မိတ်ဆွေ တစ်ဦးက အကူအညီ တောင်းလို့ စာချုပ်နဲ့ ငွေသိန်း တစ်ရာကို နှစ်ကျပ်တိုးနဲ့ ချေးပေး ခဲ့ပါတယ် ။ သူ့အိမ်ရဲ့ ဂရမ်မူရင်း ကိုလည်း အာမခံအဖြစ် ပေးထားခဲ့ ပါတယ် ။ နှစ်လလောက်ပဲ အတိုးပေးပြီး နောက်ပိုင်း အဆက်အသွယ် မလုပ်တော့ပါ ။ လိမ်လည်မှုနဲ့ တရားစွဲလို့ ရမလား ။ ပြန်မဆပ်တော့ ဘူးဆိုရင် အိမ်ကို သိမ်းလို့ရ ပါသလား ။

မိတ်ဆွေ တစ်ဦးက အကူအညီ တောင်းလို့ စာချုပ်နဲ့ ငွေသိန်း တစ်ရာကို နှစ်ကျပ်တိုးနဲ့ ချေးပေး ခဲ့ပါတယ် ။ သူ့အိမ်ရဲ့ ဂရမ်မူရင်းကိုလည်း အာမခံအဖြစ် ပေးထား ခဲ့ပါတယ် ။ နှစ်လလောက်ပဲ အတိုးပေးပြီး နောက်ပိုင်း အဆက်အသွယ် မလုပ်တော့ပါ ။ လိမ်လည်မှုနဲ့ တရားစွဲ လို့ရမလား ။ ပြန်မဆပ် တော့ဘူးဆိုရင် အိမ်ကို သိမ်းလို့ရ ပါသလား ။
=================================
ချေးစဉ် တုန်းက စာချုပ်ချုပ် တဲ့နေရာက အရေးကြီး ပါတယ် ။ ဥပမာ- ငွေချေးတဲ့ ကိစ္စဆိုရင် ငွေချေးတာကို ချုပ် ထားမယ် ၊ ဂရန်အပ် ထားတာ မပါဘူး ။ ဂရန်ကို သီးသန့် အပ်ထားတယ် ဆိုပါတော့ ။ ငွေပြန်မပေးရင် ချေးငွေရ လိုမှုနဲ့ တောင်းရမှာပါ ။ အိမ်ကို အပိုင်သိမ်းလို့ မရပါဘူး ။ တကယ်လို့ ငွေပြန်မပေး နိုင်တဲ့အချိန် အိမ်လိုချင် တယ်ဆိုရင် စာချုပ်မှာ တစ်ခါတည်း ထည့်ချုပ်ရမယ် ။
ဘယ်လို ထည့်ချုပ်ရမလဲ ဆိုတော့ သူက ဂရန်ကို အာမခံအနေ နဲ့ပေးထားတယ် ၊ ငွေကို ပြန်မပေး နိုင်ဘူးဆိုရင် ငွေထုတ် ချေးပေးတဲ့သူက ဒီမြေကြီးနဲ့ ပက်သက်ပြီး ပိုင်ဆိုင်ခွင့် ကို တောင်းဆို ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ထည့် ထားပေး ရပါမယ် ။ အဲဒါဆိုရင် သူငွေပြန်မပေးနိုင်ရင် တရားစွဲ တဲ့အခါမှာ ချေးငွေရလိုမှု ၊ မပေးနိုင်ရင် မြေကြီးပါ စာချုပ်ပါ အတိုင်း လက်ရောက် ပေးအပ်စေလိုမှု ၊ ပိုင်ဆိုင်ခွင့်ကို အတည် ဖြစ်စေအောင် ဥပဒေ ပုဒ်မ ၁၂ အရ တရားစွဲ တောင်းဆိုလို့ ရပါတယ် ။ ဒါကြောင့် သူက စာချုပ် စချုပ်ကတည်းက အဲဒီ အချက်တွေကို ပြည့်ပြည့်စုံစုံ ထည့်ချုပ် ထားမယ်ဆိုရင် ဒီအခွင့်အရေး ကိုတောင်းဆို နိုင်ပါတယ် ဆိုတာ ဖြေကြား ပေးချင်ပါတယ်။
Credit ဥပဒေရေးရာ
Related Posts

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား
ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင် ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။
မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...