၅၀၅ ( ခ ) ဆိုတာ ဘာလဲ
(Statements conducing to public mischief) ကို ‘အများ
ပြည်သူ၏ အကျိုးပျက်စီး စေသော ဖော်ပြချက်’ ဟူ၍ ရာဇသတ်ကြီး
တွင် ပြန်ဆို ထားပါသည် ။ ရာဇ သတ်ကြီး ပုဒ်မ၅၀၅ ( ခ ) ၏
ပြဋ္ဌာန်း ချက်တွင် ဤသို့ တွေ့ရပါသည် ။ မည်သူ မဆို ဖော်ပြချက်ကို
ဖြစ်စေ ၊ ကောလဟာလကို ဖြစ်စေ ၊ သတင်းကို ဖြစ်စေ ပြုရာတွင် ၊
သို့တည်း မဟုတ် ထုတ်ပြန်ကြေ ညာရာတွင် ၊ သို့တည်းမဟုတ်
ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကို ဖြစ်စေ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြား
ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော
သူအား ကျူးလွန် ချင်လာအောင် အများ ပြည်သူကိုသော်
လည်းကောင်း ၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ၊
ကြောက် ခြင်း ၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေရန် အကြံရှိလျှင်
သို့တည်း မဟုတ် - ထိုသို့ ဖြစ်စေတန်ရာ သည့်အကြောင်း ရှိလျှင်
ထိုသူကို ၂ နှစ်ထိ ထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ ၊
ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရ မည် ။
( ကင်းလွတ်ချက် ) တစ်ဦး တစ်ယောက်သော သူသည် ဖော်ပြ
ချက်ကို ဖြစ်စေ ၊ ကောလာဟလ ကိုဖြစ်စေ ၊ သတင်းကို ဖြစ်စေ
ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန် ကြေညာရာတွင် ၊ သို့တည်း မဟုတ်
ဖြန့်ချိရာတွင် ထိုဖော်ပြ ချက်သော် လည်းကောင်း ၊ ထို ကောလဟာလ
သော်လည်း ကောင်း ၊ ထိုသတင်း သော်လည်းကောင်း မှန်ကန်သည်ဟု
ယုံကြည် ရန် အကြောင်းရှိသည့်အပြင် အထက်ကဆိုခဲ့သော အကြံမရှိဘဲ
ပြုလျှင် ၊ သို့တည်းမဟုတ် ထုတ်ပြန် ကြေညာလျှင် ၊ သို့တည်း မဟုတ်
ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပာယ်အရ ဖြစ်မှု မမြောက် ။
ဥပဒေ စကားရပ် များ၏ အဓိပ္ပာယ် သက်ရောက်မှုကို တိကျစေရန်
ရေးသားခြင်း ဖြစ်သဖြင့် ‘ဖြစ်စေ ၊ သော်လည်းကောင်း ၊ သို့ တည်းမဟုတ်’
စသည်တို့ ပါရှိလေ ရာ တရားဥပဒေ နယ်ပယ်နှင့်မနီး စပ်သူများ အဖို့ရာ
ယင်းအသုံးအ နှုန်းများသည် စိတ်ရှုပ်စရာ ရှိနိုင် ပါသည် ။ ဆရာကြီး
ဦးသက်ဖေ ( ဘီအေ ၊ ဘီအယ်လ် )က ရာဇ သတ်ကြီးပုဒ်မ ၅၀၅ ( ခ ) ၏ ‘
ပြစ် မှုအင်္ဂါရပ်’များကို ဤသို့ အကျဉ်း ချုံး၍ ရှင်းလင်း ဖော်ပြ ထားပါ သည် ။
