အမွေနှင့် သက်ဆိုင်သော အကြောင်းအရာများ
မေး - ကျမတို့မှာ ညီအမ ၃ ယောက် ရှိပါတယ် ။ အမေက အရင် ကွယ်လွန်ပြီး အဖေက
နောက်မှ ကွယ်လွန်ပါတယ် ။ အဖေ မကွယ်လွန်ခင်မှာ အတူနေ သမီးအပျိုကြီး ဖြစ်သူကို
လက်ရှိနေထိုင်တဲ့ အိမ် ခြံ မြေ တစ်ခုလုံးကို အပိုင်ပေး စာချုပ်နဲ့ မှတ်ပုံတင်ပြီး ပေးခဲ့ပါတယ် ။
အဖေ ကွယ်လွန်ပြီးနောက် ကျန်တဲ့ ညီမတွေက ဒီအိမ်ကြီး နံဘေးမှာပဲ အဖီဆွယ်ပြီး နေရပါတယ် ။
ကျန်တဲ့ အမွေဆိုင် သမီးတွေအနေနဲ့ ဒီအိမ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ခွင့် မရှိတော့ဘူးလား ဆိုတာ သိပါရစေ ။
ဖြေ - အပိုင်ပေး တာဟာ ဥပဒေနဲ့ အညီလား ပထမ စဉ်းစားရတာပေါ့ ။
စာချုပ် စာတမ်း မှတ်ပုံတင် ဥပဒေပုဒ်မ ၁၆ ( ခ ) အရ မရွှေ့ မပြောင်း နိုင်တဲ့ပစ္စည်းကို
တန်ဖိုးလည်း တစ်သိန်းအထက် ဖြစ်မယ် ၊ အဲဒါကို လွှဲပြောင်း ရောင်းချမယ် ဆိုရင် မလွဲမသွေ
မှတ်ပုံတင် စာချုပ်ချုပ်မှ တရားဝင်မယ်လို့ ပြောထားပါတယ် ။
အဲဒီ ဥပဒေနဲ့ အညီ မှတ်ပုံတင် စာချုပ်ပြီးတော့ ပေးလိုက်တဲ့အတွက် ပေးကမ်းခြင်း စာချုပ်ဟာ
တည်မြဲခိုင်မာတယ်လို့ ပြောလို့ရပါတယ် ။ ဒါပေမဲ့ မြန့်မာ ဓလေ့ ထုံးတမ်း ဥပဒေမှာ မိဘများ
ကွယ်လွန် ဆုံးပါး သွားတဲ့အခါမှာ အမွေပစ္စည်းဟာ တဦးတည်းကပဲ အပြည့်ရပြီး ကျန်ပုဂ္ဂိုလ်တွေက
တစိုးတစေ့မျှ မရဘူးဆိုရင် ဒီပေးကမ်းခြင်း ပျက်တယ်လို့ ဆိုထားပါတယ် ။
ဒီတော့ ပထမ ပေးကမ်းခြင်းမှာ မိဘရှိနေတော့ ဒီပြဿနာက မပေါ်ဘူး ။
ဒါပေမဲ့ မိဘ ဆုံးသွားတဲ့ အခါမှာ ဒုတိယပြဿနာက ဝင်လာတယ် ။
ကျန်တဲ့ သားသမီးက ဘာရသလဲ ။
(ဘာမှ မရဘူး ဆိုရင်တော့ စောစောက ပြောသလို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ပေးကမ်းခြင်း
စာချုပ်နဲ့ ပေးထားတာသည် အလိုလို ပျက်သွားပါတယ် ။) ဖျက်သိမ်းစရာ မလိုဘူး ။
ဒါကြောင့် ကျန်တဲ့ နှစ်ယောက် အနေနဲ့က အကျိုးခံစားခွင့် ရနိုင်တယ် ။ ဒီမြေကြီး တစ်ခုလုံးဟာ အမွေဆိုင်
ပစ္စည်းအဖြစ် မှတ်ယူရမယ်လို့ ဖြေကြား ပေးချင်ပါတယ် ။
ဖြေဆိုသူ ဆရာ ဦးကျော်ဇေယျ
Related Posts
နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...
အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...
မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...