BOT မြေပေါ် ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေပေါ် ဆောက်တဲ့ တိုက်ခန်း ကွာခြားချက်

BOT မြေပေါ် ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေပေါ် ဆောက်တဲ့ တိုက်ခန်း ကွာခြားချက်
BOT - Build Operate Transfer , စနစ်နဲ့ ဌားထားတဲ့ မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေ ဘိုးဘွားပိုင်မြေ ပေါ်မှာဆောက်တဲ့ တိုက်ခန်းတွေရဲ့ ကွာခြားချက်ကို နိူင်းယှဉ်ဖော်ပြ ပေးလိုက်ပါရစေ
ဘီအိုတီ စနစ်နဲ့ ဌားထားတဲ့ မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေကို ဝယ်ရင်
အစိုးရဆီကနေ ဘီအိုတီစနစ်နဲ့ ဌားထားတယ် တိုက်ခန်းဆောက်တဲ့ ကုမ္ပဏီကိုယ်တိုင်က အစိုးရဆီက ဌားထားရတော့ ဌားထားတဲ့ သက်တမ်းပြည့်ရင် ပြန်အပ်ရမှာပါ Build Operate Transfer ဖြစ်တာကြောင့် သက်တမ်းပြည့်ရင် အရှိအတိုင်း ပြန်အပ်ရမှာ ဖြစ်ပါတယ်
ကွန်ဒိုမီနီယမ် တိုက်ခန်းဖြစ်လာရင် အခန်းဝယ်တဲ့သူက မြေကြီးပါ ရှယ်ယာပိုင်တဲ့ သဘော ဖြစ်လာတယ်လို့ သိရပါတယ် မြန်မာနိုင်ငံ ဆောက်လုပ်ရေးများ အသင်းဥက္ကဌ U Htay Thar က ဘီအိုစီစနစ်က နှစ်၅၀ ဌားထားတယ် ထပ်တိုး Extension က
ဆယ်နှစ် + ဆယ်နှစ်နဲ့ နှစ်ပေါင်း ၇၀ သက်တမ်း ပြီးရင်တော့ ပြီးပြီပေါ့ သက်တမ်း ထပ်တိုးပေးဖို့ကတော့ အဲဒီအချိန်မှာ တိုင်းပြည်ကို စီမံခန့်ခွဲနေတဲ့သူတွေရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပါတယ် ။
သူက နှစ်၇၀လောက်ဆိုရင် အဆောက်အအုံရဲ့ သက်တမ်းက ကုန်ပြီ အဲဒီအဆောက်အအုံပေါ်မှာ နေထိုင်တဲ့သူတွေက ဘာပိုင်
မလဲ ဆိုတာကတော့ မပြောနိုင်ပါဘူး။ ဝယ်တဲ့သူတွေက နှစ်၅၀-၇၀လောက် နေရရင် ကျေနပ်တယ်ဆိုရင် ဝယ်နိုင်တယ်
သက်တမ်း ကျန်သေးရင်တောင် အဆောက်အအုံတွေက ပြင်ကြမှာဘဲ အဲဒီအချိန်ကျရင်တော့ ပိုင်ဆိုင်မူ ရူပ်ထွေးနိုင်တယ် ။
ဘိုးဘွားပိုင်မြေ ဂရန်မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေကို ဝယ်ရင်
ကွန်ဒိုမီနီယမ် တိုက်ခန်းဖြစ်လာရင် အခန်းဝယ်တဲ့သူက မြေကြီးပါ ရှယ်ယာပိုင်တဲ့ သဘော ဖြစ်လာတာကြောင့် ဘိုးဘွားပိုင်မြေနဲ့ ဂရန်မြေပေါ်မှာ ဆောက်ရင် အဲဒီမြေကြီးပါ ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ် ဂရန်သက်တမ်း ကုန်သွားရင်လဲ အစိုးရဆီမှာ သက်တမ်း
ထပ်တိုးနိုင်မှာ ဖြစ်ပါတယ် တချို့ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဘယ်ဥပဒေကိုမဆို လိုက်နာပါမည်ဆိုတဲ့ ခံဝန်ချက်နဲ့ စာချုပ်ချုပ်ပေးတယ် အဲဒီလိုမျိုး ဝယ်ရင်တော့ ဝယ်တဲ့သူတွေ မနစ်နာနိုင်ဘူးလို့ သိရပါတယ် ။
Credit ( ဥပဒေရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...