၆၆(ဃ) နှင့် အသေရေဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း

၆၆ ( ဃ ) နှင့် အသေရေ ဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း
( အများ ပြည်သူအတွက် ဥပဒေအသိပညာ ကျယ်ပြန့်စွာ သိမြင်စေရန် အတွက်သာ )
အသရေ ဖျက်မှု ( ပုဒ်မ ၅၀၀ ) နဲ့ ၆၆ ( ဃ ) ဥပဒေ
• အသရေ ဖျက်မှု ( ပုဒ်မ ၅၀၀ ) နဲ့ ၆၆ ( ဃ ) မှာ ဘာတွေတူလို့ ဘာတွေ မတူသလဲ ဆိုတာ ဉာဏ်မှီသလောက် သုံးသပ်ကြည့်ရအောင်
• ပထမဆုံး သိထားရမှာက ပါးစပ်နဲ့ပြောတဲ့ အသရေဖျက်မှုဟာ ရိုးရိုး ပုဒ်မ ၅၀၀ ဖြစ်ပါတယ် …
• အကယ်၍ ပုံနှိပ်မီဒီယာပေါ် ရောက်သွားပြီ သတင်းစာ ဂျာနယ် မဂ္ဂဇင်း ၊ ပါလာပြီ ဆိုရင် ပုဒ်မ ၂၅ သတင်းမီဒီယာ ဥပဒေပုဒ်မ ပုဒ်မ၂၅ ထပ်တိုးပါတယ် …
• ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ် အွန်လိုင်းပေါ် အထိ ရောက်သွားမယ်ဆိုရင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ( ဃ ) ဖြစ်သွားပါပြီ ဒါကိုအရင် ဆုံး သိထားကြဖို့ လိုပါတယ် …
• ပါးစပ်ကပဲ ပြောပြော စာနဲ့ပဲ ပြောပြော အွန်လိုင်းပေါ် ရောက်တဲ့ အဆင့် ရောက်ရင်တော့ အသရေဖျက်မှု သတ်မှတ် ဖွင့်ဆိုချက် ရာဇသတ် ဥပဒေပုဒ်မ ၅၀၀ နဲ့ စပါတယ် …
• အခြေအနေပေါ် မူတည်ပြီး ပုဒ္မ ၅၀၀ / ပုဒ္မ ၂၅ / ပုဒ်မ ၆၆ ( ဃ ) ဆိုပြီး ကွဲပြားသွားတာကို သိရပါမယ် ။
• အွန်လိုင်းပေါ်မှာ ရိုင်းစိုင်းသည့် ကောမန့်များ ပေးခြင်း cbတွင် ရိုင်းစိုင်းသည့် စကားများ ပြောဆိုခြင်း
အုပ်စု ဖွဲ့၍ ရိုင်းစိုင်းသည့် စကားများ ပြောဆိုခြင်း များသည် ဆက်သွယ်ရေး ပုဒ်မ ၆၆ ( ဃ ) နှင့် တိုက်ရိုက်အကြုံး ဝင်ပါသည် ။
• ဒီလောက်ဆိုရင် ကွဲလွဲချက်လေးတွေ ရိပ်မိလောက်ပြီ ထင်ပါတယ် ။
• ဟုတ်ပြီ နောက်ထပ် ဘာတွေမတူသေးလဲ ဘာတွေ ကွဲလွဲသေးလဲ ဆက်ကြည့် လိုက်ရအောင် ။
• လူတစ်ယောက်က လူတစ်ယောက်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ( ဃ ) နဲ့ စွဲတဲ့အမှုကို
ဒါလဲ အသရေဖျက်မှုပဲ ဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ် သတ်မှတ်လို့ မရသလို ၆၆ ( ဃ ) ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ပဲ တရားလိုက စွဲချင်စွဲလို့ ရပါတယ် ။
• ဒီလို ပြောင်းလဲဖို့ တရားလိုရဲ့ သဘောဆန္ဒနဲ့ပဲ ပြောင်းလွှဲ စွဲဆိုလို့ ရပါတယ် ။
• ပါးစပ်ပြော စာပြော အွန်လိုင်းမှာ ပြောတဲ့ ပြစ်မှုတွေကို အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၄၉၉ နဲ့ပဲ အကြုံးဝင် / မဝင် ၄၉၉ ပါ
ပြစ်မှုအင်္ဂါရပ်များ အရ ညီမ / ညီ စစ်ဆေး ရပါတယ် ။
• ပြစ်ဒဏ် မတူပါဘူး ပြစ်မှု ထင်ရှားရင် ၆၆ ( ဃ ) = ထောင်ဒဏ် သုံးနှစ် အထိ ( သို့မဟုတ် ) ငွေဒဏ် ( သို့မဟုတ် )
ပြစ်ဒဏ် နှစ်ရပ် စလုံး ။
• ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ် အထိ ( သို့မဟုတ် ) ငွေဒဏ် ( သို့မဟုတ် ) ပြစ်ဒဏ် နှစ်ရပ်စလုံး ကျခံရမှာ ဖြစ်ပါတယ် ။
• ၆၆ ဃ ဟာ ရဲအရေးပိုင် အဖြစ် သတ်မှတ်ထားတာကြောင့် ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ မည်သူမဆို တိုင်ကြားနိုင်ခွင့် ရှိပြီး
ပုဒ်မ ၅၀၀ မှာတော့ နစ်နာသူ ကာယကံရှင် ကိုယ်တိုင်သာလျှင် တိုင်ကြား စွဲဆိုရမှာ ဖြစ်ပါတယ် ။
• ဒါ့ကြောင့် … စိတ်ခံစားမှု တစ်ခုကြောင့် မနာလို မရှုစိမ့် ဣဿာ မစ္ဆရိယ စိတ်ကလေး တစ်ခု ဖြစ်ပေါ်လာပြီး …
( တဒင်္ဂအတွင်း စကားလေး တစ်ခွန်း စာကြောင်းလေး တစ်ကြောင်းနဲ့ သူတစ်ပါး လူပုဂ္ဂိုလ် / အဖွဲ့အစည်း ဂုဏ်သရေ
ထိခိုက်နစ်နာအောင် မဆင်မခြင် ပြုမိခြင်းကြောင့် ; စာတစ်ကြောင်း … ထောင် ( ၃ ) နှစ် မဖြစ်စေကြဖို့ …
လေ့လာ မှတ်သားမိသမျှကို မျှဝေ လိုက်ရပါတယ်
မှတ်ချက် ။ ဆက်သွယ်ရေး ဥပဒေအား မပြင်ဆင်မီက ယခု အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေအား credit လုပ်ထားခြင်း ဖြစ်သည် ။ ယခင် ပြစ်ဒဏ် သုံးနှစ်အစား နှစ်နှစ်သို့ ပြောင်းပြင်ဆင် ပေးခဲ့သဖြင့် ရာဇဝတ် ကျင့်ထုံး ဥပဒေ ၊ နောက်ဆက်တွဲ ဇယား ( ၂ ) အရ အာမခံပေးခွင့် ရှိသော ပုဒ်မ အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ပါသည်
Credit ( ဥပဒေရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...