ဂရန် သက်တမ်းတိုး လျှောက်ထားရန် အကြောင်း အမျိုးမျိုး ရှိကြ ပါသည် ၊

ဂရန် သက်တမ်းတိုး လျှောက်ထားရန် အကြောင်း အမျိုးမျိုး ရှိကြ ပါသည် ၊
၄င်း တို့မှာ-
( ၁ ) ဂရန် အမည် ပြောင်းလျှောက် ထားခြင်း ၊
( ၂ ) ဂရန်ဦး ပိုင်ခွဲ ( ဂရန်မြေ တစ်ခုကို အမည် မပြောင်းဘဲ ဂရန်တစ်ခု ၊ နှစ်ခု ၊ သုံးခု ထပ်မံ ခွဲစိတ်ရန် လျှောက်ထားခြင်း )
( ၃ ) ဂရန် သက်တမ်းတိုး ( ဂရန် သက်တမ်း ကုန်၍ ထပ်မံ သက်တမ်းတိုး လျှောက်ထားခြင်း )
( ၄ ) သက်တမ်းတိုး ၊ အမည်ပြောင်း ( အမည်လည်း ပြောင်းမည် ၊ သက်တမ်းလည်း တိုးမည် ။ )
( ၅ ) ဦးပိုင်ခွဲ ၊ အမည်ပြောင်း ( ဂရန်မြေ တစ်ခုကို နှစ်ခု ၊ သုံးခုခွဲပြီး အမည် ပြောင်းခြင်း )
( ၆ ) ဂရန်ပျောက် ၊ သက်တမ်းတိုး ၊ အမည်ပြောင်း ( သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး ၊ အမည်ပြောင်း လျှောက်ထားခြင်း )
( ၇ ) ဂရန်မိတ္တူ လျှောက် ထားခြင်း ( ဂရန်မူရင်း ပျောက်ဆုံး သွား၍ အမည် ပြောင်းခြင်း မပြုဘဲ ဂရန် မိတ္တူ လျှောက် ထားခြင်း )
( ၈ ) တောမှ မြို့ပြောင်း လျှောက်ထားခြင်း ( ယခင် ပုသိမ်ကြီး မြို့နယ် နှင့် အမရ ပူရ မြို့နယ် ပြင်ပရှိ မြေတို့ကို ထုတ်ပေး ထားသည့် တောဂရန်မြေ များကို မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းကျ ရောက်လာသဖြင့် တောဂရန် မြေမှ မြို့ဂရန်မြေ အဖြစ် လျှောက်ထားခြင်း )
( ၉ ) တောမှ မြို့ပြောင်း ၊ အမည်ပြောင်း ( တောဂရန်မြေမှ မြို့ဂရန်မြေ အဖြစ် ပြောင်းလဲခြင်း အပြင် အမည်ပါ ပြောင်းလဲပေးရန် လျှောက်ထားခြင်း )
ဟူ၍ ဂရန်လျှောက် ထားနည်း အမျိုးမျိုး ရှိကြ ပါသည် ။
# လျှောက်ထား နိုင်သူများ #
$ အမည်ပေါက် ကိုယ်တိုင် ( သို့မဟုတ် )
$ အရောင်း အဝယ် မှတ်ပုံတင် စာချုပ်ဖြင့် ဆက်စပ် ပိုင်ဆိုင်သူ
# လျှောက်လွှာပုံစံ
ဌာနမှ သတ်မှတ် ထားသော လျှောက်လွှာ ပုံစံဖြင့် လျှောက်ထား ရပါမည် ။
ဥပမာ- မဟာ ရန်ကုန် မြို့တော်တွင် ဆိုပါက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှု ဦးစီးဌာနက သတ်မှတ် ထားသော လျှောက်လွှာပုံစံ ၊ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်လည်း အလားတူ သက်ဆိုင်ရာ ဌာနက သတ်မှတ် ထားသော လျှောက်လွှာ ပုံစံဖြင့် လျှောက်ထားရန် ဖြစ်ပါသည် ။
# လျှောက်ထား ရမည့် ကာလ #
ဂရန် သက်တမ်း ကုန်ဆုံးရန် ( ၃ ) လအလိုကပင် လျှောက်ထား နိုင်ပါသည် ။
# ဂရန် လျှောက်ထား ရာတွင် ပူးတွဲတင်ပြရမည့် စာရွက် စာတမ်းများ
( ၁ ) ကာယကံ ရှင်၏ မှတ်ပုံတင် မိတ္တူမှန် ၊
( ၂ ) ဂရန် စာချုပ် မိတ္တူမှန် ၊
( ၃ ) အမွေ ဆက်ခံခြင်း ဖြစ်ပါက အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြောညာ စာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက် ၊
( ၄ ) အရောင်း အဝယ် ၊ ပေးကမ်း ၊ စွန့်လွှတ် စာချုပ် မိတ္တူမှန် ၊
( ၅ ) တရားမမှုခင်း ဖြစ်ပွားသည့် မြေအမျိုးအစား ဖြစ်ပါက တရားရုံး ဒီကရီ ၊ တရားမပုံစံ (၁၀၆ ) ၊
( ၆ ) မြေခွန် ပြေစာ မိတ္တူမှန် ၊
( ၇ ) အိမ်ထောင်စု ဇယား မိတ္တူမှန် ၊
( ၈ ) အဆောက် အအုံ ဓာတ်ပုံ ၊
( ၉ ) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၏ ထောက်ခံစာ ၊
( ၁၀ ) အမည်ပေါက် ၊ အမွေ ဆက်ခံသူများ သေဆုံးပါက သေစာရင်း မိတ္တူမှန်များ ။
# ကြာမြင့် ချိန်- #
မြို့ဟောင်း မြေမှ ဂရန်လျှောက် ထားမှု များကို သတင်းစာတွင် ကြော်ငြာပြီး ၊ ကန့်ကွက် သူမရှိ ၊ အရှုပ်အရှင်း တစ်စုံ တစ်ရာ မရှိပါက (၁) လအတွင်း ဂရန်လျှောက် ထားမှုကို ရနိုင်ပါသည် ။
ဆရာကြီးမိုးထက် ( ၉.၇.၂၀၂၁) ရက်နေ့ ၊ နေ့လည် ( ၁၁ ) နာရီ ( ၁၇ ) မိနစ်
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...