လင် မယား ကွာရှင်းခြင်း ဥပဒေ

''မယားက စွန့်ပစ်၁နှစ် လင်စွန့်ပစ် ၃နှစ် ကြာရင် အလိုလို ကွာရှင်းပြီးသား ဖြစ်သွားပြီးလေ '' ဆိုသော အရပ်စကား အပေါ်အထင်အမြင် ရှင်းလင်းစေရန်....…
လင် မယား အဆက်အသွယ် အထောက် အပံ့မရှိလဲ တရားဝင် မကွာရှင်း သေးသ၍ လင်မယားအရာ မပျက်ယွင်းပါ ။
လင်ဖြစ်သူ နေအိမ်မှ စွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မရှိရင် သော်၎င်း နောက်အိမ်ထောင် ပြု ရင်သော်၎င်း မယား၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲစေရန် နေ့စဉ်နဲ့အမျှ နှိပ်စက်နေရင် သော်၎င်း မယားအား လက်ရောက်မှု တစ်ကြိမ် ကျူးလွန် ယုံမျှဖြင့်၎င်း ( မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထား နိုင်ပါသည် )။ ကျိူးကြောင်း ဆီလျော်မှု မရှိသော အကြောင်းပြ ချက်နဲ့ မယားသည် နေအိမ်မှ စွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ် မလုပ် / ပြန်ပေါင်းရန် မကြိုးစားလျှင် ၄င်း အိမ်ထောင်ရေး ဖောက်ပြန်လျှင်သော်၄င်း ( လင်ဖြစ်သူ ဖက်မှ တရားရုံးတွင် ကွာရှင်းခွင့် တောင်းနိုင်ပါသည် ။) လင်မယား အရာမြောက်ဖို့ လက်ထပ် စာချူပ်လုပ်ရန် / မင်္ဂလာ ဆွမ်းကျွေး / မင်္ဂလာ ဆောင်ကျင်းပ စတာတွေ မလိုဘဲ ပတ်ဝန်းကျင်မှာ လင်မယားလို အထင်အရှား ပေါင်းသင်း နေထိုင်ရုံနဲ့ တရားဝင် လင်မယားအရာ မြောက်ပါသည် ။
ရပ် / ကျေးရုံး / ရှေ့နေ စသူတို့ရှေ့၌ ( ကွာရှင်းခြင်း ကတိစာချူပ် ) မဟုတ်သော စာချူပ် လက်မှတ် ရေးထိုး ကွာရှင်းခြင်းသည် ဥပဒေအရ တရားမဝင် သော်လည်း သက်သေအဖြစ် တင်ပြခွင့် ရှိသည် ။ သတင်းစာထဲတွင် တဖက်သတ် ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ ပတ်ဝန်းကျင် သိစေရန် မျှသာဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ ။ viber / messanger / voice record စတာတွေနဲ့ အိမ်ထောင်ရေး ဖောက်ပြန် ကြောင်း သက်သေတွေဟာ သက်သေခံ တင်ပြခွင့်ရှိပေမယ့် ခိုင်မာမှု မရှိတဲ့အပြင် တဖက်မှ ချေပဖို့ အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ် ။ active ဖြစ်တဲ့ video file သာလျှင် မိမိဖက်က အသာစီး ရနိုင်မယ့် သက်သေဖြစ်သည် ။ ကွာရှင်း ပြီးသော လင် မယား တို့သည် ပြန်လည် ပေါင်းသင်းပါက လူသိ / နတ်ကြား ပေါင်းသင်း ရမှာဖြစ်ပြီး ဆိတ်ကွယ်ရာ အရပ်များတွင် အလျဉ်းသင့်သလို ဆက်ဆံရုံမျှဖြင့် ယခင် ကွာရှင်းထားသော စာချူ ပ်အား အလိုအလျောက် မပျက်ပြယ်နိုင်ပါ ။
( အချုပ် အားဖြင့် ) မြန်မာ့ ထုံးတမ်း အရ မြန်မာ / ဗုဒ္ဓဘာသာဝင် များသည် လင် မယား ကွာရှင်းထြင်း ကိစ္စများ၌ စာချူပ် / စာတမ်း မလို ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာ အဓိကဟု စီရင် ထုံးများစွာမှာ ဖော်ပြထား သော်လည်း စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာ ဖြစ်လာပါက နစ်နာမှုများစွာ ကြုံတွေ့ရမှာ ဖြစ်၏ ။ တလင် တမယား စနစ် ကျင့်သုံးရေး ဥပဒေဟူသော ( ငရဲ ဥပဒေ) တည်မြဲ နေစဉ်အတွင်း ကွာရှင်းမည် ဆိုပါက တရားရုံး များတွင်သာ စိတ်အချ ရဆုံးဖြစ်၏ ။
လင်မယား အတူမနေ / မထောက်ပံ့ / အဆက်အသွယ် မလုပ်ပါက နှစ်ဘယ် လောက်ကြာရင် အလိုအလျောက် ပြတ်စဲပါသလဲ ဟူသော အများစု သိချင်သည့် မေးခွန်းအား ၎င်းလင်မယား ၂ ယောက်ထဲမှ တစ်ယောက်ယောက် တမလွန်ခရီး နှင်မှသာ အလိုလို ပျက်စဲမှာဖြစ်ပါကြောင်း cb မှ မကြာခဏ မေးတတ် လွန်းသူများအား ဖြေကြားပေး လိုက်ပါသည် ။
( လေးစားလျက် )
Crd; Kinh Win ( ဥပဒေ စကားဝိုင်း )
ပြန်လည် ကူးယူ တင်ပြပါသည်
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...