့ ည ၁၂နာရီကျော် လို့ရှိရင် ဒီဥစ္စာ လက်ရောက် ပေးအပ်ပါတော့.. ဒါမျိုးက နို့တစ်စာ ထုတ်လေ့ရှိတယ်။ 


         အဲ့ဒီလိုထုတ်ပြီးပြီ ငှားရမ်းခ ဖြတ်တောက်ပြီးပြီဆိုရင် တရားစွဲရမယ်လေ။ အဲ့ဒီလို တရားမစွဲပဲ သွားရင် ကာလစည်းကမ်းသတ် ဥပဒေမှာ ပါတာပေါ့ ၊ စောစောကပြောတာ ၁၁၀ အခုဟာက စာတိုင် ၁၃၉ မှာ ပါတယ် ။ အိမ်ငှားတစ်ယောက်ကို ငှားရမ်းမှု ဖြတ်တောက်ပြီး ၁၂နှစ်အတွင်း သူက စွဲရတာ ။ ၁၂နှစ်အတွင်းမှ မစွဲရင် အဲ့ဒီ အိမ်ငှားကို နောက်တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပြီး ။ ဒါက သတိပြုရမှာပေါ့ ။ အဲ့ဒီမှာ သတိပြုဖို့ကတော့ ဥပမာ မစွဲဖြစ်ဘူး ဆိုပါတော့ကွယ် ။ နို့တစ် ထုတ်လိုက်တယ် ၊ မစွဲဖြစ်ဘူးဆိုရင် အဲ့ဒီထုတ်ထားတဲ့ နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ ရတယ် ။ တရားဝင်ပြန် ရုပ်သိမ်းထားလိုက်နော် ။ 

 

        ဒါဆိုရင် ကာလစည်းကမ်းသတ်နဲ့ အကျုံး မဝင်တော့ဘူး ။ သို့သော် အဲ့ဒီလို ရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင်တော့ ဒီကာလစည်းကမ်းဥပဒေ နဲ့ အကျုံး ဝင်သွားလို့ ဟိုခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆နှစ်အတွင်းစွဲ ၊ မစွဲရင် နောက်ထပ် စွဲလို့မရတော့ဘူး ။ နှင်လို့ မရတော့ဘူး ။ အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီဆိုရင် ၁၂နှစ်အတွင်း စွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ်တောက်ပြီးပြီ ဆိုရင်စွဲတော့ ။ မစွဲဖြစ်ရင်လဲ ပြန်ရုပ်သိမ်းလိုက် ။ ဒီနို့တစ်စာကို အဲ့လို မရုပ်သိမ်းပဲ ထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲ နှင်လို့မရတဲ့ အတွက် အဲ့ဒီအချက်ကတော့ အထူးသတိပြုရမယ်လို့ပဲ ဖြေကြားချင်ပါတယ် ။ 


#DVBLawlab #ကာလစည်းကမ်းသတ်
 

Credit ( ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate