အဆောက် အအုံဆောက် လုပ်ခွင့် လျှောက်ထားခြင်း နှင့် သိမှတ် ဖွယ်ရာများ

အဆောက် အအုံဆောက် လုပ်ခွင့် လျှောက်ထားခြင်းနှင့် သိမှတ် ဖွယ်ရာများ
RC ( ၁ ) ထပ် / SS ( ၁ ) ထပ်မှ RC ( ၄ ) ထပ် / SS ( ၄ ) ထပ်ဆောက် လုပ်ခွင့်ပြု မိန့်လျှောက် ထားခြင်း
၁ ။ လျှောက်ထား ခွင့်ရှိသူ
- မြေပိုင် ဆိုင်မှု အထောက်အထား ခိုင်လုံမှု ရှိသူ
- ဉပဒေ နှင့်အညီ မြေအသုံးချခွင့် ခိုင်မာစွာ ရရှိထားသူ
၂ ။ လျှောက်ထား ရမည့် ဌာန - အဆောက်အအုံ နှင့် ကုန်ရုံဌာန
၃ ။ ပူးတွဲ တင်ပြရမည့် စာရွက် စာတမ်းများ ၊ ပိုင်ဆိုင်မှု အထောက် အထားများ ၊ ထောက်ခံချက်များ
( က ) မြေယာပုံစံ ( ၁၀၅ ) မူရင်း ( အဆောက် အအုံ ဆောက်လုပ် မိန့်လျှောက် ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ် အတွင်းရေးကူးထား သောမြေပုံ )
( ခ ) မြေပိုင်ဆိုင်မှု အထောက် အထားများ ( G.P / S.P ကျမ်းကျိန်ချက် အမွေဆက်ခံ စာချုပ် ၊ အရောင်း အဝယ် စာချုပ် ၊ တရားရုံးအနိုင်ဒီဂရီ ) မိတ္တူများ
( ဂ ) လျှောက်ထား သူ၏ မှတ်ပုံတင် မိတ္တူ
( ဃ ) လျှောက်ထား သူ၏ အိမ်ထောင်စု ဇယား မိတ္တူ
( င ) အိမ်ရှင်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့၏ ထွက်ဆိုချက် ( ၁ စုံ )
( စ ) ဘေးပတ် ဝန်းကျင်၏ သဘော တူညီချက် နှင့် ရပ်ကွက် အုပ်ချုပ် ရေးမှူးတို့ ထောက်ခံချက်
( ဆ ) အဆောက်အဦ ပုံစံA1ဆိုဒ် ( ၃ ) စုံနှင့် ( Autocad Drawing ( ၁ ) စုံ ၊ PDF Soft Copy ( ၁ ) စုံ )
- Location Plan
- Building Layout Plan
- Floor Plan
- Cross-section ( လှေကားအား ဖြတ်ဆွဲ ထားသောပုံ )
- Beam, Column and Foundation Plan
- Elevation ( Front, Back, side )
- Structure Design Detail
( ဇ ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ
(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့် တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။
( ည ) Septic Tank Design (၃)စုံ (A-3)size
- Plan
- Section
- Design Calculation
- လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။
( ဋ ) သတင်းစာကြော်ငြာ - (အဆောက်အအုံအမျိုးအစားနှင့်အသုံးပြုရန် ရည်ရွယ်ချက် ပြည့်စုံစွာ ပါဝင်သော သတင်းစာကြော်ငြာ)
( ဌ ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ
( ဍ ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ
( ဎ ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်း
အဆောက်အအုံ ဆောက်လုပ် ခွင့်ကို အောက်ပါ အတိုင်း စိစစ်ပါတယ်
၄ ။ စစ်ဆေး ဆောင်ရွက်ပုံ အဆင့်ဆင့်
