အိမ် ခြံ မြေ အမွေရဖို့ သေချာတဲ့နည်း လုပ်နည်း လွယ်လွယ်လေးပါ ။ ( သိပ်ပြီးတော့ ထိရောက်ပါတယ်) မိသားစုစီမံမှု လုပ်ထားရင် မိသားစုတွင်းမှာ အိမ် ခြံ မြေ အမွေမှု မဖြစ်နိုင်တော့ဘူး။

အိမ် ခြံ မြေ အမွေရဖို့ သေချာတဲ့နည်း
လုပ်နည်း လွယ်လွယ်လေးပါ ။ ( သိပ်ပြီးတော့ ထိရောက်ပါတယ် )
မိသားစုစီမံမှု လုပ်ထားရင် မိသားစုတွင်းမှာ အိမ် ခြံ မြေ အမွေမှု မဖြစ်နိုင်တော့ဘူး။
ဒါကြောင့် မိသားစုစီမံမှုကို လုပ်ကြဖို့ မြန်မာ့ ဥပဒေပညာရှင်ကြီးများက အမြဲတိုက်တွန်း ခဲ့ကြတယ် ။ ပညာ ပေးခဲ့ကြတယ် ။ အဲဒါ နှစ် ( ၁၀၀ ) ကျော် တိုင်ခဲ့ပြီ ။ ( သို့သော် တချို့တချို့တွေကတော့ ဖုံးကြတယ် ။ ဖွက် ကြတယ် ။ ပညာပေးတဲ့သူက တစ်ဖွဲ့ ၊ လူတွေမသိအောင် လိုက်ကာနေတဲ့ သူတွေကလည်း တစ်ဖွဲ့ပါ )
ပစ္စည်းရှင် ကွယ်လွန်ပြီးနောက် အိမ် ခြံ မြေ အမွေ များကို မည်သို့ ခွဲဝေယူကြရမည် ဆိုသော မိသားတစ်စု၏ စီမံမှုကို မိသားစုစီမံမှု ဟုခေါ် ပြီး ၁၉၆၆ ဦးဘဖေနှင့် မချိုတီ မတစ ရ၂၇ ၊ စီရင်ထုံး နှင့် ဒေါက်တာ ဦးမောင်မောင် ၊ မြန်မာဓလေ့ထုံး ၁၉၆၃ / ၁၀၄ အပြင် စီရင်ထုံး များစွာမှာ ထင်ရှားစွာ ဖော်ပြထားပါသည် ။
မိသားစုစီမံမှု ပြုလုပ်ရာတွင် အမွေဆက်ခံခွင့် မရှိသူများ ပါဝင် ချုပ်ဆို ရေးသားခွင့် မရှိဟု ဦးညွန့်မောင် / ဒေါ်မြရွှေ ၁၉၇၄ တရားမ ဒုတိယ အယူခံ အမှတ် - ၃၃ မှာလည်း စီရင်ထားပါတယ်။
မိသားစုစီမံမှု ကို သဘောတူညီ ပြုလုပ်ပြီးပါက ကြိုတင်တရားစွဲ တောင်းဆိုခွင့် မရှိ ၊ ဖောက်ဖျက်ခွင့် မရှိသည့်အပြင် ငြင်းဆိုခွင့်လည်း မရှိပါကြောင်း ၊ မပန်းစီ / မလှရင် ၊ ၁၉၆၃ မတစ ၊ ၈၀၀ ( ၈၀၈ ) တွင် ပါရှိပါတယ် ။
မိသားစုစီမံမှုသည် မိသားစုအတွင်းတွင်သာ သဘောတူညီ ခွဲဝေကြသည့် အတွက် အခွင့်အရေးတို့သည် ဥပဒေနှင့် အတိအကျ ညီညွတ်နိုင်မည် မဟုတ်ပါ ၊ သို့သော်လည်း ခိုင်မာပါသည်ဟု ဦးမြတ်သူ / မစောရှင် ၁၉၄၉ မတစ ၊ လွှတ်တော် ၉၄၂တွင် စီရင်ထားရှိသည်ကို တွေ့ နိုင်ပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...