မြေငှား ဂရန် အမည်ပြောင်း လျှောက်ထား ရာတွင် ပါဝင်ရမည့် အချက် အလက်များ

မြေငှား ဂရန် အမည်ပြောင်း လျှောက်ထား ရာတွင် ပါဝင် ရမည့် အချက်အလက်များ
( ၁ ) လျှောက်လွှာ နှင့် လျှောက်ထား သူ၏ ထွက်ဆိုချက် ။
( ၂ ) ခရိုင် / မြို့နယ်ထွေ / အုပ် ၊ လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်း ဦးစီး ဌာနတို့၏ လက်မှတ် ၊ အမည် ၊ ကိုယ်ပိုင် အမှတ် ၊ ရုံးတံဆိပ် ဝိုင်းများ နှင့် ရက်စွဲ ပါဝင်သော မြေစာရင်း ပုံစံ ( ၁၀၅ ) ၊ ( ၁၀၆ ) ( ၂ )စုံ ( မြေပုံ တစ်ပုံ၌ အခွန် တံဆိပ်ခေါင်း ကပ်ရမည် ။ )
( ၃ ) မြေပိုင် ဆိုင်မှု အထောက် အထား တင်ပြရန် ။
( ၄ ) မြေငှား စာချုပ် မူရင်း ( သို့မဟုတ် ) မိတ္တူ ။
( ၅ ) အရောင်း အဝယ် စာချုပ် ( မှတ်ပုံတင် ပြီးသော )။
( ၆ ) ယခင် မြေပိုင်ဆိုင် သူအမည်ဖြင့် စည်းကြပ်သည့် မြေခွန် ပြေစာ ။
( ၇ ) စည်းကြပ်မည့် မြေခွန် အပေါ် သဘောတူ ကြောင်း လျှောက်ထား သူ၏ ဝန်ခံ ကတိပြုချက် ။
( ၈ ) ပတ်ဝန်းကျင် ထွက်ဆို ချက်များ တင်ပြရန် ။
( ၉ ) လမ်းနယ် နိမိတ် ကပ်ပါက စည်ပင်သာယာ ရေးအဖွဲ့ ( သို့မဟုတ် ) ဦးစီး အရာရှိ ( မြို့ပြ ) ရုံး ၊ လမ်းဦး စီးဌာန၏ ထောက်ခံချက် ။
( ၁၀ ) အဆောက်အဦ မှတ်တမ်း ဓာတ်ပုံများ ။
( ၁၁ ) မူလမြေ ပိုင်ရှင်၏ ထွက်ဆိုချက် ။
( ၁၂ ) မြေ အရောင်း အဝယ် စာချုပ် စာတမ်းပါ သက်သေများ၏ ထွက်ဆိုချက် ၊ ( အထွေထွေ ကိုယ်စားလှယ် လွှဲခြင်း ခံရသူ / အထူးကိုယ်စား လှယ်လွှဲခြင်း ခံရသူ၏ ထွက်ဆိုချက် ) ။
( ၁၃ ) GP / SP လွှဲအပ် ထားပါက ကိုယ်စား လှယ်လွှဲစာ တင်ပြရန် ။
( ၁၄ ) ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး၏ ထွက်ဆိုချက် ( သို့မဟုတ် ) ထောက်ခံချက် ။
( ၁၅ ) သက်ဆိုင်ရာ မြေတိုင်း စာရေး၏ ထွက်ဆိုချက် ။
မှတ်ချက်။ လက်မှတ် ရေးထိုး သူများသည် ဌာန ၊ အဖွဲ့အစည်း ဖြစ်ပါက ရုံးတံဆိပ်များ ပြည့်စုံစွာ ပါရှိရန် ။
#Crd to owner
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...