အိမ်ခွန် အမည်ပြောင်း လျှောက်ထား ရာတွင် ပါဝင်ရမည့် အချက်အလက်များ ကို သိရှိနိုင်ရန် အတွက် မျှဝေ လိုက်ပါသည် ။

အိမ်ခွန် အမည်ပြောင်း လျှောက်ထား ရာတွင် ပါဝင်ရမည့် အချက်အလက်များ ကို သိရှိနိုင်ရန် အတွက် မျှဝေ လိုက်ပါသည်။
အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင် လျှောက်လွှာ ပုံစံတွင် ဖြည့်စွက်၍ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-
( က ) အမည်ပြောင်း လျှောက်ထား သည့်မြေနှင့် အဆောက်အအုံ ပိုင်ဆိုင်မှု အဆက်ဆက်၏ အမွေ ဆက်ခံ ၊ ပေးကမ်း ၊ စွန့်လွှတ် မှတ်ပုံတင် စာချုပ်နှင့် တရားရုံး ဒီကရီ အစရှိသည့် အထောက်အထား ၊ ဂရန်နှင့် ဘိုးဘွားပိုင် မှတ်တမ်း မိတ္တူများ
( ခ )အခွန်ဌာနမှ ပစ္စည်းခွန် ကောက်ခံ ပြီးသည့် အိမ်ခွန်ပြေစာ မူရင်း(သို့မဟုတ်) မိတ္တူတစ်စောင်
( ဂ )လျှောက်ထား သူ၏ အိမ်ထောင် စုဇယားနှင့် နိုင်ငံသား စိစစ်ရေး ကတ်မိတ္တူ
( ဃ ) သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၏ မြေနှင့် အဆောက် အအုံအား အမှန်တကယ် နေထိုင် ပိုင်ဆိုင်ကြောင်း ထောက်ခံချက်
( င ) အမည် ပြောင်း လျှောက်ထားသည့် အဆောက် အအုံအတွက် အိမ်ခွန်ကြွေးကျန် ကင်းရှင်းကြောင်း အခွန်ဌာန၊ ငွေကျန်တောင်းဌာနစုမှ ထုတ်ပေးသော ထောက်ခံချက်
အထက်ပါ စာရွက် စာတမ်းများ ပြည့်စုံစွာ တင်ပြလာပါက -
၁ ။ ပြီးပြည့် စုံသော အိမ်ခွန် အမည်ပြောင်း အမှုတွဲများ ကြာမြင့်ချိန် ( စုစည်း၍ သတင်းစာ၌ ဖော်ပြခြင်း )
( က ) ကန့်ကွက်ရန် ရှိ / မရှိ သတင်းစာ ကြော်ငြာပြီး ကြာချိန် - ၁၄ရက်
( ခ ) ကန့်ကွက် ချက်မရှိပါက မြေတိုင်း ကွင်းဆင်းချိန် - ၄ရက်
( ဂ ) ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီး ကြာချိန် - ၁၅ရက်
( ဃ ) စုစည်း ဆောင်ရွက်ပါက တစ်ဦးလျှင် အမည်ပြောင်း လျှောက်လွှာခ ၅၀၀ / နှင့် သတင်းစာ ကြော်ငြာခ ကျပ် ၆၅၀၀ / - ကျသင့်မည်ဖြစ် ကြောင်း ကြော်ငြာခွန် ကျသင့်ရန်
( ၄ ) ဦး အနည်းဆုံးရှိမှ ကြော်ငြာ ထည့်၍ ဆောင်ရွက် နိုင်ပါသည် ။
၂ ။ တစ်ဦးတည်း ပြီးပြည့်စုံသော အိမ်ခွန် အမည် ပြောင်းအမှု တွဲများ ကြာမြင့်ချိန် ( တစ်ဦးတည်း သတင်းစာ၌ ဖော်ပြခြင်း )
( က ) ကန့်ကွက်ရန် ရှိ / မရှိ သတင်းစာ ကြော်ငြာပြီး ကြာချိန် - ၁၄ ရက်
( ခ ) ကန့်ကွက်ချက် မရှိပါက မြေတိုင်း ကွင်း ဆင်းချိန် - ၁ ရက်
( ဂ )ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီးကြာချိန် - ၁၅ရက်
( ဃ ) တစ်ဦးတည်း အမည်ပြောင်း ဆောင်ရွက်လိုပါက အမည်ပြောင်း လျှောက်လွှာခ ၅၀၀ / နှင့် သတင်းစာ ကြော်ငြာခ ကျပ် ၁၈၀၀၀ /- ကျသင့် ပါမည် ။
၃ ။ အထက်ပါ စာရွက် စာတမ်း များအား ပြည့်စုံမှုရှိပါက အိမ်ခွန် အမည်ပြောင်း လျှောက်ထားမှုကို ကန့်ကွက် မည့်သူ ရှိ / မရှိ သတင်းစာ ကြော်ငြာကာ သတင်းစာ ကြော်ငြာ၍ ( ၂ ) ပတ်ပြည့်ပြီး ကန့်ကွက် မည့်သူမရှိပါက ကော်မတီသို့ အဆင့်ဆင့် တင်ပြ၍ ကော်မတီ အစည်းအဝေးမှ အမည်ပြောင်း ခွင့်ပြုချက် ရရှိပါက အောက်ပါ အမည်ပြောင်း နှုန်းထားများ ပေးသွင်း ဆောင်ရွက် ရပါမည် ။
( က ) ထရံကာ ၊ ပျဉ်ကာ အဆောက်အဦ ကျပ် ၂၀ဝ၀ဝ /-
( ခ ) နံကပ် ( ၁ ) ထပ်မှ RC တိုက် ( ၃ ) ထပ်ထိ ကျပ် ၅၀ဝ၀ဝ /-
( ဂ ) RC တိုက် ( ၄ ) ထပ်နှင့် အထက် အဆောက်အဦ ကျပ် ၇၀ဝ၀ဝ /-
၄ ။ အဆောက်အဦး ကွင်းဆင်း တိုင်းတာခ နှုန်းထား များအား အောက်ပါအတိုင်း ပေးသွင်း ဆောင်ရွက် ရပါမည် -
( က ) ထရံကာ ၊ ပျဉ်ကာ အဆောက်အဦ ကျပ် ၁၀ဝ၀ဝ /-
( ခ ) နံကပ် ( ၁ ) ထပ်မှ RC တိုက် ( ၃ ) ထပ်ထိ ကျပ် ၂၀ဝ၀ဝ /-
( ဂ ) RC တိုက် ( ၄ ) ထပ်နှင့် အထက် အဆောက်အဦး ကျပ် ၃၀ဝ၀ဝ /-
မှတ်ချက်
( က ) အမည်ပြောင်း ကန့်ကွက်မှု ရှိပါက ဆိုင်းငံ့
( ခ )ကွင်းဆင်း တိုင်းတာချိန် အိမ်ရှင် မရှိပါက ဆိုင်းငံ့
လျှောက်ထားရန် လိပ်စာမှာ
သို့
ဌာနမှူး
အခြန္ဌာန
ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ( သို့မဟုတ် ) မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ စသည်ဖြင့်လျှောက်ထားရန် ဖြစ်ပါသည် ။ ဆိုင်ရာ ဌာနတွင် လျှောက်လွှာ ပုံစံတောင်းယူ နိုင်ပါသည် ။
crd .....ဆရာကြီးမိုးထက်
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...