လူတိုင်း သိထား သင့်သော ဥပဒေ ရေးရာ အဖြာဖြာ ။

လူတိုင်း သိထား သင့်သော ဥပဒေ ရေးရာ အဖြာဖြာ ။ ယောက်ျား ( ပျို / အို ) နှင့် မိန်းမ ( ပျို / အို )တို့
ကျူးလွန်သော ကာမ ဆိုင်ရာ ပြစ်မှုများ -
( က ) မုဒိမ်းမှု ( ပုဒ်မ - ၃၇၆ )
( ခ ) ဓမ္မတာနဲ့ ဆန့်ကျင်သော ပြစ်မှု ( ပုဒ်မ - ၃၇၇ )
( ဂ ) ကာယ အိနြေ ဖျက်စီး ဆီးမှု ( ပုဒ်မ - ၃၅၄ )
( ဃ ) ထိမ်းမြားခြင်း ဆိုင်ရာ ပြစ်မှုများ ( ပုဒ်မ - ၄၉၃ - ၄၉၈ )
( င ) တစ်လင် တစ်မယား ဥပဒေ ဆိုင်ရာ ပြစ်မှု
( က ) မုဒိမ်းမှု ( ပုဒ်မ - ၃၇၆ )
လူ ယောက်ျားက လူမိန်းမ ( ပျို / အို ) အပေါ် အလိုမတူ ၊ အခွင့် မပေးဘဲ ပေါင်းသင်း စပ်ယှက်မှု မပြုရဘူး ။ ကြောက်အောင် ပြုပြီး မအိပ်ရဘူး ၊ အရွယ် မရောက်သေး သူကိုလဲ မပေါင်းသင်း ရဘူး ၊ မိမိ မယားဖြစ် သော်လည်း မအိပ်ရဘူး ၊ ကျူးလွန်သူ လူယောက်ျားကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းထိ ပြစ်ဒဏ် ချနိုင်တယ် ။
( ခ ) ဓမ္မတာ နှင့် ဆန့်ကျင်သော ပြစ်မှု
လူ ယောက်ျားဟာ လူ ယောက်ျားနဲ့ ၊ လူ မိန်းမဟာ လူ မိန်းမနဲ့ ၊ လူ ( ကျား / မ )ဟာ တိရိစ္ဆာန်နဲ့ လူ့ဓမ္မတာ အတိုင်း မဟုတ်တဲ့နည်းနဲ့ ကာမစပ်ယှက်ရင် ထောင်ဒဏ် တစ်သက် တစ်ကျွန်းထိ ပြစ်ဒဏ် ချနိုင်တယ်တဲ့ ။ အထိအတွေ့ ကာမဂုဏ် အာရုံကို လွဲလွဲ မှားမှား ၊ ဖောက်ဖောက် ပြန်ပြန် ခံစားတာတဲ့ ။ လူသား ဓမ္မတာ အတိုင်း မဟုတ်တဲ့ အပြုအမူတဲ့ ။ ( အာမခံ မရဘူး ၊ တသက် တကျွန်းတဲ့ သွားမစမ်းနဲ့ )
( ဂ ) ကာယ အိနြေ ဖျက်စီး ဆီးမှု ( ပုဒ်မ - ၃၅၄ )
မိန်းမတစ်ဦးကို ကာယ အိနြေ ပျက်အောင် လက်ရောက်မှု မလုပ်ရဘူး ( ထောင် ၂ - နှစ် ) သူတစ်ပါးရဲ့ သားပျို / သမီးပျိုအပေါ်ကို ( စိတ်ထဲက ဘယ်လောက် ပြစ်မှား ၊ ပြစ်မှား ) ကိုယ်ထိ လက်ရောက် စော်ကား ကျူးလွန်တာ မလုပ်ရဘူး ။ ထိတယ် ၊ တို့တယ် ၊ ကိုင်တယ် ၊ ဆွဲတယ် ၊ နှိပ်တယ် ၊ ညှစ်တယ် ၊ ဖက်တယ် ဆိုတဲ့ ကိုယ်ထိ လက်ရောက် အပြုအမူကြောင့် ထောင်ကျ နိုင်ပါတယ်။
( ဃ ) ထိမ်းမြားခြင်း ဆိုင်ရာ ပြစ်မှုများ
