စာချုပ်စာတမ်း ရေးသားရာတွင် ဆောင်ရန် ၊ ရှောင်ရန် အချက်များ

စာချုပ်ရေးပုံ ရေးနည်း
စာချုပ်စာတမ်း ရေးသားရာတွင် ဆောင်ရန် ၊ ရှောင်ရန် အချက်များ
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့ စကားနဲ့ ရေးသားဖို့ လိုတယ် ။ ချုပ်ဆိုသူရဲ့ ကြံရွယ်ချက် သဘောထားကိုထင်ရှား သိသာအောင် ရေးရတယ် ။ တရားဥပဒေပါ ခဲရာခဲဆစ် စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ ။ လိုအပ်တဲ့ အချက်တွေကို စေ့စုံ ကုံလုံအောင် ထည့်သွင်း ရေးသားရတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ပဋိညာဉ် တစ်စုံတစ်ရာကို လုပ်ရင် အဲ့ဒီစာချုပ်မှ တစ်ပါး အခြားသက်သေကို လက်ခံခွင့် မရလို့ဘဲ ။
စာချုပ်မှာ ခု ၊ လ ၊ ရက်တို့ကို တိတိကျကျ သေသေချာချာ ရေးဖို့ လိုတယ် ။ အင်္ဂလိပ် သက္ကရာဇ်နဲ့ မြန်မာသက္ကရာဇ်တွေကို ပြိုင်တူ
တွဲပြီး ရေးသားသင့်ပါတယ် ။
ပစ္စည်းနဲ့ ပတ်သက်ပြီး အကြောင်းအရာ ရေးသားရင် ပစ္စည်းစာရင်းကို စာချုပ်နောက်ပိုင်းမှာ ပစ္စည်းဇယားအနေနဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြ ရပါတယ်။
ချုပ်ဆိုတဲ့ စာချုပ်ဟာ ဘယ်လို အမျိုးအစားဖြစ်တယ် ဆိုတာ အလွယ်တကူ သိနိုင်အောင် စာချုပ်ခေါင်းစဉ် ဖော်ပြရပါတယ် ။
စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးသူရဲ့ အမည် ၊ နိုင်ငံသား မှတ်ပုံတင် အမှတ် ၊ နေရပ်လိပ်စာတွေ ရေးသား ရပါမယ် ။
စာချုပ် ချုပ်ဆိုရာမှာ ပါဝင်ရမည့် ပုဂ္ဂိုလ်ဟာ အသက်အရွယ် မပြည့်သူ မဖြစ်ရပါဘူး ။ တကယ်လို့ အသက်အရွယ် မပြည့်သေးတဲ့သူဖြစ်နေရင် အုပ်ထိန်းသူက လက်မှတ်ရေးထိုး ရပါမည် ။ ဘာဖြစ်လို့လဲ ဆိုလျှင် အသက်မပြည့်သူက ပဋိညာဉ် ပြုပိုင်ခွင့် မရှိ၍ ဖြစ်သည်။စိတ်မနှံ့သူ ဖြစ်လျှင်လည်း ပဋိညာဉ် ပြုပိုင်ခွင့် မရှိ ။
တချို့ ပုဂ္ဂိုလ်တွေဟာ စာချုပ် ချုပ်ဆိုရာမှာ ကိုယ်တိုင်ကိုယ်ကျ မပါဝင်ဘဲ ကိုယ်စားလှယ်နဲ့ ချုပ်ဆိုကြတာလည်း ရှိပါမည် ။
ဦးဘ၏ ကိုယ်စားလှယ်စာရသူ စသည်ဖြင့် လက်မှတ် ရေးထိုးနိုင်ပါတယ် ။ ဒါပေမယ့် လက်မှတ်ရေးထိုးတဲ့ ဦးမောင်မောင်ဟာ ဦးဘရဲ့ကိုယ်စားလှယ်စာရသူ ဖြစ်ရပါမည် ။
စာချုပ်မှာ - နိဒါန်း
- အဖိုးစားနား
- ပိုင်းခြား ဝေငှခြင်း
- စည်းမျည်းနဲ့ သတ်မှတ်ချက်
- အကျိုးခံစားခွင့် ဆိုင်ရာ ဖော်ပြချက်
