၆၆ ( ဃ ) နှင့် အသေရေဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း

05-Jul-23 အခြား
၆၆ ( ဃ ) နှင့် အသေရေဖျက်မှု ပုဒ်မ ၅၀၀  အကြောင်း

၆၆ ( ဃ )  နှင့် အသေရေဖျက်မှု ပုဒ်မ ၅၀၀ အကြောင်း 


သိသင့်သော ဗဟုသုတ…
( အများပြည်သူ အတွက် ဥပဒေ အသိပညာ 
ကျယ်ပြန့်စွာ သိမြင်စေရန် အတွက်သာ )


==========================


အသရေဖျက်မှု ( ပုဒ်မ ၅၀၀ )  နဲ့ ၆၆ ( ဃ ) ဥပဒေ 
•    အသရေဖျက်မှု ( ပုဒ်မ ၅၀၀ )  နဲ့ ၆၆ ( ဃ ) မှာ ဘာတွေတူလို့ ဘာတွေမတူသလဲ ဆိုတာ
ဉာဏ်မှီ သလောက် သုံးသပ် ကြည့်ရအောင်…
•    ပထမဆုံး သိထားရမှာက 
ပါးစပ်နဲ့ ပြောတဲ့ အသရေဖျက်မှုဟာ ရိုးရိုး ပုဒ်မ ၅၀၀ ဖြစ်ပါတယ်…
•     အကယ်၍ ပုံနှိပ် မီဒီယာပေါ် ရောက်သွားပြီ သတင်းစာ ဂျာနယ် မဂ္ဂဇင်း ၊  ပါလာပြီ ဆိုရင် 
ပုဒ်မ ၂၅ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅  ထပ်တိုး ပါတယ်…
•     ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်   အွန်လိုင်းပေါ် အထိရောက်သွား မယ်ဆိုရင် ဆက်သွယ်ရေး ဥပဒေပုဒ်မ  ၆၆ ( ဃ )  