( ၁ ) တရားခံသည် ဖော်ပြချက် ၊ ကောလဟာလ ၊ သို့မဟုတ် သတင်းကို
ပြုခြင်း ၊ ထုတ်ပြန် ကြေညာခြင်း
( ၂ ) အစိုးရကို ဖြစ်စေ ၊ ငြိမ်ဝပ်ပိပြားမှုကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို
ကျူးလွန် လာချင်အောင် ပြည်သူကို သော်လည်းကောင်း ၊ ပြည်သူ၏
သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း ၊ ထိတ်လန့်ခြင်း တစ်ခုခု
ဖြစ်စေရန် အကြံနှင့် ပြုခြင်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( ခ ) အရ ပြစ်မှုကို
တရားစွဲဆို ဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ ဆရာကြီး ဦးသက်ဖေက
ဤသို့ ဖော်ပြထား ပါသေးသည် ။
-ရဲအရေးမပိုင် ( ရဲစခန်း၌ တိုင်ချက် လက်ခံရေး ဖွင့်ခွင့်မရှိ ၊ တရားရုုံးသို့သာ
ဦးတိုက်လျှောက် ထားရမည်ဟု ဆိုလိုသည် )
- ကနဦးကပင် ဝရမ်းထုတ် ပေးနိုင်သည် ( ရာဇဝတ် ကျင့်ထုံး နောက်ဆက်တွဲ
ဇယား-၂ ဖော် ပြချက်အရ ဖြစ်သည် ။ တရားသူ ကြီးက ခံဝန်ဝရမ်းဖြင့် ဖြစ်စေ ၊
ခံ ဝန်မဲ့ ဝရမ်းဖြင့် ဖြစ်စေ ၊ သမ္မန်စာ ထုတ်ဆင့်၍ ဖြစ်စေ တရားခံကို ဆင့်ဆို
နိုင်သည် )။
-ကျေအေးခွင့် မရှိ ( အမှုပြေ ငြိမ်းလိုပါက ရုပ်သိမ်းခြင်း ပြုနိုင်ပါ သည် )
-မြို့နယ် တရားရုံးများ စီရင် ပိုင်ခွင့်ရှိသည် ( ဒါကတော့ ရှင်းပါ သည် )
-ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၆ အရ အစိုးရကသာ တရားစွဲဆို ရမည်
(အစိုးရမဟုတ် သူတစ်ဦး တစ်ယောက်၏ စွဲဆို တိုင်တန်းမှုကို တရားရုံးက
လက်ခံ ဆောင်ရွက်ခြင်း မပြုနိုင်ပါ ။
ကျင့်ထုံး ဆိုင်ရာ ဤပြဋ္ဌာန်းချက်မှာ အရေးကြီးသဖြင့် တရားရုံးများက
မလွဲမသွေ လိုက်နာ ရပါသည် ) ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( ခ ) အရစွဲဆိုမှုသည်
အစိုးရက တရားလိုဖြစ်ပြီး ပြည်သူ ၊ သို့မဟုတ် စာနယ်ဇင်း မီဒီယာများက
စွပ်စွဲခံရသူ ဖြစ်လေ့ ရှိပါသည် ။ ဤအမှုမျိုးတွင် ‘အစိုးရ’က သာလျှင် တရားလို
ပြုရမည်ဖြစ်သ ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက် ထားစွဲဆိုခြင်း မပြုမီသက်ဆိုင်ရာ
အစိုးရ အဖွဲ့အနေဖြင့် ဥပဒေအရာရှိ ( ရှေ့နေချုပ် / ဥပဒေချုပ် )ထံ ဥပဒေ
အကြံဉာဏ် တောင်းခံလေ့ ရှိပါသည် ။ ပြုလုပ်သူ (ကောလာဟလ ၊ သတင်း ၊
ကြေညာချက်ပြုသူ ) ၏ ဟောပြောချက် ၊ သို့မဟုတ် ရေးသား ဖော်ပြချက်သည်
