ကျွန်တော်က ပြင်ဦးလွင်ဘက်မှာ အကွက်ရိုက်ရောင်းတဲ့ ရွာမြေကွက် တစ်ကွက်ကို ဝယ်ထားသူ တစ်ဦးပါ။

ကျွန်တော်က ပြင်ဦးလွင်ဘက်မှာ အကွက်ရိုက်ရောင်းတဲ့ ရွာမြေကွက် တစ်ကွက်ကို ဝယ်ထားသူ တစ်ဦးပါ။

         ကျွန်တော်က ပြင်ဦးလွင်ဘက်မှာ အကွက်ရိုက်ရောင်းတဲ့ ရွာမြေကွက် တစ်ကွက်ကို ဝယ်ထားသူ တစ်ဦးပါ။ လောလောဆယ်မှာ
သွားမနေနိုင်သေးပါဘူး။ ဒါပေမယ့် ရွာမြေကို ဝယ်ထားတာ ခိုင်မာမှု ရှိ ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး ခိုင်မာမှု ရှိ ၊ မရှိ ဆိုတာကို သိပါရစေ။
ဘယ်လို အခြေအနေမျိုးမှာ ခိုင်မာမှု ရှိတယ် ၊ ဘယ်လို အနေအထားမျိုးမှာ ခိုင်မာမှု မရှိဘူး ဆိုတာလေးကိုပါ ရှင်းပြစေချင်ပါတယ်။ 

ရွာမြေလို့ ဆိုပေမယ့် ဘယ်လိုရွာမြေလဲ စိစစ်ရပါမယ်။ 

 

( ၁ ) အဲ့ဒီရွာမြေသည် မြေပုံပေါ်မှာ စကားဝါရောင်ဆေးနဲ့ အနားသတ်ထားတဲ့ မူလကပင် တည်ရှိနေသည့်  ရွာမြေလား ၊
( ၂ ) မူလက လယ်ယာမြေ ဖြစ်ပြီး လန၃၉ သို့မဟုတ် လယ ၃၀ ခွင့်ပြုမိန့် ကျထားတဲ့ ရွာမြေလား ၊ 
( ၃ ) တစ်မြို့မှာ တစ်ရွာကို ကျေးရွာဂရန် ပေးရမည်ဆိုသော စီမံချက်နဲ့ ဂရန်ချထားသည့်  ရွာမြေလား ၊ 
( ၄ ) မူလက လယ်ယာ မြေ ဖြစ်ပြီး ရပ်ရွာတိုးချဲ့ အသုံးပြုမှုကြောင့် ခုမှ အကွက်ရိုက်ထားသည့် ရွာမြေလား စိစစ်ကြည့်ရပါ့မယ်။ 

       ရွာမြေ အမျိုးအစား ကွဲတာနဲ့အမျှ တရားဝင်မှု ၊ မဝင်မှု သုံးသပ် ကြည့်နိုင်ပါတယ် ။ မူလစာရင်းမြေပုံအရ တည်ရှိသည့်

       ရွာအတွင်းက မြေကွက် သို့မဟုတ် လန ၃၉ ( လယ ၃၀ ) ကျပြီး ရွာမြေထဲမှ အကွက်ဖြစ်ရင်တော့ ပြဿနာမရှိပါဘူး။ 

 

       အဲ့ဒီမြေတွေက လယ်ယာမြေဆိုတဲ့ စကားရပ်မှာ မပါတော့သည့် အတွက် ဂရန်လျှောက်ခွင့် ရှိသလို တရားဝင် စာချုပ်ချုပ်
      ဆို မှတ်ပုံတင်ပြီး ရောင်းဝယ် လွှဲပြောင်းခွင့်လည်း ရှိပါတယ် ။ ခိုင်မာမှု ရှိနိုင်တယ်လို့ ပြောရမှာပါ ။ကျေးရွာတွေ ဂရန်ပေးရေး

      စီမံချက်မှာပါတဲ့ မြေကွက်ဆိုလျှင် ဂရန်ပါရပြီးဖြစ်လို့ အကောင်းဆုံးပါဘဲ ။ သို့သော် လန ၃၉ လည်း မရသေး ၊ လယ ၃၀ လည်း           ခွင့်ပြုချက် မရှိသည့် လယ်ယာမြေကို အကွက်ရိုက် ရောင်းတာဆို ပြဿနာ နည်းနည်းရှိပါ့မယ် ။
      အဲ့ဒီမြေတွေက လယ်ယာမြေဆိုတဲ့ အမျိုးအစားမှာ ပါဖို့ များပါတယ် ။ 


     လယ်ယာမြေကို ခွင့်ပြုချက် မရဘဲ အခြားနည်းသုံးခွင့် မရှိပါဘူး။ 
   ပုံစံ ( ၇ )   သမားက ရောင်းသွားတယ် ဆိုလည်း ပုဒ်မ ၁၂ ( ဆ ) အရ အရေးယူ အပြစ်ပေးလို့ ရနေပါတယ်။ 

   ပုံစံ ( ၇ )   မရသေးရင် ပုဒ်မ ၁၂ နှင့် မငြိနိုင်ဘူး
                  ဆိုသော်လည်း အခု နိုင်ငံတော်ပိုင်းက လယ်ယာမြေပေါ်  အခြားနည်းသုံးများကို အရေးယူ ဆောင်ရွက်ဖို့ တွန်းအားပေးနေ                      တဲ့အချိန် ဖြစ်တာကြောင့် တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရအဖွဲ့များက အပြစ်ပေးဖို့ အားသန်နေကြပါတယ် ။ 

 

                လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၂ ၊ ပုဒ်မ ၁၉ အရ အရေးယူသည့် ကိစ္စတွေမှာ ဥပဒေအားနည်းချက် စကားရပ် အထားအသို 

                မှားမှုကြောင့် လက်ရှိ စီရင်ထုံးတွေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဆင့်မှာ လွတ်ကောင်းလွတ် နိုင်ပေမယ့်                       ပြည်နယ် / တိုင်းဒေသကြီး တရားလွှတ်တော် အထိတော့ အတွယ်ခံရဖို့ များမယ်လို့ ကျွန်တော် ထင်ပါတယ် ။ 

                အဲ့ဒီမြေကွက်တွေဆို  ပြဿနာ ရှိနိုင်ပြီး ခိုင်မာမှု မရှိနိုင်ပါဘူး။


             ( အောက်တွင် ဖော်ပြထားတာကတော့ မူလရွာမြေ ရပ်ကွက်ကြီး မြေကွက်တွေလို့ သိရပါတယ် )

#Crd to owner

 

Credit ( ဥပဒေရေးရာ )

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!