လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ - ၇

လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ - ၇ အမည်ပြောင်း ဆောင်ရွက်မည့် သူများ အတွက် နည်းလမ်း
ပုံစံ - ၁၀၃ လျှောက်လွှာပုံစံ
၁ ။ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာနတွင် ပုံစံ - ၁၀၃ လျှောက်လွှာတင်ပြီး အရောင်းအဝယ် စာချုပ် ချုပ်ဆို ရန် မြေစာရင်း ပုံစံ ၁၀၅ / ၁၀၆ လျှောက်ထား ကူးယူပါ ။
၂ ။ အဆိုပါ ၁၀၅ / ၁၀၆ မြေပုံ ရလျှင် မိမိနေထိုင်ရာမြေ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန် အတွက် ဇုံအလိုက် သတ်မှတ်နှုန်းထား ဘယ်လောက် သတ်မှတ်တယ် ဆိုတာ သွားရောက် ကြည့်ရှုပါ ။
၃ ။ သတ်မှတ်နှုန်းထား သိပြီဆိုရင် တန်ဖိုးပေါ်တွင် ၂ % အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန် အား မြို့နယ်ပြည်တွင်း အခွန်များ ဦးစီး ဌာနရုံးတွင် သွားရောက် ဝယ်ယူပါ ။
၄ ။ တံဆိပ်ခေါင်းများ ရလျှင် အရောင်းအဝယ် စာချုပ် ရိုက်ပြီး မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပါဝင်သော လယ်ယာမြေ စီမံခန့်ခွဲ ရေး အဖွဲ့ အရှေ့မှောက်တွင် စာချုပ် ချုပ်ဆိုရပါမည် ။
၅ ။ အဆိုပါ စာချုပ်အား ရက်ပေါင်း ၁၂၀ အတွင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတွင် မှတ်ပုံတင်ရပါမည် ။ မှတ်ပုံတင်ခမှာ တန်ဖိုးပေါ်တွင် ၀.၅ % ပေးသွင်းရပါမည် ။
၆ ။ အဆိုပါမှတ်ပုံတင် စာချုပ် ရပါက စာချုပ်အား အထောက်ထား ပြုပြီး ဝယ်သူ အမည်ပြောင်းလဲပေးပါရန် အဆိုပါဌာနတွင် ထပ်မံ လျှောက်ထားရပါမည် ။
လိုအပ်သော စာရွက်စာတမ်းများ စာရင်း ။
( ၁ ) ပုံစံ - ၇ မူရင်း
( ၂ ) ၁၀၅ / ၁၀၆ မူရင်း
( ၃ ) ရောင်းချသူထံမှ မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာ ယူထားရင် အဆိုပါ စာရွက် မူရင်း ၊ ပါဝါ မရုတ်သိမ်းကြောင်း နှင့် ပါဝါပေးသူ သက်ရှိထင်ရှား ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း
( ၄ ) ရောင်းသူ / ဝယ်သူ မှတ်ပုံတင် သန်ခေါင်စာရင်း
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...