facebook မှာ အကောင့်အတုဖွင့်ပြီး တခြားသူရဲ့ပုံတွေယူသုံးထားသူအား တရားစွဲနည်း
လူတစ်ယောက်က ကျွန်မရဲ့ပုံတွေနဲ့
Facebook အကောင့်တစ်ခုဖွင့်ပြီး
ပို့စ်မျိုးစုံတင်ပြီးသုံးနေပါတယ် ။
သူတင်တဲ့ပို့စ်အချို့မှာ အခြားသူ
တစ်ယောက်ကို အသရေပျက်စေတဲ့
အကြောင်းအရာတွေပါနေလို့ ကယကံရှင်
ကတိုင်လို့ ရဲကကျွန်မကို သုံးစွဲသူပါဆိုပြီး
၆၆(ဃ)နဲ့ တရားစွဲထားပါတယ် ။ ကျွန်မရဲ့
ပရိုဖိုင်းကပုံတွေကို အခုလို တလွဲသုံးလို့
အမှုရင်ဆိုင်နေရတာကို ဘယ်လိုဆက်
လုပ်သင့်သလဲဆိုတာ အကြံဉာဏ်
တောင်းခံပါစေရှင်။
သူက အမှန်တကယ်နစ်နာခဲ့တာနော်။
အဲ့တော့ သူလုပ်ရမဲ့ကိစ္စတစ်ခုရှိတယ်။
အဲ့ဒါဘာလဲဆိုတော့ အီလက်ထရောနစ်
ဆက်သွယ်ရေးဥပဒေ ပုဒ်မ၃၄ (ဃ)အရ
အမှုဖွင့်ရမှာ။ အဲ့ဒီမှာဘာပါသလဲဆိုတော့
အဖွဲ့အစည်း တစ်ခုကိုဖြစ်စေ၊
လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ သူရဲ့
သတင်းအချက်အလက်တွေနဲ့ပတ်သက်
ပြီးတော့ ပြုပြင်တာတို့၊ ပြောင်းလဲတာတို့
ပြုလုပ်ပြီးတော့ဖြန့်ချိမယ်ဆိုရင်
အဲ့ဒီဥပဒေနဲ့သွားပြီး ငြိစွန်းတယ်ပေါ့။
ဒါကြောင့်မို့လို့ သူက အဲဒီအမှုနဲ့ ဒီလို
လုပ်တဲ့ပုဂ္ဂိုလ်ကို အမှုဖွင့်ရမှာ ဒါက
ရဲအရေးပိုင်တယ် အမှုဖွင့်ရင်လည်း ရဲက
အရေးယူရတယ်။ ဆိုတော့ အဲ့ဒီအမှုကို
တိုင်ပြီးတော့ အဲ့ဒီအမှုမှာ သူနိုင်မယ်ဆိုရင်
သူ့ကို စွဲထားတဲ့အမှုက အလိုလို
ချေဖျက်ပြီးသားဖြစ်မယ်။ နို့မို့ရှိရင်
သူကဘဲ ဖြန့်တဲ့ပုံဖြစ်သွားမယ်လေ။
သူကပဲသွားပြီးတော့ တစ်ခြားလူကို
ရေးသလို ဖြစ်သွားမှာပေါ့။
ဒါကြောင့်မို့ တရားခံအစစ်က
ဘယ်သူဆိုတာ သိအောင်
ဒီဥပဒေနဲ့ အဲ့ဒီလုပ်တဲ့သူကို တရားစွဲပါ၊
အမှုဖွင့်ပါလို့ပဲ အကြံပေးချင်ပါတယ်။
Credit - ဥပဒေရေးရာ။
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...