တစ်လောက မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင် မြို့နယ် ၊ မေမြို့ ထင်းကြိုးဝိုင်း အတွင်း

တစ်လောက မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင် မြို့နယ် ၊ မေမြို့ ထင်းကြိုးဝိုင်း အတွင်း ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ ကျူးကျော် ဝင်ရောက်၍ ကျောက်တိုင်စိုက် / သွပ်ဆူးကြိုး ကာရံခြင်း ၊ အုတ်တံတိုင်းခတ် ကာရံ၍ အဆောက်အဦး အခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင်ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာနက လူမှုကွန်ရက်မှ တစ်ဆင့် ထုတ်ပြန် ကြေညာလိုက်ပါတယ် ။
ပြင်ဦးလွင် မြို့နယ် ၊ သစ်တောကြိုးဝိုင်း အတွင်း ပါဝင်သော မြေကွက်များကို မြေကွက် ပေ ၄၀ x ပေ ၆၀ အကွက် တကွက်လျှင် ငွေကျပ် ၂၅ သိန်းမှ အကျယ်အဝန်းနှင့် နေရာကို လိုက်၍ သိန်းရာကျော်အထိ စျေးပေါက်၍ အရောင်းအဝယ် လုပ်မှုများ ရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ် ။
ပြင်ဦးလွင်တွင် မြေကွက်များကို အကွက်ရိုက်၍ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချမှုများ ၂၀၁၅ ခုနှစ်မှ စတင်၍ ခေတ်စားလာပြီး
အနယ်နယ်အရပ်ရပ်မှ ပြင်ဦးလွင်သို့ သွားရောက် ဝယ်ယူမှုများ ရှိကြောင်း ၊ အဓိကအားဖြင့် အရပ်စာချုပ်များဖြင့် ဝယ်ယူ ရောင်းချမှုများ ရှိကြောင်း ၊ အထူးသဖြင့် လူမှုကွန်ရက်တွင် စျေးပေါပေါဖြင့် ပြင်ဦးလွင် မြေကွက်များ ရောင်းချမှုများ လွန်စွာ တွင်ကျယ်
နေကြောင်း ရန်ကုန်အခြေစိုက် စကားဝါ အိမ် ခြံ မြေ အကျိုးဆောင် ဦးလွင်က ဆိုပါတယ် ။
“ တကယ်တော့ အရပ်စာချုပ်တွေနဲ့ ရောင်းကြ ဝယ်ကြတာတွေက ပြင်ဦးလွင်ဘက်မှာ တော်တော်များတယ် ။ တချို့ စာချုပ်တွေမှာက ဒေသက ကျေးရွာ ရပ်ကွက်လူတွေနဲ့ပဲ လက်မှတ်ထိုး ရောင်းကြတာ ၊ အခုတော့ သစ်တောဘက်က ဒီလိုစပြီး ကြေညာတာကြောင့် ကျနော် ထင်ပါတယ် အတော်များများ ဆုံးရှုံးမှုတွေတော့ ကြုံရမယ့် အခြေအနေပါပဲ ” ဟု စကားဝါ အိမ် ခြံ မြေ အကျိုးဆောင်ဦးလွင်က ဆိုပါတယ် ။
ဒါကြောင့် မြေကွက် ဝယ်ယူမယ် ဆိုရင်
၁ ။ မြေ အမျိုးအစား
၂ ။ တရားဝင် ပိုင်ဆိုင်မှု အထောက်အထား
၃ ။ တရားဝင် ရောင်းဝယ်မှု ဖြစ် / မဖြစ်
၄ ။ မိမိအမည်ပေါက် ဆောင်ရွက်မှု စသည်ဖြင့် စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ၊ ဒီလိုမှ မဟုတ်ရင်တော့ အခုလို ဆုံးရှုံး နစ်နာမှုများ ၊ တရားရင်ဆိုင် ဖြေရှင်းရမှုများ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။
မြေဝယ်ယူမည် ဆိုပါက
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ ။
အမွေဆိုင်များ ရှိပါက ထိုသူများအား ရောင်းရန် သဘောတူကြောင်းအား မိမိ ( ရှေ့နေ ) အရှေ့တွင် ခံဝန်လက်မှတ် ရေးထိုးခိုင်းပါ ။ ပေါင်နှံထားခြင်း ရှိ မရှိ အား စစ်ဆေးပါ ။
ဘဏ် ( သို့မဟုတ် ) ရပ်ကွက် အုပ်ချုပ်ရေးမှုးသို့ စစ်ဆေး နိုင်ပါသည် ။ သစ်တောမြေ ဟုတ် / မဟုတ်ကြောင်းကို ပြေစာ
( စလစ် ) တွင် စစ်ဆေးနိုင်ပါသည်။
သစ်တောမြေ ဆိုပါက မြေဦးပိုင်မှာ ( L ) စာလုံးပါမည် ။ ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည် )
စိုက်ပျိုးမြေ ဆိုပါက ပြေစာ ( စလစ် ) တွင် ( စ ) စာလုံး ပါမည် ။ မဝယ်ပါက ပို၍ ကောင်းမည် ။
လယ်မြေ ဝယ်ယူမည် ဆိုပါက ပုံစံ ( 105 ) စစ်ဆေးပါ ။ ပုံစံ ( 7 ) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုး
ခွင့်သာ ရှိပါသည် ။
ဗဟုသုတကျေးရွာ Page မှ သတင်းအား ပြင်ဆင်ဖြည့်စွက် ရေးသားပါသည်။
Credit-OriginalUploder
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...