အစိုးရကို ဖြစ်စေ ၊ ငြိမ်ဝပ် ပိပြားမှုကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို ကျူးလွန်
ချင်လာအောင် ပြည်သူကိုသော် လည်းကောင်း ၊ ပြည်သူ၏ သီးခြား လူစုကို
သော်လည်းကောင်း ( ကြောက်ခြင်း ၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံနှင့်
ပြုခြင်းဟုတ် ၊ မဟုတ် ) အစိုးရရှေ့ နေက အထောက်အထား ၊ စာမှတ် စာတမ်း
များကို စိစစ်ပြီးမှ တရားစွဲဆိုရန်သင့် ၊ မသင့် အကြံ ဉာဏ်ပေး ရပါသည် ။
ယင်းပုဒ်မ၏ ‘ကင်းလွတ် ချက်သည် အတော်အရေးကြီး ပါသည် ။
ပြုလုပ်သူ၏ ဖော်ပြချက်သည် အထက်ပါ ပြစ်မှုအင်္ဂါရပ်တွင်အကျုံးဝင် သည်ဟု
ထင်မြင် ယူဆဖွယ်ရာ ရှိစေကာမူလည်း ( သတင်း ၊ ကောလာဟလ ၊ သို့မဟုတ်
ထုတ်ပြန် ကြေညာချက် ) ကို ‘မှန်ကန်သည်ဟု ယုံကြည်ရန် အကြောင်း ရှိသည့်အပြင်
ကြောက်ခြင်း ၊ ထိတ်လန့်ခြင်း ဖြစ်စေရန် အကြံမရှိဘဲပြုလုပ် ကြောင်း ပေါ်လွင်ပါက
ပြစ်မှုမ မြောက်’ ဟူသည့်အချက်ကို အဓိ ကအားဖြင့် အလေးထား ၊ စဉ်းစား ရမည်
ဖြစ်ပါသည် ။ ဆရာကြီး ဦးသက်ဖေက ‘ဤ ပုဒ်မ၏ ကင်းလွတ်ချက်မှာ လွတ် လပ်စွာ
ဟောပြော ( ရေးသား ) ပိုင် ခွင့်ကို အာမခံချက် ပေးထားခြင်း ဖြစ်သည်’ ဟု မှတ်ချက်
ပြုခဲ့ ကြောင်း တွေ့ရပါသည် ။ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄ တွင် လည်း ‘ပြည်သူ
တို့အကျိုးငှာ ပြဋ္ဌာန်းသည့် ဥပဒေများနှင့် မဆန့် ကျင်လျှင် လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့် ၊ ရေးသား ဖြန့်ချိခွင့်’ ကိုအာမခံချက် ပေးထားကြောင်း တွေ့မြင်နိုင်ပါသည်။
ဟောပြောချက် ( သို့မဟုတ် ) ရေးသား ဖော်ပြချက် တစ်ခုခုကို ရာဇသတ်ကြီး
ပုဒ်မ ၅၀၅ ( ခ ) ၏ ပြစ်မှုအင်္ဂါရပ်တွင် အကျုံးဝင်ခြင်း ရှိ ၊ မရှိ စိစစ်ရသည့် ကိစ္စမှာ
အလွန်အမင်း ခဲယဉ်းလှသည် မဟုတ်ပါ ။ အလွန်အမင်း ရှုပ်ထွေးလှသည် မဟုတ်ပါ ။
တရားရုံးက အမှုလက်ခံရေး ဖွင့်ခြင်း ၊ အရေးယူ ဆောင်ရွက်ခြင်း ကိစ္စကို
ပြောပါမည် ။ တရားရုံးသည် စာဖြင့်တိုင် တန်းချက်ကို ရရှိသည့် အခါတိုင် တန်းသူကို
ကျမ်းသစ္စာဖြင့် ချက်ချင်း စစ်ဆေး ရပါသည် ။ ပြည်သူ့ ဝန်ထမ်း၏ တာဝန်အရ တိုင်တန်း
ချက်ကိုမူ စစ်ဆေးရန် မလိုပါ ။ တိုင်တန်း ချက်အရ ၊ သို့မဟုတ် ထပ်မံစုံစမ်း စစ်ဆေးချက်
( ရှိခဲ့ပါ က ) ယင်း အချက်များအရ ‘အမှု ကိုဆက်လက် စစ်ဆေးရန်လုံ လောက်သည့်
