အခုတစ်လော အိမ် ခြံ မြေ အရောင်းအဝယ်တွေ ကလည်း အေးနေတယ်သာ ပြောကြပေမယ့် တကယ် အရောင်းအဝယ် ဖြစ်တော့လည်း “ ဖုတ်ပူမီးတိုက်” ဆိုသလိုပါပဲ။

အခုတစ်လော အိမ် ခြံ မြေ အရောင်းအဝယ်တွေ ကလည်း အေးနေတယ်သာ ပြောကြပေမယ့် တကယ် အရောင်းအဝယ် ဖြစ်တော့လည်း “ ဖုတ်ပူ မီးတိုက် ” ဆိုသလိုပါပဲ ။ “ အခုပဲ စရန်ပေးစာချုပ် ချင်လို့ ဆရာ အမြန်လာပေးပါ ဆိုပြီး ကြိမ် စကြာနဲ့ ရိုက်ခေါ်သလိုပဲ။ အရောင်းအဝယ် လုပ်မယ့်နေရာကို အချိန်မီ အရောက် ပြေးရတယ် ။ ဒီနေ့တော့ ဒဂုံဆိပ်ကမ်းမှာ မြေကွက်လေး စရန်စာချုပ် ဆောင်ရွက် ပေးခဲ့တယ် ။
မြေကတော့ ဂရန်မြေပါ
ဂရန်မြေ ဘယ်လို ဝယ်ယူရမလဲ မသိသေးသူတွေ အတွက် ဂရန်မြေ ဝယ်ယူနည်း ကို အနှစ်ချုပ် ဖော်ပြပေးလိုက်ပါတယ်
ဂရန်မြေ တရားဝင် ဝယ်ယူနည်း
ဂရန်မြေ ဝယ်ယူလျှင် အောက်ပါ အဆင့်များ လုပ်ဆောင်မှ ပြည့်စုံပါတယ် ။
အရောင်းအဝယ် စရန်ကြီး ( စရန်ငွေ ) မပေးမီ ( ၃ ) ဆင့် လုပ်ဆောင်ရပါမည် ...
1 ။ ဘယ်လောက်ပင် ရင်းနှီးကြပါစေ ဂရန်မိတ္တူ ကိုယူ၍ စည်ပင် / ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ ။
2 ။ စရန်ကြီး ပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာ စရန်ချပါ ။
3 ။ စရန် ချပြီးသည် နှင့် တပြိုင်နက် နိုင်ငံပိုင် သတင်းစာတွင် ကန့်ကွက်ရန် ရှိ / မရှိ ကြော်ငြာထည့်ပါ ။
4 ။ မျိုးရမှ ငွေအပြေ ချေပါ ။
1 ။ အရောင်းအဝယ် ပြုလုပ်ရန် အတွက် ထုတ်ယူထားသော မြေပုံမြေရာဇဝင် ။ ( အောက်တွင် ပုံတွဲပြီး ဖော်ပြထားပါတယ် )
2 ။ မူရင်းဂရန် အမည်ပေါက်ထံမှ SP ။
3 ။ မူရင်းဂရန်နှင့် ဆက်စပ် စာချုပ်များ ။
4 ။ မြေကွက် နှင့် တိုက် လက်ရောက် ရယူပါ ။
ဝယ်ယူပြီးနောက် ၃-ဆင့် ။
1 ။ တန်ဘိုးလျော့ ချုပ်သည့် စာချုပ် တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ ရာဖြတ် ” တင်ပါ ။
2 ။ “ ရာဖြတ် ” ၏ သတ်မှတ်တန်ဖိုး အရ “ အခွန်တော်ခေါင်း ” နှင့် “ မှတ်ပုံတင်ကြေး ” တို့ဖြင့် မှတ်ပုံတင် စာချုပ် ချုပ်ဆိုပါ ။
3 ။ အားလုံးပြီးမှ မြို့တော်စည်ပင် / ခရိုင် ထွေအုပ်တွင် “ ဂရန် ” နှင့် “ မြေကွက် ” အမည် ပြောင်းပါ ။
အသေးစိတ်ကို ထပ်မံဖော်ပြပေးပါမည်။
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...