- ဖော်ထုတ် ပြုလုပ်တဲ့ သဘောတူညီမှု နဲ့ တာဝန်ယူခြင်း
- နိဂုံး
- လက်မှတ်နဲ့ မှန်ကန်ကြောင်း လက်မှတ် ရေးထိုးခြင်း
- ထပ်ဆင့် လက်မှတ်ရေးထိုးခြင်းနဲ့ နောက်ဆက်တွဲ စာချုပ်ဆိုတဲ့ အပိုင်းတွေ သူ့စာချုပ် အလိုက် ပါရှိရမည် ။
စာချုပ်တွေကို ရေးထိုးရာမှာ ဖျက်ရာမပါအောင် ရေးရပါမယ် ။ အကယ်၍ ဖျက်ရာရှိခဲ့လျှင် ဖျက်ရာနေရာမှာ နှစ်ဦးနှစ်ဖက် လက်မှတ် ရေးထိုးရပါမယ် ။
ငွေပမာဏကို ဂဏန်းနဲ့ ရေးရမယ့် အပြင် စာနဲ့လည်း ရေးရမည် ။ စာရေးရာမှာ နောက်ထပ် ဖြည့်စွက်ရေးတာမျိုး မရှိနိုင်အောင်
ကြားလပ် မရှိစေဘဲ မျဉ်းကြောင်း စိပ်စိပ် ရေးရပါမယ် ။
တံဆိပ်ခေါင်း ပါတဲ့ စာချုပ်မှာ တစ်ချပ်တစ်ရွက်နဲ့ မလုံလောက်ရင် နောက်ထပ် စာချုပ်တစ်ရွက်မှာ ရေးပါမယ် ။ တစ်မျက်နှာနဲ့
မလုံလောက်ရင်လည်း စာရွက်ကျောဘက်မှာ ရေးတာမျိုး မလုပ်သင့်ပါ ။ စာချုပ်ခေါင်းပါ တစ်ရွက်နဲ့ မလုံလောက်တဲ့ အတွက် နောက်ထပ် စာချုပ်ခေါင်း မပါတဲ့ စာရွက်လွတ်မှာ ရေးတာမျိုး မလုပ်ရ ။ နောက်ထပ် စာချုပ်ခေါင်း တစ်ရွက်အပေါ်တွင်သာ ရေးသား သင့်ပါသည် ။
စာရွက်တိုင်းမှာ စာမျက်နှာ ဖော်ပြရပါမယ် ။ စာတစ်မျက်နှာ ကုန်ဆုံးရင် နောက်ထပ် စာမျက်နှာ ( သို့ ) လို့ စကား အဆုံးသတ် ရပါ မည်။ စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းဟာ အရေးပါတဲ့ ကိစ္စ ဖြစ်ပါတယ် ။ လက်မှတ်တွေကို ချုပ်ဆိုသူတွေနဲ့ သက်သေအဖြစ် ပါဝင်သူ တွေ ကိုယ်တိုင် ရေးထိုးကြရမှာ ဖြစ်တယ် ။ စာမျက်နှာတိုင်းမှာ လက်မှတ် ရေးထိုးသင့်ပါတယ် ။
စာချုပ် ချုပ်ဆိုရာမှာ သက်သေကို တကူးတက ခေါ်ယူရတယ် ။ ရေးချုပ် ဖတ်ပြနေတုန်းမှာ အမှတ်မထင် ရောက်လာတာမျိုးဟာ သံသယ မကင်းစရာ ဖြစ်တက်ပါတယ် ။ ဒါကြောင့် တမင်ခေါ်ယူပြီး တိတိကျကျ သေသေချာချာ ပါဝင်ချုပ်ဆို ရပါမယ် ။ စာချုပ်ပါအချက်တွေကို သိရှိဖို့ လိုပါမယ် ။ စာချုပ်ကို သေသေချာချာ ဖတ်ကြည့်ခိုင်းပါ ။ စာချုပ်အတိုင်း ဟုတ် မဟုတ် မေးဖို့လည်း လိုအပ်ပါတယ် ။ ချုပ်ဆိုတဲ့ စာချုပ်မှာ တံဆိပ်ခေါင်း အလုံအလောက် ကပ်ဖို့ လိုပါတယ် ။
အားလုံးပဲ အဆင်ပြေနိူင်ကြပါစေလို့ ရည်ရွယ်ရင်း
အကိုး ။ ။ ဆရာကြီး ဦးကျော်ဇေယျ၏ စာချုပ်အမျိုးမျိုး ချုပ်ဆိုနေကြသူများနှင့် သက်ဆိုင်သော ပြညွန်းချက်များ
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...