ဥပဒေအရ သက်ညှာပေးထားတဲ့ အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက်တို့ကို မတ်လ ၃၁ ရက်အထိသာ ခံစားခွင့် ရှိတော့မယ်

11-Mar-22 အခြား
ဥပဒေအရ သက်ညှာပေးထားတဲ့ အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက်တို့ကို မတ်လ ၃၁ ရက်အထိသာ ခံစားခွင့် ရှိတော့မယ်

         စည်းကြပ်မှုမှ လွတ်ကင်းနေသော ( ဝင်ငွေရလမ်း မဖော်ပြနိုင်သော ) အခွန်ထမ်း ပြည်သူတွေ အပေါ် ဥပဒေအရ သက်ညှာပေးထားတဲ့ အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက် တို့ကို မတ်လ ၃၁ ရက်အထိသာ ခံစားခွင့်ရှိတော့မယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ( IRD ) က အသိပေးထားပါတယ် ။

 

           ကိုဗစ်ကြောင့် နှောင့်နှေးလျက် ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်တိုးတက်မှု ရှိလာစေဖို့ ၂၀၂၁ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေများအတွက် သက်ညှာတဲ့ အခွန်နှုန်းထားတွေနဲ့ သတ်မှတ် ပြဋ္ဌာန်းပေးခဲ့ပါတယ် ။

 

         ၂၀၂၁ အခွန်အကောက် ဥပဒေအရ ကျပ်သိန်း ၁၀၀၀ အထိ ပေးဆောင်ရတဲ့ ဝင်ငွေခွန်ကို ၃ ရာခိုင်နှုန်း ပေးဆောင်ဖို့ ပြဋ္ဌာန်းထားပြီး ကျပ် ၁၀၀၁ သိန်းမှ သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း ၊ ကျပ် ၃၀၀၁ သိန်းမှ သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း ၊ ကျပ် ၁၀၀၀၁ သိန်းမှ သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ် ၃၀၀၀၁ သိန်း အထက်ကိုတော့ ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပါတယ် ။

 

          IRD ဘက်က ကိုဗစ်ကြောင့် ထိခိုက်ကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကုစားနိုင်ဖို့နဲ့  ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ပြီး ၂၀၂၁ အခွန်အကောက် ဥပဒေကို ထပ်မံပြင်ဆင်ခဲ့ကာ ဖော်ပြခဲ့တဲ့ သတ်မှတ်ချက်အတိုင်း စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအလွှာ သတ်မှတ်ချက်တွေကို ပြင်ဆင်ပေးခဲ့ပါတယ် ။

 

          IRD ရဲ့  နှစ်ပတ်လည် အစီရင်ခံစာမှာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ အခွန်ဝင်ငွေ ရရှိမှုက ကျပ် ၄.၇၄၅ ထရီလီယံ ရရှိခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ရရှိမှုထက် ၃၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ် ။

 

         ၂၀၁၉ -၂၀ ဘဏ္ဍာနှစ်မှာ IRD က အခွန်ဝင်ငွေ ကျပ် ၇.၂၉၆ ထရီလီယံ ရရှိခဲ့ပြီး အခွန်အမျိုးအစားအစုံမှ ရရှိငွေ လျော့ကျသွားခဲ့ကြောင်း ဖော်ပြထားတာကို တွေ့ရှိရပါတယ် ။

 

         IRD ရဲ့  ဖော်ပြချက်မှာ ဝင်ငွေခွန်က ကျပ်ငွေ ၁၄၈၈ ဘီလီယံ ၊ ကုန်သွယ်လုပ်ငန်း ခွန်က ကျပ် ၅၅၂ ဘီလီယံ ၊ အထူးကုန်စည်ခွန်က ကျပ် ၄၄၉ ဘီလီယံ ၊ တံဆိပ်ခေါင်းခွန် ကျပ် ၃၃ ဘီလီယံ ၊ အောင်ဘာလေ ထီခွန် ကျပ် ၇၅ ဘီလီယံ ၊ ကျောက်မျက်ရတနာခွန် ကျပ် ၉ ဘီလီယံ ကာလတူထက် လျော့နည်းခဲ့ပါတယ် ။

 

         ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးတစ်ခုအတွင်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာ ဝင်ငွေခွန်အပါအဝင် အခွန်များ အပြည့်အဝရရှိမှု မရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ် ။

 

BETV Business

 

Credit (  ဥပဒေရေးရာ )

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate