တစ်လင် တစ်မယား ဥပဒေ
အမျိုးသားက နောက်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး
တစ်နေရာမှာ နေပါတယ် ။ ရဲစခန်းမှာ တစ်လင်
တလင် တမယား ဥပဒေနဲ့ အမှုဖွင့်တော့ ကျွန်မကို သက်သေ
ပြခိုင်းပါတယ် ။ သူနေတဲ့နေရာက ကျေးရွာ အုပ်ချုပ်
ရေးမှူးကို ကျွန်မအမျိုးသား နောက်မိန်းမနဲ့ နေထိုင်
ကြောင်း ထောက်ခံစာ သွားတောင်းလည်း
လုပ်မပေးဘူး ။ ကျွန်မမှာ ဖြစ်ရပ်မှန်ရဲ့သားနဲ့ ဘာမှ
လုပ်လို့ မရဘူး ဖြစ်နေပါတယ် ။ ဥပဒေအရ ဘယ်လို
ဆက်လုပ်လို့ ရသလဲ ဆိုတာကို သိလိုပါတယ် ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သက်သေပြဖို့ တာဝန်က တရားလို မှာပဲ ရှိပါတယ် ။
ဒါနဲပတ်သက်ပြီး စီရင် ထုံးတွေလည်း ရှိပါတယ် ။ တလင်
တမယား ကျင့်သုံးခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၀ အရ
ထိမ်းမြားမှု တည်မြဲနေစဉ် တခြားသူ တစ်ဦးနဲ့ လင်မယား
အဖြစ် ပေါင်းသင်း နေထိုင်ခြင်းကို တားမြစ်ပါတယ် ။
ပုဒ်မ ၁၃ မှာက သက်သေခံ အထောက်အထားနဲ့ တင်ပြနိုင်
မယ်ဆိုရင် ၇ နှစ်ထက်မနည်းတဲ့ ထောင်ဒဏ်နဲ့ ဒဏ်ငွေ
ကျခံဖို့ သတ်မှတ် ထားပါတယ် ။ ဥပဒေက၂၀၁၅ မှာ ပြဋ္ဌာန်း
ထားတာပါ ။ ရပ်ကွက် အုပ်ချုပ်ရေးမှုးက ထောက်ခံစာ
မပေးဘူးဆိုတော့ ပတ်ဝန်းကျင်က မြင်ကြား သက် သေတွေ ၊
အရပ်သက် သေတွေ စသဖြင့် ထင်ရှားအောင် ပြသပြီး
သက်သေထူ နိုင်ပါတယ် ။ နောက်စာရွက်စာ တမ်း သက်သေ
ခံချက်တွေ ၊ ဓာတ်ပုံတို့..စသဖြင့် ဒါမျိုးတွေလည်း ပြလို့ရတယ် ။
ရပ်ကွက် အုပ်ချုပ်ရေးမှုးက ထောက်ခံစာပေးမှ မဟုတ်ပါဘူးလို့
ဖြေကြား ချင်ပါတယ် ။
#DVBLawLab #တစ်လင်တစ်မယားဥပဒေ
(Zawgyi)
Credit-OriginalUploder
Related Posts
"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...
လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...