" လင် မယား ကွာရှင်း လျှင် သားသမီး အုပ်ထိန်းခွင့် ဘယ်သူ ရမလဲ "

“ လင် မယား ကွာရှင်း လျှင် သားသမီး အုပ်ထိန်းခွင့် ဘယ်သူ ရမလဲ ” လင် မယားတွေ ရန်ဖြစ်ပြီဆို မယားလုပ် သူက ကလေးခေါ်ဆင်း သွားတာ လင်က ကလေးခေါ် ဆင်းသွားတာတွေ ဖြစ်နေကျ / ပြီးမှ သားကို မအေ သမီးကို အဖေ ပိုင်တယ် ဆိုပြီး ကလေးလုကြ ပြဿနာ ဖြစ်ကြနဲ့ နောက်ဆုံး ကြားထဲက ၊ ကလေးက မြေစာပင် ဖြစ် / စိတ်ဒဏ်ရာ တွေရ ကလေးရှေ့ရေး မကောင်းဖို့ များသွားပြီ ( တကယ်တော့ ) ( သား ) ဆို အမေပိုင် ( သမီး ) ဆို အဖေပိုင် တယ်ဆိုတာ မြန်မာပြည်မှာမှ မဟုတ် ( ကမ္ဘာ့ ဘယ်နိုင်ငံ တရားရုံး ) ကမှ မဆုံး ဖြတ်ပါဘူး ။၂ယောက် ပေါင်းသင်းလို့ မွေးလာတဲ့ ကလေးဖြစ်လို့ ပိုင်ဆိုင်ခွင့် ဆတူရှိ ပါတယ် ။ ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ လူမျိူး / ယဉ်ကျေးမှု့ / ဓလေ့ ထုံးတမ်း စတာတွေကွာလို့ ပြဌာန်း ဥပဒေ ကွာကြပေမယ့် ကလေး အုပ်ထိန်းခွင့်ကို ဆုံးဖြတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွာဟမှု့ သိပ်မရှိ ကြပါဘူး ။ မြန်မာနိုင်ငံမှာ ကလေး အုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ ဓလေ့ ထုံးတမ်း အရ တရားရုံးတွေက အောက်ပါအတိုင်း ဆုံးဖြတ်ပေး ကြပါတယ် ။
( 1 ) ရင်ခွင် ပိုက်အရွယ် ( မွေးကင်းစမှ ၂ နှစ် ၃ နှစ် ) အထိ မိခင် သာလျင် အုပ်ထိန်းခွင့် ရပါမယ် ။
( 2 ) ကလေးရဲ့ ဆန္ဒ ပေါ်မူတည် ပါမယ် ။
( 3 ) မိဘ ၂ ပါးရဲ့ ဝင်ငွေ အဆင့်အတန်း ပေါ်မူတည် ပါမယ် ။
( 4 ) မိဘ ၂ ပါးရဲ့ အကျင့် စာရိတ္တပေါ် မူတည်ပါမယ် ။
( 5 ) ကလေး နေထိုင်ကြီး ပြင်းရမယ့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ပေါ်မူ တည်ပါမယ် ။
( 6 ) အဓိက အချက်ကတော့ ကလေးရဲ့ နောင်ရေးအား လက်ရှိ အနေထက် ပိုမို သာလွန်အောင် ဆောင်ရွက် နိုင်သူ ဖြစ်ရပါမယ် ။
စတဲ့ အချက်တွေပေါ် အခြေခံပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံ တရားအရ ကလေး အုပ်ထိန်းခွင့်ကို ဆုံးဖြတ် ပေးတာဖြစ်ပြီး ။ ( အထူး သတိပြု ရမှာက ) ကလေး အုပ်ထိန်းခွင့် ဆိုတာ အုပ်ထိန်းခွင့်ပဲ ပေးတာ ဖြစ်ကာ အပိုင်ပေး လိုက်တာ မဟုတ်တဲ့ အတွက် ၊အုပ်ထိန်းခွင့် မရသူက ကလေးကို လာတွေ့တဲ့အခါ ရုံးတော်ကသတ်မှတ်ပေးထားတဲ့အတိုင်း အခါအားလျော်စွာ တွေ့ခွင့်ပေးရပါမယ်။နင့် စရိုက်တွေ ကူးမှာစိုးလို့ / ရှင့်လို အရက်သမား ဖဲသမား ဖြစ်မှာစိုးလို့ ကလေးနဲ့ ပေးမတွေ့ နိုင်ဘူးတို့ ကလေးကို ဖွက်ထား တာတို့ ၊ကျိုးကြောင်း ညီညွတ်မှု မရှိတဲ့ အကြောင်းပြချက် တွေနဲ့ ကလေးကို တစ်နေရာ ပို့ထား တာမျိူးတို့ ( ဆိုရင်တော့ ) ရရှိပြီးသား ကလေးအုပ်ထိန်းခွင့်ကို ရုံးတော်က ပြန်လည် ရုပ်သိမ်းမှာ ဖြစ်ပါကြောင်း ကလေးအုပ် ထိန်းခွင့်နဲ့ ပတ်သက်လို့ သိလိုသူများ အတွက် ဖြေကြားပေးလိုက် ပါတယ် ။
ရေးသားသူ ဆရာ ခင်ဝင်း
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...