ပုဒ်မ - ၄၉၃ တရား၀င် ထိမ်းမြားကြောင်း ယုံအောင် လှည့်ဖြား ပြောဆိုပြီး အတူအိပ်ရင် ( ၁၀ ) နှစ် ။ ( အတုအယောင်လိမ်လည် လက်ထပ်ပြီး ပေါင်းသင်း အိပ်စက် သွားခြင်း ။ ပုဒ်မ-၄၉၄ အထက်လင် ၊ အထက် မယားရှိ၍ နောက်ထပ် ထိမ်းမြားခြင်း အတည် မဖြစ်နိုင်ဘဲ နောက်ထပ် ထိမ်းမြားရင် ( ၇ ) နှစ် ။ ပုဒ်မ-၄၉၅ ယခင် ထိမ်းမြား ခဲ့ခြင်းကို အသိမပေးဘဲ ထပ်မံ ထိမ်းမြားခြင်း (၁၀)နှစ် ။ ပုဒ်မ-၄၉၆ မရိုးဖြောင့် သောသဘော ၊ လိမ်လည် လှည့်ဖြား၍ တရား၀င် ထိမ်းမြားခြင်း မမြောက်မှန်း သိလျှင် ထိမ်းမြားသည့်အခမ်းအနား လုပ်ရင် ( ၇ နှစ် ) ( အတုအယောင် ထိမ်းမြားခြင်း အခမ်းအနား လုပ်ခြင်း ) ပုဒ်မ - ၄၉၇ ( မယားခိုးမှု ) လင်ရှိ မယား ( အအို ) ကို လင် သဘောမတူဘဲ ကာမစပ် ယှက်လျှင် ထိုယောက်ျား ( ပျို / အို ) ကို ( ၅ နှစ် ထောင်ဒဏ် ) ထိုအမှုမျိုး၌ မယား ဖြစ်သူကို အားပေး ကူညီသူ အဖြစ်ဖြင့် ပြစ်ဒဏ် မထိုက်စေရ တဲ့ အခု မရတော့ဘူး ( ၁ - ၉ -၂၀၁၅ ) ကစပြီး မိန်းမကိုလည်း ထောင်ဒဏ် ( ၇ )နှစ်တဲ့ ။ ပုဒ်မ - ၄၉၈ လင်ရှိမယားကို လင်ထံမှ ခေါ်သွားလျှင် ၊ ဝှက်သိမ်း ထားလျှင် ( ၂ )နှစ် ။
တစ်လင် တစ်မယား ဥပဒေ ဆိုင်ရာ ပြစ်မှုများ
( က ) ( ၁ - ၉ - ၂၀၁၅ ) နေ့ကစပြီး ပြဌာန်း အတည် ဖြစ်တယ် ။
( ခ ) လွတ်လပ်သူ လူယောက်ျားနဲ့ လူမိန်းမဟာ ဒီနိုင်ငံမှာ တစ်လင် တစ်မယား ပဲယူခွင့် ရှိတယ် ။ ( ဘာလူမျိုး ဖြစ်စေ ၊ ဘာဘာသာ ကိုးကွယ် ကိုးကွယ် အားလုံး အကျုံး၀င်တယ် )
( ဂ ) အိမ်ထောင်သည် ယောက်ျား ( အအို ) ၊ မိန်းမ ( အအို ) ဟာ အခြားသူနဲ့ ထပ်မံ မထိမ်းမြားရ ၊ မပေါင်းသင်းရ ၊ ပေါင်းရင် / အိပ်ရင် ( ထောင် - ၇ နှစ် ) ( ပုဒ်မ - ၁၃ ) အိမ်ထောင်သည် မိန်းမလဲ ထောင်ကျမယ် ။
( ဃ ) နောက်မိန်းမ / ယောက်ျား ( ယူသူ / အိပ်သူ ) ဟာ လင်မယား နှစ်ဦးပိုင် ပစ္စည်းက မိမိဝေစု ဆုံးရှုံးတယ် ။
( င ) ဒီနိုင်ငံ ရောက်နေ / ရှိနေတဲ့ အခြားဘာသာ ၀င်တွေနဲ့လည်း သက်ဆိုင်တယ် ။ ဒီနိုင်ငံမှာတော့ ထပ်ယူလို့ မရတော့ဘူး ။
မူရင်း credit
( ဆရာမ ဒေါ်လှလှမော် အကောင့်မှ ကူးယူ ဖော်ပြပါသည် ။)
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...