အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
============================
ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန်းဖေ၏ အိမ်ငှားအဖြစ်နေထိုင်ရာ နောက် ပိုင်း တွင် ဦးချစ်တီးတို့က အိမ်လခများပေးရန် ပျက်ကွက်သဖြင့် ရပ်ကွက်ပြည်သူ့ကောင်စီတွင် ညှိနှိုင်းကြသော အခါ ဦးချစ်တီးက ဦးအုန်းဖေ နေအိမ်တွင် ၂ နှစ်အတွင်း ပြောင်းရွှေ့ပေးရန်နှင် အိမ်ရှင် ဦးအုန်းဖေက ဦးချစ်တီး ထံမှ ၂ နှစ်အတွက် လခများမယူရန် နှစ်ဦးနှစ်ဖက်သဘောတူညီကြသည်။ ထိုသဘောတူညီချက်အရ အိမ်ငှား ဦးချစ်တီးသည် အချင်းဖြစ်အိမ်တွင် အခမဲ့ဆက်လက်နေထိုင်သွားရာ (၂) နှစ်ပြည့်ပြီးနောက် ဦးချစ်တီးက အိမ်မှ ဖယ်ရှားပေးခြင်း မပြုသဖြင့် ဦးအုန်းဖေက ဦးချစ်တီးအပေါ်အခွင့်အမိန့်အရ နေထိုင်သူများအဖြစ် နှင်လိုမှုစွဲ သည်။ ဗဟိုတရားရုံးက ဦးချစ်တီးနှင့် ဦးအုန်းဖေတို့ ချုပ်ဆိုသော သဘောတူညီချက်သည် အိမ်ရှင် အိမ်ငှား အဖြစ် ဆက်သွယ်မှုကို သဘောတူဖျက်သိမ်းခြင်း ဖြစ်ကြောင်း ထိုဆက်သွယ်မှုမှာ ပစ္စည်းလွဲှပြောင်းရေး အက် ဥပဒေ ပုဒ်မ ၁၁၁ (ခ) အရ ရပ်စဲပြီးဖြစ်ကြောင်း အမှုစွဲဆိုအချိန်တွင် ဦးချစ်တီးနှင့် ဦးအုန်းဖေတို့သည် အိမ်ရှင် အိမ်ငှားမဟုတ်တော့ဘဲ ဦးချစ်တီးသည် အခမဲ့ခွင်ပြုချက်အရ နေထိုင်သူဖြစ်ကြောင်း စသဖြင့် ဆုံးဖြတ်၍ ဦးအုန်းဖေကို အနိုင်ပေးသည်။
ဦးသိန်းနွဲ့နှင့်ဒေါ်ကြည်ကြည် ၁၉၈၀ ပြည့်နှစ် တရားမ ပထမအယူခံမှုအမှတ်-၂၃ အမှုတွင် ဒေါ်ကြည်ကြည်၏် ခင်ပွန်းဆိုသူဦးကြီးသွင်သည် ဦးသိန်းနဲ့ွ အိမ်ငှားအဖြစ်နေထိုင်လာရာမှ သေဆုံးပြီးနောက်ဒေါ်ကြည်ကြည်က ဦးသိန်းနွဲ့ခွင့်ပြုချက်အရ ဆက်လက်နေမည် ဖြစ်ကြောင်း၊ အချိန်မရွေးဖယ်ရှားပေးမည် ဖြစ်ကြောင်းကတိစာချုပ် ချုပ်ဆိုသည်။ နောက်ပိုင်းတွင် ဒေါ်ကြည်ကြည်က အိမ်ခန်းမှ ဆင်းမပေး၍ ဦးသိန်းနွဲ့တို့က ဒေါ်ကြည်ကြည် အပေါ် အခွင့်အမိန့်အရ နေထိုင်သူအဖြစ် နှင်လိုမှုစွဲရာ ဒေါ်ကြည်ကြည်ဘက်မှ ဦးသိန်းနွဲ့၏ အိမ်ငှားဖြစ် ကြောင်း တင်ပြသည်။ ဗဟိုတရားရုံးက ဒေါ်ကြည်ကြည်သည် ဦးကြီးသွင် ဇနီးဖြစ်၍ ဦးကြီးသွင် ကွယ်လွန်သော အခါ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂ (ခ) အရ အိမ်ငှားအဖြစ်သို့ ရောက် ရှိသည့်တိုင်အောင် (၂-၁၁-၆၂) နေ့တွင် သက်သေခံ (က) စာချုုပ်ချုပ်ဆိုသောအခါ အိမ်ခန်းငှားရမ်းခြင်းကို အိမ်ရှင်အားပြန်လည်ပေးအပ်လိုက်ရာရောက်သဖြင့် ပစ္စည်း လွဲှပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၁၁ (စ) အရ အိမ်ငှားရမ်းခြင်းမှာ ရပ်စဲသွားသည်ဟု ကောက်ယူရာ ဦးသိန်းနွဲ့တို့သည် ဒေါ်ကြည်ကြည်အပေါ် အခွင့် အမိန့် အရ နေထိုင်သူအဖြစ် ဖယ်ရှားခွင့်ရှိသည်ဟု ဆုံးဖြတ်သည်။
ထို့ကြောင့် ယခုအယူခံမှုအား ရုံးအဆင့်ဆင့် ကုန်ကျစရိတ်နှင့် တကွခွင့်ပြုလိုက်။ တရားရုံးချုုပ် ၁၉၉၀ပြည့်နှစ် ၊ တရားမပထမ အယူခံမှုအမှတ်- ၁၃၉ ၏ အမိန့်နှင့် စွဲဆိုသည့် အတိုင်း အနိုင်ဒီကရီ ချမှတ်ပေးသည့် ရန်ကုန် တိုင်း တရားရုံး၏၁၉၈၉ ခုနှစ်၊ တရားမမှုအမှတ်-၃ ၏ အမိန့်နှင့် ဒီကရီကို ပြန်လည်အတည်ပြုလိုက်သည်။ ((ဒေါ်မြမြသန်း နှင့် ဦးပွန်စကပ် ၊ ၁၉၉၂၊ မတစ၊ စာ ၁၀၀)
သို့ဖြစ်၍ အထက်ပါ ဥပဒေမူ သဘောတရား ပြောင်းလဲသွားမှုကြောင့် ယခင်က အိမ်ငှားအဖြစ်မှ အခမဲ့ အခွင့် အမိန့်အရ နေထိုင်သူအဖြစ်သို့ မပြောင်းလဲနိုင်သော်လည်း ယခုအခါတွင် အိမ်ငှားအဖြစ်မှ အခမဲ့အခွင့်အမိန့် အရ နေထိုင်သူ အဖြစ်သို့ ပြောင်းလဲသွားသည့် သဘောကို တွေ့ရပေသည်။