ပါမစ် မြေကို ဂရန်အမည် ဖောက်လို့ ရလား ? ရန်ကုန်မှာ ပါမစ်မြေကို ဂရန်အမည် ဖောက်လို့ရ ပါသလား? ရပါတယ် ။

ပါမစ် မြေကို ဂရန်အမည် ဖေါက်လို့ ရလား ? ရန်ကုန်မှာ ပါမစ်မြေကို ဂရန်အမည် ဖောက်လို့ ရပါသလား ? ရပါတယ် ။ ပါမစ်မြေ ဆိုတာ ဘာလဲ?
+++++++++++++
ရန်ကုန် မှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စည်းကမ်း သတ်မှတ်ချက် တွေနဲ့ လူနေအိမ်တွေ ၊ အဆောက် အအုံတွေ ဆောက်လုပ်ပြီး နေထိုင်ခွင့်ပြု ထားတဲ့ မြေဖြစ်ပါတယ် ။ အဲ့ဒီမြေနဲ့ ပတ်သက်တဲ့ အထောက်အထား တွေဟာ မြေပေးမိန့် ၊ မြေစလစ် ၊ မြေကွက် ချကြောင်း အကြောင်းကြားစာ စသည်ဖြင့် အမည်အားဖြင့် အမျိုးမျိုးရှိ နိုင်ပါတယ် ။ အများအားဖြင့် ဟောင်းနေပြီ ဖြစ်တဲ့ ဝါကျန်ကျန် စာရွက်လေးတွေပါ ။ ပါမစ်မြေကို ဘယ်သူတွေက ဂရန်အမည် ဖောက်နိုင် ပါသလဲ?
+++++++++++++++++++++++++++++++++
ပါမစ်မြေကို ဂရန်အမည် ဖောက်နိုင်တဲ့သူ ( ၃ ) ဦးရှိပါတယ် ။ သူတို့တွေ့ကတော့ -
( ၁ ) ။ ပါမစ်မှာ နာမည်ပေါက် တဲ့သူ
( ၂ ) ။ အမည်ပေါက် ဆီကနေ စာချုပ် အဆက်ဆက် တွေနဲ့ လက်လွှဲ ရယူထားသူ
( ၃ ) ။ မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရားရုံး ဒီကရီရရှိသူ တွေဖြစ်ပါတယ် ။
ပါမစ် မြေကို ဂရန်အမည် ဖောက်မယ်ဆိုရင် ဘာတွေရှိ ထားရမလဲ?
++++++++++++++++++++++++++++++++++
( ၁ ) ပါမစ် မူရင်း ။
( ၂ ) မြေငှားခ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် ( သို့မဟုတ် ) မြေငှားခ နောက်ဆုံး ပေးဆောင်ခဲ့သည့် ပြေစာ ။ ( အခါအားလျှော်စွာ ပါမစ်နှင့် ပတ်သက်သော အဖိုးအခ သတ်မှတ်လာပါက )
( ၃ ) နိုင်ငံသား စိစစ်ရေး ကဒ်ပြား ( သို့မဟုတ် ) အမျိုးသား မှတ်ပုံတင် မူရင်း ။
( ၄ ) အမည်ပေါက်သူ သေဆုံးသွား၍ အမွေစား အမွေခံက လျှောက်ထားပါက ဥပဒေနှင့် အညီ အမွေဆက်ခံခွင့် ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း ၊ ထောက်ခံကျမ်း ကျိန်လွှာ ( ၂ ) စောင် ၊ သေစာရင်း ၊ အိမ်ထောင်စု စာရင်း ။
( ၅ ) အမည် ပေါက်ထံမှ ဝယ်ယူထားခြင်း ဖြစ်ပါက ပိုင်ဆိုင်မှုကို အဆင့်ဆင့် လွှဲပြောင်း ရယူခဲ့သည့် ကတိစာချုပ် မူရင်းများ ။
( ၆ ) တရားရုံး၏ ဒီကရီအရ မြေကိုရရှိ ထားသူဖြစ်လျှင် တရားရုံး၏ အမိန့် ဒီကရီမူရင်း ။
ဘာတွေ လုပ်ရမှာလဲ?
++++++++++++
( ၁ ) ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံမှာ ဖြည့်စွက်ပြီး လျှောက်ထား ရပါမယ် ။
( ၂ ) ပါမစ် စတဲ့ မူရင်း စာရွက်တွေရဲ့ မိတ္တူတွေကို လျှောက်လွှာနဲ့ အတူတင် ရပါမယ် ။ မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးပြီး သက်ဆိုင်ရာကလက်ခံပါတယ် ။
( ၃ ) မြေကို ဂရန် လျှောက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရန် ကြော်ငြာစာကို မြေပေါ်တွင် ( ၁ ) စောင် ၊ လျှောက်ထားသူ ကာယကံ ရှင်သို့ ( ၁ )စောင် ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ( ၁ ) စောင်စီကို လျှောက်ထားသူမှ ပေးပို့နိုင်ရေး သက်ဆိုင်ရာမှ ထုတ်ပေးပါတယ် ။ နောက် .. ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတို့မှ ကြော်ငြာစာကို လက်ခံရရှိကြောင်း အထောက်အထားတွေ ယူလာပြီး လျှောက်ထားသူက ပြန်လည် တင်ပြရပါမယ် ။
( ၄ ) သက်ဆိုင်ရာက မြေကို ကွင်းဆင်း တိုင်းတာပါမယ် ။
( ၅ ) အထက်က အဆင့်တွေပြီးရင် သတင်းစာမှာ ကန်ကွက်ရန် ရှိ / မရှိ ကြော်ငြာ ရပါမယ် ။
( ၆ ) ကန့်ကွက်သူ မရှိဘူး ဆိုရင်တော့ စည်ပင်သာယာရေး ကော်မတီဝင် များရဲ့ အစည်းအဝေးကို တာဝန်ရှိသူက တင်ပြပြီး အစည်းအဝေးမှာ တည်ပြုရင် လျှောက်ထား သူဟာ မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ နှုန်းထားကို ပေးသွင်း ရပါမယ် ။
( ၇ ) အထက်က အဆင့်တွေပြီးရင် သက်ဆိုင် ရာကနေ ဂရန်မှာ မြေပုံရေးဆွဲပြီး ဂရန်ပေါ်မှာ အမည်ပေါက်မဲ့ သူနဲ့ သက်သေတစ်ဦးကို လက်မှတ် ထိုးခိုင်းပါတယ် ။ နောက် သက်ဆိုင်ရာ ဌာနမှူးဆီ ပြန်လည် တင်ပြပြီး ဌာနမှူးက အတည်ပြု လက်မှတ်ထိုး ပြီးသွားရင်တော့ ဂရန်ကို လျှောက်ထား သူဆီကို ထုတ်ပေး ပါလိမ့်မယ် ။
#Crd to owner
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...