၆၆(ဃ) နှင့် အသေရေဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း

28-Mar-22 အခြား
၆၆(ဃ) နှင့် အသေရေဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း

 ၆၆ ( ဃ ) နှင့် အသေရေ ဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း 

( အများ ပြည်သူအတွက် ဥပဒေအသိပညာ ကျယ်ပြန့်စွာ သိမြင်စေရန် အတွက်သာ )

အသရေ ဖျက်မှု ( ပုဒ်မ ၅၀၀ ) နဲ့ ၆၆ ( ဃ ) ဥပဒေ

 

• အသရေ ဖျက်မှု ( ပုဒ်မ ၅၀၀ ) နဲ့ ၆၆ ( ဃ ) မှာ ဘာတွေတူလို့ ဘာတွေ မတူသလဲ ဆိုတာ ဉာဏ်မှီသလောက် သုံးသပ်ကြည့်ရအောင် 

 

• ပထမဆုံး သိထားရမှာက ပါးစပ်နဲ့ပြောတဲ့ အသရေဖျက်မှုဟာ ရိုးရိုး ပုဒ်မ ၅၀၀ ဖြစ်ပါတယ် …

• အကယ်၍ ပုံနှိပ်မီဒီယာပေါ် ရောက်သွားပြီ သတင်းစာ ဂျာနယ် မဂ္ဂဇင်း ၊ ပါလာပြီ ဆိုရင် ပုဒ်မ ၂၅ သတင်းမီဒီယာ ဥပဒေပုဒ်မ ပုဒ်မ၂၅   ထပ်တိုးပါတယ် …

• ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ် အွန်လိုင်းပေါ် အထိ ရောက်သွားမယ်ဆိုရင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ( ဃ ) ဖြစ်သွားပါပြီ ဒါကိုအရင်       ဆုံး သိထားကြဖို့ လိုပါတယ် …

 

• ပါးစပ်ကပဲ ပြောပြော စာနဲ့ပဲ ပြောပြော အွန်လိုင်းပေါ် ရောက်တဲ့ အဆင့် ရောက်ရင်တော့ အသရေဖျက်မှု သတ်မှတ် ဖွင့်ဆိုချက်              ရာဇသတ် ဥပဒေပုဒ်မ ၅၀၀ နဲ့ စပါတယ် …

• အခြေအနေပေါ် မူတည်ပြီး ပုဒ္မ ၅၀၀ / ပုဒ္မ ၂၅ / ပုဒ်မ ၆၆ ( ဃ ) ဆိုပြီး ကွဲပြားသွားတာကို သိရပါမယ် ။

• အွန်လိုင်းပေါ်မှာ ရိုင်းစိုင်းသည့် ကောမန့်များ ပေးခြင်း cbတွင် ရိုင်းစိုင်းသည့် စကားများ ပြောဆိုခြင်း

   အုပ်စု ဖွဲ့၍  ရိုင်းစိုင်းသည့် စကားများ ပြောဆိုခြင်း များသည် ဆက်သွယ်ရေး ပုဒ်မ ၆၆ ( ဃ ) နှင့် တိုက်ရိုက်အကြုံး ဝင်ပါသည် ။

 

• ဒီလောက်ဆိုရင် ကွဲလွဲချက်လေးတွေ ရိပ်မိလောက်ပြီ ထင်ပါတယ် ။

• ဟုတ်ပြီ နောက်ထပ် ဘာတွေမတူသေးလဲ ဘာတွေ ကွဲလွဲသေးလဲ ဆက်ကြည့် လိုက်ရအောင် ။

• လူတစ်ယောက်က လူတစ်ယောက်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ( ဃ ) နဲ့ စွဲတဲ့အမှုကို

   ဒါလဲ အသရေဖျက်မှုပဲ ဆိုပြီး ပုဒ်မ ၅၀၀ နဲ့  ပြစ်ဒဏ် သတ်မှတ်လို့  မရသလို ၆၆ ( ဃ ) ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ပဲ တရားလိုက     စွဲချင်စွဲလို့ ရပါတယ် ။

• ဒီလို ပြောင်းလဲဖို့ တရားလိုရဲ့  သဘောဆန္ဒနဲ့ပဲ ပြောင်းလွှဲ စွဲဆိုလို့ ရပါတယ် ။

 

• ပါးစပ်ပြော စာပြော အွန်လိုင်းမှာ ပြောတဲ့ ပြစ်မှုတွေကို အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၄၉၉ နဲ့ပဲ အကြုံးဝင် / မဝင် ၄၉၉ ပါ 

   ပြစ်မှုအင်္ဂါရပ်များ အရ ညီမ / ညီ စစ်ဆေး ရပါတယ် ။

•  ပြစ်ဒဏ် မတူပါဘူး ပြစ်မှု ထင်ရှားရင် ၆၆ ( ဃ ) = ထောင်ဒဏ် သုံးနှစ် အထိ ( သို့မဟုတ် ) ငွေဒဏ် ( သို့မဟုတ် ) 

   ပြစ်ဒဏ် နှစ်ရပ် စလုံး ။

 

• ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ် အထိ ( သို့မဟုတ် ) ငွေဒဏ် ( သို့မဟုတ် ) ပြစ်ဒဏ် နှစ်ရပ်စလုံး ကျခံရမှာ ဖြစ်ပါတယ် ။

• ၆၆ ဃ ဟာ ရဲအရေးပိုင် အဖြစ် သတ်မှတ်ထားတာကြောင့် ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ မည်သူမဆို တိုင်ကြားနိုင်ခွင့် ရှိပြီး

  ပုဒ်မ ၅၀၀ မှာတော့ နစ်နာသူ ကာယကံရှင် ကိုယ်တိုင်သာလျှင် တိုင်ကြား စွဲဆိုရမှာ ဖြစ်ပါတယ် ။

 

• ဒါ့ကြောင့် … စိတ်ခံစားမှု တစ်ခုကြောင့် မနာလို မရှုစိမ့် ဣဿာ မစ္ဆရိယ စိတ်ကလေး တစ်ခု ဖြစ်ပေါ်လာပြီး …

  ( တဒင်္ဂအတွင်း စကားလေး တစ်ခွန်း စာကြောင်းလေး တစ်ကြောင်းနဲ့ သူတစ်ပါး လူပုဂ္ဂိုလ် / အဖွဲ့အစည်း ဂုဏ်သရေ 

     ထိခိုက်နစ်နာအောင် မဆင်မခြင် ပြုမိခြင်းကြောင့်  ; စာတစ်ကြောင်း … ထောင် ( ၃ ) နှစ် မဖြစ်စေကြဖို့ …

    လေ့လာ မှတ်သားမိသမျှကို မျှဝေ လိုက်ရပါတယ်

 

   မှတ်ချက် ။  ဆက်သွယ်ရေး ဥပဒေအား မပြင်ဆင်မီက ယခု အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေအား credit လုပ်ထားခြင်း                      ဖြစ်သည် ။ ယခင် ပြစ်ဒဏ် သုံးနှစ်အစား နှစ်နှစ်သို့  ပြောင်းပြင်ဆင် ပေးခဲ့သဖြင့် ရာဇဝတ် ကျင့်ထုံး ဥပဒေ ၊                                      နောက်ဆက်တွဲ ဇယား ( ၂ ) အရ အာမခံပေးခွင့် ရှိသော ပုဒ်မ အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ပါသည်

 

Credit (  ဥပဒေရေးရာ )

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate