မြေကိစ္စများအတွက် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ အရေးပါပုံ

မြေနဲ့ ပတ်သက်လို့ ရောင်းဝယ် လွှဲပြောင်း ပေးကမ်း ပြုလုပ်ကြရာမှာ စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၂၁ အရ
မရွှေ့ပြောင်းနိုင်သော ပစ္စည်း ရောင်းဝယ် / ပေးကမ်း / စွန့်လွှတ် စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆိုလျှင် “ မြေပုံ / မြေရာဇဝင် ”
မပါ ရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်း မပြုရလို့ ပါရှိပါတယ် ။
" မြေပုံ မြေရာဇဝင် "ဆိုတာက အများသိတဲ့ ပုံစံ ၁၀၅ ၊ ၁၀၆ ဖြစ်ပြီး နှစ်စဉ်အမြဲ " ပြောင်းလဲ အတည်ပြု ရေးဆွဲနေရတဲ့ " မြေစာရင်း / မြို့တော်စည်ပင် / အိုး အိမ် " ဌာနတို့ရဲ့ ဌာနရှိ မှတ်တမ်းစာရင်းများအရ မူရင်းအပေါ်မှာ ကောက်နုတ် ရေးဆွဲပေးထားသော မိတ္တူ
ဖြစ်ပါတယ် ။ မြေနဲ့ ပတ်သက်လို့ မှန်ကန်မှု ရှိ / မရှိ ဆိုတာကို ဒီဌာနတွေ ကသာ တိုက်ဆိုင်စစ်ဆေး အတည်ပြု ပေးနိုင်ပါတယ် ။ ဒါ ကြောင့် ပုံစံ ၁၀၅ ၊ ၁၀၆ ဟာ စစ်မှန်မှု အတွက် အရေးပါလာ ရပါတယ် ။
ဌာနက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ သည် မြေပုံ / ပုံစံ ၁၀၆ သည် မြေရာဇဝင် ၊ ဒီနှစ်ရွက်ပေါင်းကို မြေပုံ / မြေရာဇဝင်လို့ ခေါ်ပါတယ် ။ မြို့နယ် မြေစာရင်း / မြို့တော်စည် / အိုးအိမ် ဌာနတို့က ထုတ်ပေးတဲ့ မြေပုံကလေးပါတဲ့ မြေပုံကို ပုံစံ ၁၀၅ ၊ မြေရာဇဝင်ပါတဲ့ စာရွက် ကို မြေရာဇဝင် ပုံစံ ၁၀၆ လို့ ခေါ် ပြီး ၂ ရွက် ပေါင်းလိုက်တော့ မြေပုံ / မြေရာဇဝင် ဖြစ်သွားပါတယ် ။
ပုံစံ ၁၀၅ ၊ ၁၀၆ ကို အရောင်းဝယ်စာချုပ် မှတ်ပုံတင် ပြုလုပ်ရာမှာ အသုံးပြုရုံတင် မဟုတ်ပါဘူး ၊ အိမ်အသစ် ဆောက်ရင် / အကြီး စား ပြင်ရင် / အဝီစိတွင်း တူးရင် / မြေကွက် ခွဲရင် / ခြံစည်းရိုး ခတ်ချင်ရင် / မှတ်တမ်းအဖြစ် သိမ်းထားချင်ရင် / လယ်ယာမြေ လုပ်ပိုင်ခွင့် လျောက်ရင် / ရောင်းချရင် / အခြားသော မြေယာ ကိစ္စရပ်တွေမှာ အသုံးပြု ရပါတယ် ။ ပုံစံ ၁၀၅ ၊ ၁၀၆ ရှိနေရုံနဲ့ မြေပိုင် တာတော့ မဟုတ်ပါဘူး ။ မြေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေကို မှန်မှန်ကန်ကန် သိနိုင်အောင် အသုံးပြုတာပါ။
ပုံစံ ၁၀၅ ၊ ၁၀၆ လိုချင်ရင် မြို့နယ် မြေစာရင်း / မြို့တော်စည်ပင် / အိုးအိမ် ဌာနများမှာ လျှောက်ထား ရယူနိုင်ပါတယ် ။ ဌာန သုံးခုဖြစ် နေရတာက မြေနေရာ အပေါ် မူတည်ပြီး စီမံတဲ့ ဌာနကွဲသွားလို့ ဖြစ်ပါတယ် ။ မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ နေရင် " မြို့တော်စည်ပင် " ၊ အိုးအိမ်ဌာန စီမံခန့်ခွဲတဲ့ မြေမှာဆိုရင် " အိုးအိမ်ဌာန " ၊ ကျန်မြို့များမှာ ဆိုရင် " မြေစာရင်း / လယ်စီအင်း "
ဌာနများမှာ ပုံစံ ၁၀၅ ၊ ၁၀၆ ကို လျှောက်ထားရယူနိုင်ပါတယ် ။
Crd #မျိုးမင်းထွန်း
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...