အခြေအမြစ် ရှိ ၊ မရှိ’ စဉ်းစား ဆင်ခြင် ရပါသည် ။ လုံလောက်သည့် အခြေအမြစ် မရှိ
ဟုထင် မြင်လျှင် ထိုအဆင့် တွင်ပင် ကျင့်ထုံးပုဒ်မ ၂၀၃ အရ အမှုပလပ် နိုင်ပါသည် ။
လုံလောက်သည့် အခြေအမြစ်ရှိ သည်ဟု ထင်မြင်ပါက စွပ်စွဲခံရသူ ကို ဝရမ်းစာ
( သို့မဟုတ် ) သမ္မန် စာထုတ်ဆင့် ခေါ်နိုင်ပါသည် ။ ဤအမှုမျိုးတွင် အစိုးရသည်
တရားလို ဖြစ်သဖြင့် သာမန်ထက် ပို၍ အလေးဂရုပြု ကြလိမ့်မည်မှာ ယုံမှားဖွယ် မရှိပါ။
အစိုးရသည် တရားလိုဖြစ် ပြီး ပြည်သူလူထု ( သို့မဟုတ် ) စာ နယ်ဇင်း မီဒီယာ
တစ်ခုခုသည် စွပ် စွဲခံရသူ ( တရားခံ ) ဖြစ်တတ်ရာ တရားရုံးသည် ‘ဥပဒေအရ
တရား မျှတမှု ရှိစေရန်’ အထူးအလေးထား စီစစ် ရပါသည် ။
အစိုးရများ က တရားရုံးများကို ဖွဲ့စည်းထားရ ခြင်းမှာ ၎င်းတို့သည် ဥပဒေ
နှင့်အညီ တရားမျှတစွာ ဆောင်ရွက် ကြောင်းကို ပြည်သူလူထုအား ပြသဖို့ ဖြစ်ပါသည် ။
ပြည်သူ လူထု၏ ယုံကြည်မှု ရယူဖို့ ဖြစ်ပါသည် ။ ဥပဒေ သဘောအရ ရာဇဝတ်မှု
များ၏ တရားလိုမှာ အစိုးရပင်ဖြစ် ရာ အစိုးရက ‘တရားလို’ပြုလုပ် တိုင်းအစိုးရကို
အနိုင်ပေးဖို့ မဟုတ်ပါ ။ ဥပဒေနဲ့အညီပဲ ဖြစ်ရပါမည် ။ ဥပဒေနှင့်အညီပဲ ဖြစ်သင့်ပါ
သည် ။ ရာဇဝတ်မှု ကြီးများတွင် တရားရှင်လွှတ်ခြင်း ၊ တရားသေ လွှတ်ခြင်း
တို့ရှိပါသည် ။ ယင်းမှာ အစိုးရကို အရှုံးပေး လိုက်သည့် အမိန့်များ ဖြစ်ပါသည် ။
အစိုးရရှေ့နေ ၊ တရားသူကြီး စသူတို့မှာ ဥပဒေပညာရှင်များ ဖြစ်ပါသည် ။
အစိုးရများသည် ဥပဒေပညာတတ် ကျွမ်းသူများ ဖြစ်ကောင်းမှ ဖြစ်ပါမည် ။
ပညာ ရှင်က ပညာရှင်၏ ကျင့်ဝတ် သိက္ခာ စောင့်ထိန်း၍ တွေ့ရှိချက် အမှန်ကို
ရဲရဲဝံ့ဝံ့ တင်ပြမှသာ အစိုးရများက မှန်ကန်သည့်ဆုံး ဖြတ်ချက်ကို ချမှတ်နိုင်
ပါလိမ့် မည် ။ အမှန်တင် ပြခြင်း ၊ အကြံပြု ခြင်းသည် အစိုးရအပေါ် ပြည်သူ
လူထု၏ ယုံကြည် ကိုးစားမှု ခိုင်မြဲဖို့ရာ အထောက်အပံ့ ဖြစ်နိုင်ပါသည် ။
မှားမှားမှန်မှန် ‘ဗောင်းတော် ညိတ် ၊ စိတ်တော်သိ ’ လုပ်မည်ဆို ပါက
ကူညီရာ မရောက်နိုင်ပါ ။ တစ်ခါတစ်ရံ ချောက်တွန်းရာပင် ရောက်ကောင်း
ရောက်နိုင် ပါသည် ။
မနေ့တစ်နေ့က သမိုင်းမှာ သင်ခန်းစာယူဖို့ရာ ဖြစ်ပါသည် ။
( ဆောင်းပါးရှင် ပြေလွင်မြင့်သည် တရားဥပဒေ ရေးရာ ဆောင်းပါးများ ရေးသား
နေသူ ဖြစ်သည် )
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...