- အိမ်ဆောက် မိန့်လျှောက် လွှာတွင် ပါရှိသည့် အချက်အလက် များပြည့်စုံပါက အမှုတွဲအား လက်ခံ၍ လိုအပ်သည့် စာရွက် စာတမ်းများ ပူးတွဲခြင်း
- မြို့နယ် အင်ဂျင်နီယာမှ သက်ဆိုင်ရာ အကွက်တာဝန်ခံ အင်ဂျင်နီယာ များသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါက စစ်ဆေး တွက်ချက်ပြီး အဆင့်ဆင့် တင်ပြခြင်း ( သို့မဟုတ် ) အကွက်တာဝန်ခံ အင်ဂျင်နီယာမှ ကွင်းဆင်း စစ်ဆေး၍ ကြိုတင်ဆောက်လုပ် ထားပါက ဒဏ်ကြေး ငွေအား တွက်ချက်၍ အဆင့်ဆင့် တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေး ငွေပေး ဆောင်ရန် အကြောင်းကြား စာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင် ပြီးပါက အဆင့်ဆင့် တင်ပြခြင်း
- ဌာနမှူးမှ ကော်မတီသို့ အဆင့်ဆင့် တင်ပြခွင့်ပြု ချက်ရယူခြင်း
- ကော်မတီမှ ခွင့်ပြုသည့် အမှုတွဲများအား ငွေသွင်းရန် လျှောက်ထား သူထံသို့ အကြောင်းကြားခြင်း ၊ ငွေသွင်း လက်ခံ ဆောင်ရွက်ခြင်း၊ ခွင့်ပြု မိန့်ရရှိရေး ဆောင်ရွက် ခြင်းနှင့် ခွင့်ပြုမိန့် ထုတ်ပေးခြင်း
၅ ။ အတည် ပြုချက် ၊ ခွင့်ပြုချက် ရယူခြင်း
• RC ( ၁ ) ထပ် / SS ( ၁ ) ထပ်မှ RC ( ၃ ) ထပ် / SS ( ၃ )ထပ်ထိ အဆောက်အဦခွင့်ပြုမိန့်များအား ကော်မတီ ဝင်ထိ အတည်ပြုခွင့်ပြုချက် ရယူခြင်း
၆ ။ ခွင့်ပြုချက် ထုတ်ပေး သည့်အထိ ကြာမြင့် နိုင်သည့် အချိန်ကာလ သတ်မှတ်ချက်
• သတ်မှတ် စာရွက် စာတမ်း များပြည့်စုံပြီး အချိန်နှင့် တစ်ပြေးညီ ကွင်းဆင်း စစ်ဆေးခ ပေးသွင်းပြီးသည် အထိ ( ၃၀ ရက် ) ၊ အများဆုံးကြာမြင့် နိုင်သည့်ရက် ( ၆၀ရက် )
၇ ။ သတ်မှတ် ကာလထက် ကျော်လွန် နိုင်သည့် အကြောင်း အရာများ
• အိမ်ရှင်မှ ကွင်းဆင်း စစ်ဆေးခနှင့် စုပုံခွန်ပေး သွင်းရန် နောက်ကျခြင်း
• ဘေးပတ် ဝန်းကျင် အိမ်များမှ ကန့်ကွက်ခြင်း
• မြေပြင် နှင့် မြေပုံ ကိုက်ညီမှု မရှိခြင်းအား ပြန်လည် စိစစ်ရခြင်း
• မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း
• မြေပိုင်ဆိုင်မှု နှင့် ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း
• သက်ဆိုင်ရာ မီးသတ် ဦးစီးဌာန၏ စစ်ဆေး ပြန်ကြားချက် အချိန်မီ မရရှိခြင်း ကြိုဆောက် ထားပါက ကြိုဆောက် ဒဏ်ကြေးမပေးဆောင်ခြင်း
ကိုးကား -
မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ နည်းဥပဒေများ
မှတ်ချက် ၊ နေပြည်တော် ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ တို့သည်လည်း အဓိက အချက်များမှာ တူညီပါသည် ။
ရေးသားသူ
ဆရာကြီး မိုးထက်( ၂၉ . ၁၂ . ၂၀၂၀ ) ရက်နေ့ နံနက်ပိုင်း ( ၁၀ ) နာရီ ( ၄၀ ) မိနစ်
Credit-OriginalUploder
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...