ပုဒ်မ ၅၀၅ အကြောင်း သိလိုသူများ အတွက်
လတ်တလော hot ဖြစ်နေတဲ့ ဥပဒေပုဒ်မ
ပုဒ်မ ၅၀၅ ( က )
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ( က ) ပြဋ္ဌာန်း ချက်
အရ ပြည်ထောင်စု အစိုးရ၏ ကြည်း ၊ ရေ ၊ လေ တပ်
တစ်ခုခုမှ အရာရှိအား သို့တည်း မဟုတ် တပ်သားအား
စစ် ပုန်ကန်ခြင်းကို သော်လည်းကောင်း ၊ သက်ဆိုင်ရာ
မိမိ၏ တာဝန် ဝတ္တတရားကို မလေးစားခြင်း သော်
လည်းကောင်း ၊ ပျက်ကွက်ခြင်း သော်လည်းကောင်း ၊
ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြု
စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ
ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ ၊
ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း ဖော်ပြ
ထားသည် ။
ပုဒ်မ ၅၀၅ ( ခ )
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( ခ ) ၏ပြဋ္ဌာန်း ချက်တွင် ဤသို့
တွေ့ရ ပါသည် ။
( က ) မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ ၊ ကောလ
ဟာလကို ဖြစ်စေ ၊ သတင်းကို ဖြစ်စေ ပြုရာတွင် ၊ သို့တည်း
မဟုတ် ထုတ်ပြန်ကြေ ညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိ
ရာတွင်
( ခ ) နိုင်ငံတော် အစိုးရကို ဖြစ်စေ ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြား
ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သော
သူအား ကျူးလွန် ချင်လာအောင် အများ ပြည်သူကို သော်
လည်းကောင်း ၊ အများ ပြည်သူ၏ သီးခြား လူစုကို သော်
လည်းကောင်း ၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်
စေရန် အကြံရှိလျှင် သို့တည်း မဟုတ် ထိုသို့ဖြစ်စေ တန်ရာသည့်
အကြောင်း ရှိလျှင် မြန်မာနိုင်ငံရှိ မြေကွက်များကို ကြည့်ရန်
Land In Myanmar ကိုနှိပ်ပါ ။
( ဂ )
ထိုသူကို ၂ နှစ်ထိ ထောင်ဒဏ်တစ် မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ်
ဖြစ်စေ ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရ မည်။ ရာဇ သတ်ကြီး
ပုဒ်မ ၅၀၅ ( ခ )အရ ပြစ်မှုကို တရားစွဲဆို ဆောင်ရွက်ခြင်း နှင့်
စပ်လျဉ်း၍ ဆရာကြီး ဦးသက်ဖေက ဤသို့ ဖော်ပြ ထားပါ
သေးသည်။
-ရဲအရေးမပိုင် ( ရဲစခန်း၌ တိုင်ချက် လက်ခံရေး ဖွင့်ခွင့် မရှိ ၊
တရားရုံး သို့သာ ဦးတိုက် လျှောက် ထားရမည်ဟု ဆိုလိုသည် )
- ကနဦးကပင် ဝရမ်းထုတ် ပေးနိုင်သည် ( ရာဇဝတ် ကျင့်ထုံး
နောက်ဆက်တွဲ ဇယား -၂ ဖော် ပြချက်အရ ဖြစ်သည် ။
တရားသူ ကြီးက ခံဝန် ဝရမ်းဖြင့် ဖြစ်စေ ၊ ခံ ဝန်မဲ့ ဝရမ်းဖြင့်
ဖြစ်စေ ၊ သမ္မန်စာ ထုတ်ဆင့်၍ ဖြစ်စေ တရားခံကို ဆင့်ဆို
နိုင်သည် ။
- ကျေအေးခွင့် မရှိ ( အမှုပြေ ငြိမ်းလိုပါက ရုပ်သိမ်းခြင်း
ပြုနိုင်ပါ သည် )
-မြို့နယ် တရားရုံးများ စီရင် ပိုင်ခွင့် ရှိသည် ။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( ခ ) အရ စွဲဆိုမှုသည် အစိုးရက
တရားလို ဖြစ်ပြီး ပြည်သူ ၊ သို့မ ဟုတ် စာနယ်ဇင်း မီဒီယာ
များက စွပ်စွဲခံရသူ ဖြစ်လေ့ ရှိပါသည် ။
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...