ဖြစ်သွားပါပြီ…ဒါကို အရင်ဆုံး သိထားကြ ဖို့လိုပါတယ်…
•    ပါးစပ်ကပဲ ပြောပြော စာနဲ့ပဲပြောပြော အွန်လိုင်း ပေါ်ရောက်တဲ့ အဆင့်
ရောက်ရင်တော့ အသရေဖျက်မှု သတ်မှတ်ဖွင့်ဆိုချက် 
ရာဇသတ် ဥပဒေပုဒ်မ ၅၀၀  နဲ့စပါတယ်… 
•     အခြေအနေ ပေါ်မူတည်ပြီး ပုဒ်မ ၅၀၀ /  ပုဒ်မ ၂၅  /  ပုဒ်မ ၆၆ ( ဃ )  ဆိုပြီး ကွဲပြားသွားတာကို သိရပါမယ်။ 
•    အွန်လိုင်း ပေါ်မှာ ရိုင်းစိုင်းသည့် ကောမန့်များ ပေးခြင်း 
cbတွင် ရိုင်းစိုင်းသည့် စကားများပြောဆိုခြင်း 
အုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့် စကားများပြောဆို ခြင်း များသည် 
ဆက်သွယ်ရေး ပုဒ်မ ၆၆ ( ဃ ) နှင့် တိုက်ရိုက် အကြုံး ၀င်ပါသည် ။
•     ဒီလောက် ဆိုရင်  ကွဲလွဲချက် လေးတွေ ရိပ်မိ လောက်ပြီ ထင်ပါတယ် ။
•     ဟုတ်ပြီ နောက်ထပ် ဘာတွေ မတူသေးလဲ ဘာတွေကွဲ လွဲသေးလဲ 
ဆက်ကြည့် လိုက်ရအောင်။
•      လူတစ်ယောက်က လူတစ်ယောက်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ( ဃ )  နဲ့စွဲတဲ့အမှုကို 
ဒါလဲ  အသရေဖျက်မှု ပဲဆိုပြီး ပုဒ်မ ၅၀၀ နဲ့  ပြစ်ဒဏ် သတ်မှတ်လို့ မရသလို 
၆၆ ( ဃ ) ကို ပုဒ်မ ၅၀၀ အသရေဖျက်မှု နဲ့ပဲ တရားလိုက စွဲချင်စွဲ လို့ရပါတယ် ။
•     ဒီလိုပြောင်းလဲဖို့ တရားလိုရဲ့  သဘောဆန္ဒနဲ့ပဲ ပြောင်းလွှဲ
စွဲဆိုလို့ ရပါတယ်။
•     ပါးစပ်ပြော စာပြော အွန်လိုင်းမှာ ပြောတဲ့ပြစ်မှု တွေကို အသရေဖျက်မှု
ရာဇသတ်ကြီး ပုဒ်မ ၄၉၉ နဲ့ပဲ 
အကြုံးဝင်/မဝင် ၄၉၉ ပါ ပြစ်မှု အင်္ဂါရပ် များအရ ညီမ / ညီ စစ်ဆေးရပါတယ်။ 
•    ပြစ်ဒဏ် မတူပါဘူး ပြစ်မှုထင်ရှားရင် ၆၆ ( ဃ )  = ထောင်ဒဏ် သုံးနှစ်အထိ 
( သို့မဟုတ် ) ငွေဒဏ်  ( သို့မဟုတ် ) ပြစ်ဒဏ် နှစ်ရပ်စလုံး ။
•    ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ ( သို့မဟုတ် ) ငွေဒဏ်  ( သို့မဟုတ် )   ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမှာ ဖြစ်ပါတယ်။
•   ၆၆ ( ဃ )  ဟာ ရဲအရေးပိုင်အဖြစ် သတ်မှတ်ထား တာကြောင့် ပြစ်မှုကျူး လွန်ကြောင်း သိရှိသူ 
မည်သူမဆို တိုင်ကြား နိုင်ခွင့်ရှိပြီး ပုဒ်မ ၅၀၀ မှာတော့ နစ်နာသူ ကာယကံရှင် ကိုယ်တိုင် သာလျှင် 
တိုင်ကြား စွဲဆိုရမှာ ဖြစ်ပါတယ် ။
•    ဒါ့ကြောင့်… စိတ်ခံစားမှု တစ်ခုကြောင့် မနာလို မရှုစိမ့် ဣဿာ မစ္ဆရိယ စိတ်ကလေး
တစ်ခုဖြစ် ပေါ်လာပြီး…( တဒင်္ဂအတွင်း စကားလေး တစ်ခွန်း စာကြောင်းလေး တစ်ကြောင်းနဲ့
သူတစ်ပါး လူပုဂ္ဂိုလ်/အဖွဲ့အစည်း ဂုဏ်သရေ ထိခိုက် နစ်နာအောင် မဆင်မခြင် ပြုမိခြင်းကြောင့်
;စာတစ်ကြောင်း…ထောင် ( ၃ ) နှစ်မဖြစ် စေကြဖို့…လေ့လာ မှတ်သားမိ သမျှကို မျှဝေ လိုက်ရပါတယ်။


#မူရင်းပို့စ် crd & ဦးကံပေါက်


မှတ်ချက် ။  ဆက်သွယ်ရေး ဥပဒေအား မပြင်ဆင်မီက ဦးပေါက် ရေးသား ထားသည့် ပိုစ့် ကို credit ပေးပြီး မူရင်း
မပျက် ပြန်တင်ပေး ခြင်းဖြစ်ပါသည် ။ ယခု အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေအား ယခင်ပြစ်ဒဏ် သုံးနှစ်အစား 

နှစ်နှစ်သို့ ပြောင်းလဲ ပြင်ဆင်ပေး ခဲ့သဖြင့် ရာဇဝတ်ကျင့် ထုံးဥပဒေ ၊ နောက်ဆက်တွဲ ဇယား
(၂) အရ အာမခံ ပေးခွင့်ရှိသော ပုဒ်မအဖြစ်သို့  ပြောင်းလဲ
သွားပြီ ဖြစ်ပါသည်။


Photo crd

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate