ဂရန် မြေကို အရပ် စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှု ခိုင်မာ သလား ?

ဂရန် မြေကို အရပ် စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှု ခိုင်မာ သလား ? ဂရန် မြေကို အရောင်း အဝယ် ပြုလုပ် ကြတဲ့ အခါ တန်ဖိုး ငွေကျပ် ၁၀၀နှင့် အထက်ရှိ မရွှေ့ မပြောင်းနိုင် သည့် ပစ္စည်းကို မှတ်ပုံတင် စာချုပ် ချုပ်ဆိုရန် လိုအပ် သဖြင့် မှတ်ပုံတင် စာချုပ်ချုပ်ဆိုမှသာ တရားဝင်အရောင်း အဝယ်စာချုပ်ဖြစ်ပါမည်။ အချို့အရောင်းအဝယ်ပြုလုပ်ကျရာတွင် အရပ်ကတိအရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး ဂရန်အမည် ပြောင်းသူ ထံမှ ကိုယ်စား လှယ်လွှဲစာ ပြုလုပ် ထားပြီး ဆက်လက် ဆောင်ရွက် ခြင်း မပြုဘဲ နေထိုင်နေကြပါ သည် ။ ကိုယ်စား လှယ်လွှဲ စာသည် ပေးအပ်သူ ၊ လက်ခံသူ သေဆုံး သွားသည့် အချိန် ၊ ပေးအပ် သူမှ ပြန်လည် ရုပ်သိမ်း သွားသည့် အချိန်အခါ များတွင် ဆက်လက် ဆောင် ရွက်၍ မရတော့ ပါဘူး ။
ထိုအခါမှ မှတ်ပုံတင် စာချုပ် ချုပ် ဆိုလိုလျှင် သက်ဆိုင်ရာ ခရိုင်တရား ရုံးသို့ မှတ်ပုံတင် စာချုပ် ချုပ်ပေး စေလိုမှု တရားစွဲ ဆိုပြီး တရားရုံးမှ သက်သေ များကို စစ်ဆေး၍ ပိုင်ဆိုင်မှု မှန်ကန်ပါက အမိန့်ချ ပေးမှာ ဖြစ်ပါသည် ။ အမိန့်ချ ပြီးမှ တရားလိုသည် အမိန့်အပေါ် အတည်ပြု ဆောင် ရွက်ရန် တရားမ ဇာရီမှု ဆက်လက် ဖွင့်ပြီး တရားရုံးမှ တာဝန် ပေးအပ် ခြင်းခံ ရသူက ရောင်းသူ ကိုယ်စားမှတ်ပုံတင် စာချုပ် ချုပ် ဆိုပေးမှာ ဖြစ်ပါတယ် ။ ထိုသို့ ဆောင် ရွက်ပါ က အချိန်ကြာ မြင့်မှု ၊ ရှေ့နေခ ကုန်ကျ စရိတ် ၊ တရားရုံးကုန်ကျ စရိတ်နှင့် အချိန်ကြာ မြင့်မှု များစွာ ရှိနိုင် ပါတယ် ။ ထို့အတွက် ကြောင့် ဂရန်မြေကို ဝယ်ယူ သူများ အနေဖြင့် အောက်ပါ လုပ်ငန်းစဉ်အတိုင်း တဆက်တည်း လုပ်ဆောင် ထားမှသာ တရားဝင် ပိုင်ဆိုင်မှု ခိုင်မာမှာ ဖြစ်ပါသည် ။
- စရန် ပေး စာချုပ် ချုပ်ဆို ခြင်း ။
- ရောင်းသူကို အရောင်း မြေပုံ / မြေရာဇဝင် ကူးခိုင်းခြင်း ။
- မြေငှား ဂရန် အမည်ပေါက် မှန်ကုန်မှု ရှိ / မရှိ စစ်ဆေးခြင်း ။
- နိုင်ငံပိုင် သတင်း စာတွင် အရောင်း အဝယ်နှင့် ပတ်သက်၍ ကန့်ကွက်သူ ရှိ / မရှိ ကြော်ငြာ ထည့်သွင်း ခြင်း ။
- မှတ်ပုံတင် အထူးကိုယ် စားလှယ် လွှဲစာ ပြုလုပ်ခြင်း ။
- အပြီးသတ် ငွေပေး ချေခြင်း စာချုပ် ချုပ်ဆိုခြင်း ။
- ရန်ကုန် တိုင်း ကာလ တန်ဖိုး စိစစ်ရေး အဖွဲ့သို့ တင်ပြ၍ မြေနှင့် အိမ်တန်ဖိုး သတ်မှတ် ခြင်း ။
- မြို့နယ် အခွန် ဦးစီး ဌာနတွင် ကာလ တန်ဖိုး စိစစ်ရေး အဖွဲ့မှ သတ်မှတ် ပေးသည့် တန်ဖိုး အပေါ် ဝယ်ယူခွန် ထမ်းဆောင် ခြင်း ။
- တံဆိပ် ခေါင်းခွန် ထမ်းဆောင် ခြင်း ။
- ရန်ကုန် မြို့ စာချုပ် စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင် စာချုပ် ချုပ် ဆိုခြင်း ။ စသည့် အဆင့်ဆင့် ဆောင်ရွက် ပြီးမှသာ အရောင်း အဝယ် သည် တရားဝင် အရောင်း အဝယ် အဆင့်သို့ ရောက်မည် ဖြစ်ပါ သည် ။
ထိုသို့ ချုပ်ဆို ထားသော မှတ်ပုံတင် စာချုပ်ဖြင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှု ဌာနတွင် မြေ အမည်ပေါက် ပြောင်းလဲ ရန် လျှောက်ထား ရမှာ ဖြစ်ပါသည် ။
အထက် ပါအတိုင်း ဆောင်ရွက်ပြီး တရားဝင် မှတ်ပုံတင် စာချုပ် ချုပ် ဆိုခြင်း ၊ မြေငှား ဂရန်တွင် မိမိအမည် ပေါက် ပြောင်းလဲခြင်းများ ဆောင်ရွက် ပြီးမှသာ မိမိ ပိုင်ဆိုင် သော မြေအဖြစ် တာဝန် ဝင်ပိုင်ဆိုင်မှု အထောက် အထားရရှိမှာ ဖြစ်ပါသည် ။ ထိုမှသာ မိမိတို့ စီးပွားရေး လုပ်ငန်း များအတွက် မြေငှား ဂရန် အပေါင်ထားပြီး ဘဏ်တွင် ချေးငွေ လျှောက်ထား နိုင်မှာ ဖြစ်ပါတယ် ။ ထို့ကြောင့် မြေငှား ဂရန် အမျိုးအစား မြေကွက်ကို ဝယ်ယူ သူများ အနေဖြင့် တရားဝင် ပိုင်ဆိုင်မှု ရရှိရန် မှတ်ပုံတင် စာချုပ်ချုပ် ဆိုမှသာ နောက်တစ်ချိန် ပြန်လည် ရောင်းချ ရာတွင် လည်း အဆင်ပြေ ချောမွေ့မှာ ဖြစ်ပါသည် ။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...