ကျွန်တော် ဝယ်ချင်သော အိမ်၏ မူလဂရန် ပိုင်ရှင်သည် သေသွားပါပြီ ၊

ကျန်ရစ်သူ သားသမီး များဆီမှ ဝယ်လိုလျှင် ဂရန် အမည်ဖောက်၍ ရနိုင်ပါလား ခင်ဗျာ ။ ကွယ်လွန် သွားသည့် ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း ၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင် ရွက်ရန် နည်းလမ်း
၁ ။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကို မောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင် ကြောင်း မြွက်ဟ ကြေညာ စာတမ်း လျှောက်ထား ရရှိပြီး ဖြစ်လျှင် ဖြစ်စေ ၊ စီရင် ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်း လက်မှတ် လျှောက်ထား ရပြီးလျှင် ဖြစ်စေ ၊ ကွယ်လွန်သူပိုင် အိမ် ၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်း ရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေ နှင့်အညီ ပြုလုပ် နိုင်ခွင့် ရှိပါသည် ။
၂ ။ စာချုပ် စာတမ်း မှတ်ပုံတင် ရုံးတွင် အမွေဆိုင် အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင် ကူးယူ ရပါမည် ။ အမည်ပေါက် ပိုင်ဆိုင်သူ အမှန်တကယ် သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင် ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည် ။
၃ ။ မြေပုံ မြေရာဇဝင် ကူးယူရာတွင် အမွေဆိုင် အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း ၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ ကြောင်း ၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ မြေပုံ မြေရာဇဝင် ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံ မြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထား ရပါမည် ။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက် များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည် ။
၄ ။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ မြေပုံ မြေရာဇဝင် ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်း နှင့် ရောင်းချရန်အတွက် မြေပုံ မြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည် ။ ကန့်ကွက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူ ဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံ မြေရာဇဝင် ဌာနက စဉ်းစားပေးမည် မဟုတ်ပါ ။
( မှတ်ချက် ၊ အမည်ပေါက် ကိုယ်ပိုင် မြေပုံကူး ယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည် ။
၅ ။ ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာ စာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့် ရှိပါသည် ။
အဓိက လိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည် ။
၆ ။ အကယ်၍ အမွေဆိုင် တစ်ဦး တစ်ယောက်မှာ ခရီးလွန်နေပါက အထူး ကိုယ်စားလှယ် ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင် ခွင့်ရှိပါသည် ။
( မှတ်ချက် ) ။ အမွေဆိုင် တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင် စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ ။
သေဆုံး သွားသော အမွေဆိုင်၏ ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်း ဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည် ဖြစ်ပါသည် ။
၇ ။ အထူးသတိ ပြုသင့်သော အချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင် အရောင်း အဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ် နေပါသည် ။
၈ ။ အမွေ ထိန်းစာဖြင့် ရောင်းချခြင်း ဖြစ်ပါက ရောင်းချ ခွင့်ပြုရန် တရားရုံး၏ ခွင့်ပြုမိန့် ပါရှိရပါမည် ။
[ ဦးဗကြိုင် ( ဘီအေ ၊ အီအယ်လ် ) ၊ မရွှေ့ မပြာင်း နိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များ ရောင်းချခြင်း ၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေ သိမှတ်ဖွယ်ရာ ၊ စာ ၈ ) ] ။
Credit-OriginalUploder
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...