ဥပဒေအရ သက်ညှာပေးထားတဲ့ အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက်တို့ကို မတ်လ ၃၁ ရက်အထိသာ ခံစားခွင့် ရှိတော့မယ်

စည်းကြပ်မှုမှ လွတ်ကင်းနေသော ( ဝင်ငွေရလမ်း မဖော်ပြနိုင်သော ) အခွန်ထမ်း ပြည်သူတွေ အပေါ် ဥပဒေအရ သက်ညှာပေးထားတဲ့ အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက် တို့ကို မတ်လ ၃၁ ရက်အထိသာ ခံစားခွင့်ရှိတော့မယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ( IRD ) က အသိပေးထားပါတယ် ။
ကိုဗစ်ကြောင့် နှောင့်နှေးလျက် ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်တိုးတက်မှု ရှိလာစေဖို့ ၂၀၂၁ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေများအတွက် သက်ညှာတဲ့ အခွန်နှုန်းထားတွေနဲ့ သတ်မှတ် ပြဋ္ဌာန်းပေးခဲ့ပါတယ် ။
၂၀၂၁ အခွန်အကောက် ဥပဒေအရ ကျပ်သိန်း ၁၀၀၀ အထိ ပေးဆောင်ရတဲ့ ဝင်ငွေခွန်ကို ၃ ရာခိုင်နှုန်း ပေးဆောင်ဖို့ ပြဋ္ဌာန်းထားပြီး ကျပ် ၁၀၀၁ သိန်းမှ သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း ၊ ကျပ် ၃၀၀၁ သိန်းမှ သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း ၊ ကျပ် ၁၀၀၀၁ သိန်းမှ သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ် ၃၀၀၀၁ သိန်း အထက်ကိုတော့ ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပါတယ် ။
IRD ဘက်က ကိုဗစ်ကြောင့် ထိခိုက်ကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကုစားနိုင်ဖို့နဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ပြီး ၂၀၂၁ အခွန်အကောက် ဥပဒေကို ထပ်မံပြင်ဆင်ခဲ့ကာ ဖော်ပြခဲ့တဲ့ သတ်မှတ်ချက်အတိုင်း စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက်တွေကို ပြင်ဆင်ပေးခဲ့ပါတယ် ။
IRD ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ အခွန်ဝင်ငွေ ရရှိမှုက ကျပ် ၄.၇၄၅ ထရီလီယံ ရရှိခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ရရှိမှုထက် ၃၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ် ။
၂၀၁၉ -၂၀ ဘဏ္ဍာနှစ်မှာ IRD က အခွန်ဝင်ငွေ ကျပ် ၇.၂၉၆ ထရီလီယံ ရရှိခဲ့ပြီး အခွန်အမျိုးအစားအစုံမှ ရရှိငွေ လျော့ကျသွားခဲ့ကြောင်း ဖော်ပြထားတာကို တွေ့ရှိရပါတယ် ။
IRD ရဲ့ ဖော်ပြချက်မှာ ဝင်ငွေခွန်က ကျပ်ငွေ ၁၄၈၈ ဘီလီယံ ၊ ကုန်သွယ်လုပ်ငန်း ခွန်က ကျပ် ၅၅၂ ဘီလီယံ ၊ အထူးကုန်စည်ခွန်က ကျပ် ၄၄၉ ဘီလီယံ ၊ တံဆိပ်ခေါင်းခွန် ကျပ် ၃၃ ဘီလီယံ ၊ အောင်ဘာလေ ထီခွန် ကျပ် ၇၅ ဘီလီယံ ၊ ကျောက်မျက်ရတနာခွန် ကျပ် ၉ ဘီလီယံ ကာလတူထက် လျော့နည်းခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးတစ်ခုအတွင်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာ ဝင်ငွေခွန်အပါအဝင် အခွန်များ အပြည့်အဝရရှိမှု မရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ် ။
BETV Business
Credit ( ဥပဒေရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...