အခု ဒီကာလမှာ အိုးအိမ်တိုက်ခန်း တရားဝင် ဝယ်ယူနည်း ပြောပြပေးပါမယ် ။

အိုးအိမ်က Owner Book နဲ့ ဝယ်ထားတယ် ဆိုတဲ့ သူဆီကနေ တိုက်ခန်း ပြန်ဝယ်ချင်တာပါ ။ ဒဂုံမြို့သစ် ဘက်မှာပါ
ဘယ်လို အရှုပ်အရှင်းတွေ ရှိနိုင်လဲ ။ မှန်ကန် ခိုင်မာ မှု ရှိ မရှိ ဘယ်လို စစ်လို့ ရမလဲ သိချင်ပါတယ် ။
အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ ရပါတယ် ။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ် " ချုပ်ရမှာပေါ့ ။
စာချုပ်ပြီးတာနဲ့ တိုက်ခန်းကို အရယူမယ် ။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ် ။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသ ကြီးရုံးမှာ လိုက်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ် ။
တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ ရတယ် ။
အမည်ပြောင်း လျှောက်လွှာ တင်ပြီး အဆင့်ဆင့် ဆောင်ရွက်ရပါတယ် ။
Owner Book အမည်ပေါက် ကိုယ်တိုင် မလိုက်နိုင်လို့ နောက်မှ တစ်ဖြည်းဖြည်း အမည်ပြောင်း လျှောက်မယ် ဆိုရင်တော့ တိုက်ခန်း အမည်ပေါက်ထံက Special Power ( SP ) ဖြစ်စေ ၊ General Power ( GP ) ဖြစ်စေ ယူထားလိုက်ရင် ရပါတယ် ။
အဲ့ဒီလို ကိုယ်စားလှယ်လွှဲစာ ယူရင် ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှ ခေါ် ပြီး ယူထားတဲ့ လွှဲစာမှသာလျှင် တရားဝင် အတည် ဖြစ်ပါတယ် ။
အရှုပ်အရှင်း ရှိ / မရှိတော့ မြောက်ဥက္ကလာမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှာ ပထမ စုံစမ်းသင့်ပါတယ် ။
ဒုတိယ အနေနဲ့ကတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မိမိလက်ဝယ်ရထားတဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းများနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ် ။
အိုးအိမ်မှာ ကန့်ကွက်ချက် ကင်းတယ် ။ အရှုပ်အရှင်း ကင်းတယ် ဆိုရင်တော့ ဝယ်လို့ ရပါပြီ ၊ ဒါမှမဟုတ် ပိုပြီး သေချာအောင် လူသိရှင်ကြား ကြော်ငြာချင်ရင်တော့ မြန်မာ့အလင်း / ကြေးမုံ သတင်းစာ တစ်စောင်စောင်မှာ ထည့်လိုက်ပေါ့ ။
( ၁၄ ) ရက်အတွင်း ကန့်ကွက်ချက် မရှိဘူး ဆိုရင် အပြီးအပိုင် ဝယ်လို့ရပါတယ် ။
ဝယ်ပြီး အမည်ပြောင်းရင်လည်း မြေခွန် ဆောင်ရသလို အများကြီး မကုန်ပါဘူး ဆိုတာ ဖြေကြားပေးလိုက်ပါတယ် ။
ဖြေဆိုသူ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
( Edit အမည်ပြောင်းမယ်ဆိုရင် အစိုးရ ဘဏ်ကို ငွေသွင်းထားတဲ့ ငွေသွင်းချလံ မူရင်းကတော့ မပါမဖြစ် လိုပါတယ် မမေ့မလျော့ တောင်းယူထားကြပါ။ )
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...