ကန် ထရိုက် တိုက် ဝယ် ရင် မိုးတွင်းကို ဝယ်..

ကန် ထရိုက် တိုက် ဝယ် ရင် မိုးတွင်းကို ဝယ်..

တိုက်ခန်း ဝယ်မယ်ဆိုရင်... "

ကန်ထရိုက်တိုက် ဝယ်ရင် မိုးတွင်းကို ဝယ်..

မိုးတွင်းဆိုရင် နံရံ ရေစိမ့်တာ သိ နိုင် တယ်..

အပေါ်ဆုံးထပ် ကို ဝယ်ရင် မျက်နှာကျက်ကနေ ရေ ယို မယို စစ်ရမယ် ၊

မိုးတွင်းတော့ သိသာ ပေမယ့် နွေ ဆို မသိနိုင်ဘူး၊

ဘေးလှေခါးလား၊အလယ် လှေ ခါးနဲ့နှစ် ခန်း တွဲ ရင် ခွဲလားကြည့် ရမယ်..

နှစ်ခန်းတွဲ ရင်ခွဲတိုက် တွေရဲ့ အပေါ်ဆုံးအလွှာ မှာ အလယ် မြင်းမို ကို အုတ်စီထားသလား..

ဒါမှမဟုတ် သံဇကာ ကာထားသလားကြည့်ရမယ်..

နို့မိုဆို တစ်ဘက် ခန်းနဲ့တဘက်ခန်းမျက် နှာကျက်ကနေ ကူးနိုင်တာမို့ လုံခြုံမှု မရှိနိုင်ဘူး။

နောက်ဖေး မိလ္လာကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေပိုက် တပ်ဆင်ထားမှု လည်းစစ်

ဆေးရမယ်..

အနံထွက်ပိုက် လေပိုက် တပ်ဆင်ထားမှု စနစ်မကျရင် မိလ္လာနံ့တွေ အခန်းထဲ ဝင်လာနိုင်တယ်။

နောက်ဖေး အရေးပေါ် လှေကားကတော့ အာစီတွေချည်းပါပဲ ၊

ဒါပေမဲ့ လက်ရန်းတွေက စတီးလား ဟော်လိုလား ကြည့်ရမယ်..

စတီးဆို မဆွေးဘူး ဟော်လိုဆိုရင် သံချေးကိုက်ပြီး ဆွေးမယ်..

နောက်ဖေး အဝတ်လှမ်းတဲ့ အခါ အရေးပေါ် လှေကားက မဖြစ်မနေ

ဆင်းရတဲ့အခါ လက်ရန်း ဆွေးနေရင် အန္တရာယ်ရှိတယ်။

မြေညီစက်ခန်းက ရေလှောင်ကန် ရေ လုံ

မလုံ လည်း စုံစမ်းရမယ် ရေမလုံ လို့တော့

လုံးဝ မဝယ်နဲ့ ၊တစ်ချို့ စေတနာပါတဲ့ ကန်

ထရိုက်တွေက မြေအောက် ရေလှောင်ကန်

ကို ကြွေပြားပါ ကပ်ပေးတာ ၊ရေကန် ဆို တာ

ပုံမှန် ရေလှယ်ဆေးကြောရတော့ ကြွေပြား

ကပ်တာ ကောင်းပါတယ်။

နောက် ရေလှောင်ကန်အဖုံး အဖုံးအနားကွပ် က ၆လက်မ လောက် မြင့်ထားရတယ်၊

ရေမော်တာ ရေစုပ်ပိုက်က ရေထွက်ပေါက်ကို ၂လက်မ ပိုက် ၆လက်မ

လောက်စွပ်ပြီးမဆလာ နဲ့ပိတ် ထားရ တယ် ၊

ရေကန် ရေပြည့်လို့ ရေလျှံရင် ရေကန်အဖုံး စလပ်က မကောင်းတဲ့ရေတွေ ကန်ထဲ မကျ 

တော့ဘူး၊

အပြင်ဘက်ကိုလည်း ရေဆင်းကောင်းအောင် လျှောစောက် လုပ် မလုပ် ကြည့်ရတယ်။

လူနေပြီးသားတိုက်ကို ဝယ်တဲ့အခါ တိုက်ဆောက်လုပ်တဲ့ ရာဇဝင်ကို မသိနိုင်

ပေမယ့် ခန့်မှန်းလို့တော့ ရပါတယ်။

ဘေးဝဲယာ ၊ ရှေ့နောက် စောင်း မစောင်း မျက်မြင်နဲ့ ခန့်မှန်းပေါ့ ၊
နောက် မြေညီတိုင် (Column) အရွယ် အစား ကိုကြည့် ၊ တစ်ချို့

