ကန်ထရိုက် တိုက်ဝယ်ရင် မိုးတွင်းကို ဝယ်.. မိုးတွင်းဆိုရင် နံရံရေစိမ့်တာ သိနိုင်တယ် အပေါ် ဆုံးထပ် ကိုဝယ်ရင် မျက်နှာ ကျက်ကနေ ရေယို မယို စစ်ရမယ် ၊ မိုးတွင်းတော့ သိသာပေမယ့် နွေဆို မသိနိုင်ဘူး ၊ ဘေးလှေ ခါးလား ၊ အလယ်လှေ ခါးနဲ့နှစ်ခန်း တွဲရင်ခွဲ လားကြည့် ရမယ်..

ကန် ထရိုက် တိုက် ဝယ် ရင် မိုးတွင်းကို ဝယ်.
�မိုးတွင်းဆို ရင် နံရံ ရေစိမ့် တာ သိ နိုင် တယ်..
�အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ ကျက် က နေ ရေ ယို မယို စစ် ရ မယ် ၊မိုးတွင်းတော့ သိသာ ပေမယ့် နွေဆို မသိနိုင်ဘူး၊
ဘေး လှေခါး လား ၊အလယ် လှေခါးနဲ့ နှစ်ခန်း တွဲရင် ခွဲလားကြည့် ရမယ်..
�နှစ်ခန်းတွဲ ရင်ခွဲတိုက် တွေရဲ့ အပေါ်ဆုံး အလွှာ မှာ အလယ်မြင်းမို ကိုအုတ်စီ ထားသလား..
�ဒါမှ မဟုတ် သံဇကာ ကာထား သလားကြည့် ရမယ်..
�နို့မို ဆို တစ်ဘက် ခန်းနဲ့ တဘက်ခန်း မျက်နှာကျက် ကနေကူးနိုင် တာမို့ လုံခြုံမှု မရှိနိုင်ဘူး။
� နောက် ဖေးမိလ္လာ ကန်တွေ အနံ့ထွက် ပိုက် ( ခေါ် ) လေ ပိုက် တပ်ဆင် ထားမှုလည်း စစ်ဆေး ရမယ်..
�အနံ ထွက်ပိုက် လေပိုက် တပ်ဆင် ထားမှုစံနစ် မကျရင် မိလ္လာနံ့တွေ အခန်းထဲ ဝင်လာ နိုင် တယ်။
�နောက် ဖေးအရေး ပေါ် လှေကား ကတော့ အာစီ တွေ ချည်ပါပဲ ၊ ဒါပေမဲ့ လက်ရန်း တွေက စတီးလား ဟော်လိုလား ကြည့်ရမယ်..
�စတီးဆို မဆွေးဘူး ဟော်လိုဆို ရင် သံ ချးကိုက် ပြီးဆွေးမယ်..
�နောက် ဖေးအဝတ် လှမ်းတဲ့အခါ အ ရေးပေါ် လှေကားက မဖြစ် မ နေဆင်းရ တဲ့အခါ လက် ရန်း ဆွေးနေ ရင် အန္တရာယ် ရှိတယ် ။
�မြေညီ စက်ခန်းက ရေ လှောင် ကန်ရေလုံ မလုံလည်း စုံစမ်းရမယ် ရေ မလုံလို့တော့ လုံးဝမဝယ် နဲ့ ၊ တစ် ချို့ စေတနာ ပါ တဲ့ ကန်
ထရိုက် တွေက မြေအောက် ရေလှောင် ကန်ကို ကြွေပြားပါ ကပ်ပေးတာ ၊ ရေကန် ဆိုတာပုံမှန် ရေလှယ် ဆေး ကြောရတော့ ကြွေ ပြားကပ်တာ ကောင်းပါတယ် ။
�နောက် ရေ လှောင် ကန် အဖုံးအဖုံး အနားကွပ် က ၆ လက်မလာက် မြင့်ထားရ တယ် ၊ ရေမော်တာ ရေစုပ်ပိုက် က ရေထွက်ပေါက် ကို ၂လက် မ ပိုက် ၆လက် မလောက် စွပ်ပြီး မဆလာ နဲ့ပိတ် ထားရ တယ် ၊ ရေကန် ရေပြည့် လို့ ရေလျှံရင် ရေကန်အဖုံး စလပ်က မကောင်းတဲ့ရေ တွေကန်ထဲ မကျတော့ဘူး ၊ အပြင်ဘက် ကိုလည်းရေ ဆင်းကောင်း အောင်လျှော စောက်လုပ် မလုပ် ကြည့်ရတယ် ။
� လူနေ ပြီးသားတိုက် ကို ဝယ်တဲ့အခါ တိုက်ဆောက် လုပ်တဲ့ရာဇဝင် ကိုမသိနိုင် ပေမယ့် ခန့်မှန်းလို့တော့ ရပါတယ်။
�ဘေးဝဲယာ ၊ ရှေ့နောက် စောင်းမ စောင်းမျက်မြင် နဲ့ခန့်မှန်းပေါ့ ၊နောက် မြေညီတိုင် ( Column ) အရွယ်အစား ကိုကြည့် ၊ တစ်ချို့
၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ 9"×12" အရွယ် တွေလုပ် ထားတာ ၊ နံရံတွေ အက်ကွဲမှု ရှိ မရှိ လည်းမျက်မြင် နဲ့လေ့လာ
လို့ရပါတယ် ။
� ၆ထပ် တိုက်တစ်လုံး တွေ့ဘူးတယ် အုတ်စီပြီး ရှေ့ကိုငိုက် သွားလို့ အပေါ် ဆုံး ပါရာပတ်ကနေ ကြိုးဆွဲ ပြီးပလာစတာ လုပ်လိုက် တာတစ်တိုက်လုံး စကွဲယားကျ ဖြစ်သွားတယ် အတွင်းကော်လာ တွေပါလိုက် ချောပြစ် ရတာပေါ့ ၊ နောက်တိုက် တစ်လုံးကျတော့ အ ရှေ့နောက် Level တိုက် တာ ၉"လောက် ကွာနေလို့ ညီအောင် ပြန်ခင်းတာ တွေတယ် အဲဒီတော့ တိုက်ကဝန် ပိုတွေများ
လာတာပေါ့ ။
� ကွန်ဒို မဟုတ်ပဲ ရိုးရိုးဖောင် ဒေးရှင်း တိုက်တွေ ဝယ်ရင်သေချာ နားလည်တဲ့ သူနဲ့ဝယ်မှ ၊ မင်္ဂလာတောင်ညွန့် ထဲမှာ တိုက်
တစ် လုံးမြေထဲ ကြွံဝင် သွားတာမြေ ညီတစ်ထပ် လုံးမြေထဲ ရောက်သွားတယ် ။
�အခု ကန်ထရိုက်တိုက် တွေဆောက်နေ တာအင်ဂျင်နီယာ မပါဘူး ၊ အင်ဂျင်နီယာ ဆိုတာလက် မှတ်ထိုးရုံပဲ ၊ ပန်းရံလက်သမားတွေ က ပဲ ဦးစီးနေတာ ၊ သံချောင်းရယ် ကျောက်ရယ် သဲရယ် ဘိလပ်မြေရယ် တွေ့ရင် အာစီဖြစ်တာပဲ ဆိုတဲ့ အသိစွဲနေကြတာ ။
�၆လွှာ အ ပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ် ရတာ ၊သိန်း၂၀၀ ဆို တာ ပလုံ သွားရင် ပြန် ရှာ လို့မလွယ် တဲ့ ခေတ် ကြီးမှာ တိုက်ခန်းဝယ် မယ် ဆို သေ သေ ချာ ချာ စဉ်းစားပေါ့။
� ပြီးစလွယ် ဆောက်တဲ့ ကန်ထရိုက်တွေ အနေနဲ့ မကျေနပ်လည်း မတတ်နိုင်ဘူး ၊ အမြတ်ကို အဓိကမထား ပဲ လူပေါင်း များစွာရဲ့ဘဝ ၊အသက် တွေ ၊ ချွေးနည်းစာတွေ ကိုမသမာတဲ့ နည်းနဲ့မဖျက် စီးပါနဲ့မရ ယူ ပါနဲ့ ၊ ဆရာဝန်မှားရင် အသက်တစ်ချောင်းပဲ ဆုံးရှုံးမယ် ကန် ထရိုက် ပြီးစလွယ် လုပ်ရင်အသက် ပေါင်းများစွာဘဝ ပေါင်းများစွာ ဆုံးရှုံးမယ်။
� အင် ဂျင် နီယာ အစားကန် ထရိုက် လို့ ဘာ ဖြစ် လို့ပြော ရတာ လည်းဆို တော့ အင် ဂျင် နီယာ တာဝန် ယူ ရ တဲ့ တိုက် က ကွန် ဒို ကလွဲ ရင် မရှိ သ လောက် ပဲ မို့ လို့ပါ။
Credit-OriginalUploder
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...