ယောကျာ်း လေးမှာ မိန်းမ ရှိပါတယ် ။ မိန်းကလေးက အပျိုပါ ။ နှစ်ဦး သဘောတူ ချစ်ကြိုက်ခဲ့လို့ ကိုယ်၀န်ရခဲ့ ပါတယ် ။ အခုချိန်မှာ ယောကျာ်းလေးက တာ၀န်မယူဘဲ ရှောင်နေပါတယ် ။ ယောကျာ်းလေးကို မိန်းကလေး ဘက်က ဥပဒေအရ အရေးယူ လို့ရပါသလား ။

ယောကျာ်း လေးမှာ မိန်းမရှိပါတယ် ။ မိန်းကလေးက အပျိုပါ ။ နှစ်ဦး သဘောတူ ချစ်ကြိုက်ခဲ့လို့ ကိုယ်၀န်ရခဲ့ ပါတယ် ။ အခုချိန်မှာ ယောကျာ်းလေးက တာ၀န်မယူဘဲ ရှောင်နေ ပါတယ် ။ ယောကျာ်းလေးကို မိန်းကလေး ဘက်က ဥပဒေအရ အရေးယူ လို့ရပါသလား ။ ဒါကတော့ မိန်ကလေး ဘက်က အားနည်းချက် တစ်ခုပေါ့ ။ ယောကျာ်းလေးက အိမ်ထောင်ရှိလား ၊ မရှိလားဆိုတာ သူမသိတာပေါ့ ။ သူ့ရဲ့ မေခွန်း ထဲမှာ မပါတာက ယောကျာ်းလေးက လက်ထပ် ယူပါမယ်လို့ ယုံအောင် ပြောတဲ့ အချက် မပါပါဘူး ။ ပြီးတော့ ယောကျာ်းလေးက အိမ်ထောင်သည် ၊ ဆိုတော့ ၄၁၇ နဲ့ အရေးယူလို့ မရတော့ဘူး ။
ဘာဖြစ် လို့လဲဆိုတော့ နှစ်ဦး ဆန္ဒနဲ့ သွားလာ ဆက်ဆံ တာလေ။ ယောကျာ်းလေး က ယူမယ်လို့ ကတိ ပေးလို့ ၊ ယုံလို့ ပုံအပ် လိုက်တာမှ မဟုတ်ဘဲ ။ တရားရုံးကို သွားမယ့် သူရဲ့လက် ၊ သက်သာခွင့်တောင်းမယ့် သူရဲ့လက် ဟာ သန့်ရှင်း ရမယ်လို့ ဆိုထား တာကိုး ။ ၄၁၇ မမြောက် သော်လည်း ကိုယ်လေး လက်ဝန်ကြီး ဖြစ်နေပြီ ဆိုတော့ ဒီအမျိုးသားနဲ့ ရတယ်လို့ပဲ မွေးစာရင်းထဲမှာ ထည့်ရတော့မှာပေါ့ ။ ကလေးနဲ့ ပက်သက်တဲ့ တာဝန်ဟာ ဒီအမျိုး သားမှာ တာဝန်ရှိ သွားပြီ ။ သူနဲ့ရတဲ့ ကိုယ်ဝန်ဆိုတော့ ကလေးစရိတ် ပေးရမယ့် တာဝန် ရှိနေပြီ ။ နောက်တစ်ခုက ဘယ်လို အရေးယူ နိုင်မလဲ ဆိုတော့ ကောင်လေးမှာ တစ်လင် တစ်မယား ဥပဒေနဲ့ သွားငြိပါတယ် ။ ကိုယ်ဘက်က ပြတ်သားဖို့တော့ လိုပါတယ်လိုပဲ ဖြေကြား ပေးချင်ပါတယ် ။
ကူးယူ ဖော်ပြ ပါသည်။
# DVBlawlab # DVBtvnews # တစ်လင် တစ်မယား
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...