၅ထပ် ၆ထပ် တိုက်တွေ မြေညီ တိုင်ကစ

9"×12"အရွယ်တွေ လုပ်ထားတာ ၊ နံရံ တွေ

အက်ကွဲမှု ရှိ မရှိ လည်း မျက်မြင်နဲ့လေ့လာလို့ ရပါတယ် ။

၆ထပ် တိုက် တစ်လုံး တွေ့ဘူးတယ် အုတ်စီပြီး 
ရှေ့ကိုငိုက်သွားလို့ အပေါ် ဆုံး ပါရာပတ်

ကနေ ကြိုးဆွဲ ပြီးပလာစတာ လုပ်လိုက်တာ

တစ်တိုက်လုံး စကွဲယားကျ ဖြစ်သွားတယ်

အတွင်း ကော်လာတွေပါ လိုက်ချော ပြစ်ရတာပေါ့ ၊
နောက် တိုက်တစ်လုံးကျတော့ 

အရှေ့နောက် Level တိုက်တာ ၉"လောက်ကွာနေလို့ 
ညီအောင် ပြန်ခင်းတာတွေ့တယ် 
အဲဒီတော့ တိုက်က ဝန်ပိုတွေ များလာတာပေါ့ ။

ကွန်ဒို မဟုတ် ပဲ ရိုးရိုးဖေါင်ဒေးရှင်းတိုက်တွေ ဝယ်ရင် 
သေချာနားလည်တဲ့ သူနဲ့ဝယ်မှ ၊
မင်္ဂလာတောင်ညွန့် ထဲ မှာ 
တိုက်တစ်လုံးမြေထဲ  ကြွံဝင်သွားတာ မြေညီတစ်ထပ်လုံး 
မြေထဲ ရောက်သွားတယ်။

အခု ကန်ထရိုက်တိုက်တွေ ဆောက်နေတာ

အင်ဂျင်နီယာမပါဘူး ၊ အင်ဂျင်နီယာ ဆို တာ 

လက် မှတ် ထိုးရုံ ပဲ ၊ ပန်းရံ လက် သမားတွေကပဲ 
ဦးစီးနေတာ ၊ သံချောင်းရယ် 

ကျောက်ရယ် သဲရယ် ဘိလပ်မြေရယ် တွေ့ရင် 
အာစီ ဖြစ်တာပဲ ဆိုတဲ့ အသိ စွဲနေကြတာ ။

၆လွှာ အ ပေါ်ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ်ရတာ ၊

သိန်း၂၀၀ ဆိုတာ ပလုံသွားရင် ပြန်ရှာလို့ မလွယ်တဲ့ ခေတ်ကြီးမှာ 
တိုက်ခန်းဝယ် မယ်ဆို သေသေချာချာ စဉ်းစားပေါ့။

ပြီးစလွယ် ဆောက်တဲ့ ကန်ထရိုက်တွေ အနေနဲ့ 

မကျေနပ် လည်းမတတ်နိုင်ဘူး ၊အမြတ်ကို 
အဓိက မထားပဲ လူပေါင်းများစွာ

ရဲ့ဘဝ ၊ အသက်တွေ ၊ ချွေးနည်းစာ တွေ ကို 

မသမာတဲ့နည်းနဲ့ မဖျက်စီးပါနဲ့ မရယူပါနဲ့ ၊ 
ဆရာဝန်မှားရင် အသက်တစ်ချောင်းပဲ

ဆုံးရှုံးမယ် ကန်ထရိုက် ပြီးစလွယ် လုပ်ရင်

အသက် ပေါင်းများစွာ ဘဝပေါင်းများစွာ ဆုံးရှုံးမယ်။

အင်ဂျင်နီယာ အစားကန်ထရိုက် လို့ ဘာဖြစ်လို့
ပြောရတာလည်းဆို တော့ အင်ဂျင်နီယာ တာဝန်ယူရတဲ့ 
တိုက်က ကွန်ဒိုကလွဲရင် မရှိသလောက်ပဲမို့လို့ပါ။


Crd: ဥပဒေရေးရာ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate