အိမ်ခြံမြေဥပဒေကို ကျွမ်းကျင်သည်အထိ အမြန်လေ့လာနည်း

13-Feb-24 Knowledge
အိမ်ခြံမြေဥပဒေကို ကျွမ်းကျင်သည်အထိ အမြန်လေ့လာနည်း

အိမ်ခြံမြေနှင့် ပတ်သက်တဲ့ ရောင်းခြင်း၊ငှားခြင်း၊ဝယ်ခြင်း နှင့်
သက်ဆိုင်တဲ့ ဥပဒေဆိုင်ရာ ဗဟုသုတများကို ကျွမ်းကျင်သည်
အထိ အမြန်ဆုံး လေ့လာလိုသူများအတွက် အကျိုးရှိစေမယ့်အချက်များ
(1) အိမ်ခြံမြေနှင့် ပတ်သက်တဲ့ ဥပဒေစာအုပ်များကို ဝယ်ပြီးဖတ်ရှု့လေ့လာမယ်။
ရိုးရိုးလေးစဉ်းစားမယ်ဆိုရင် ဒီကိစ္စက မပါမဖြစ်ပါပဲ။ဒါပေမယ့် အချိန်တော့
တော်တော်ကိုပေးရပါလိမ့်မယ်။အချိန်ပေးပြီးနောက်ပိုင်းမှာတော့ ကိုယ့်အတွက်
ဗဟုသုတရစရာတွေ အများကြီးကျန်ခဲ့မှာပဲ ဖြစ်ပါတယ်။ သိစရာတွေ များလာ
တာနဲ့အမျှ နောက်ပိုင်းမှာ ကျွမ်းကျင်အောင် လေ့ကျင့်ရမယ့် အခန်းကဏ္ဍကလည်း
ပါဝင်လာတာကြောင့် သွားလေရာမှာ စာအုပ်ယူသွားပြီး ဖတ်ဖို့က အခက်တွေ့
နိုင်ပါတယ်။
(2) အိမ်ခြံမြေနှင့်ပတ်သက်တဲ့ ဥပဒေအနှစ်တွေဖြင့်လွယ်ကူစွာရှင်းပြထားတဲ့
video တွေကို ကြည့်ပြီးလေ့လာမယ်။လူတော်တော်များများက တစ်ခေါက်
ကြည့်တာနဲ့အလွတ်ရတယ်ဆိုတာက ရှားပါတယ်။ ဒါကြောင့်မို့ ကိုယ်ကြည့်
လိုက်တဲ့ video ကိုထပ်ခါထပ်ခါ ကြည့်နေမှသာလျှင် အမြန်ဆုံးနားလည်နိုင်မှာပါ။
ဖျော်ဖြေရေးတွေ မပါတဲ့ အိမ်ခြံမြေဥပဒေတွေချည်း ရှင်းပြထားတဲ့ videoဆိုရင်
တော့ ပိုလို့တောင်ထပ်ခါထပ်ခါကြည့်သင့်ပါတယ်။ဒါပေမယ့် လူကျင့်ဝတ်အရ 
တခြားသူအနှောင့်အယှက်ဖြစ်အောင် ကြည့်တာမျိုးကိုတော့ ရှောင်ရမှာပါ။
(ဥပမာ-မိတ်ဆွေတွေကြားထဲမှာ လေ့လာနေလို့လည်းမဖြစ်သလို၊နားကြပ်တပ်ပြီး 
နားထောင်နေလို့ကလည်းမဖြစ်ပြန်ပါဘူး)မိမိတစ်ဦးတည်း အားတဲ့အချိန်မှာ 
လေ့လာမှသာလျှင် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
သေချာစွာကြည့်ရှု့လေ့လာမှတ်သားရင်တော့ အမြန်ဆုံးကျွမ်းကျင်ပြီး အမြဲမှတ်မိနေစေမှာ
ဖြစ်ပါတယ်။
(3) Online အင်တာနက်မှာ Ebook /Pdf file တွေနှင့်ရေးထားတဲ့
စာတွေကို ဖတ်ပြီးလေ့လာမယ်။
အင်တာနက်ပေါ်ကနေ အလွယ်တကူဖတ်ယူလေ့လာနိုင်တဲ့ခေတ်ကြီးမှာ
အချိန်ကုန်သက်သာစေတဲ့ နည်းတစ်နည်းပဲဖြစ်ပါတယ်။ကိုယ်သိလိုတဲ့
အကြောင်းအရာကို အင်တာနက်ရှိရုံဖြင့် စာရိုက်ပြီး ရှာဖွေလို့ရမယ်
ဘယ်နေရာပဲသွားသွား ထိုင်စောင့်နေရတဲ့အချိန်မျိုးဆိုရင် ကိုယ် save
ထားတာများကို လေ့လာခွင့်ရမယ်။ဒီလိုမျိုးသာလေ့လာမယ်ဆိုရင်တော့
အမြန်ဆုံး အိမ်ခြံမြေနှင့် ပတ်သက်သည့်ဗဟုသုတများစွာကို သိခွင့်ရရှိနိူင်မှာ
ဖြစ်ပါတယ်။
(4) Application သုံးပြီးတော့ လေ့လာမယ်။
အပေါ်က(3)ချက်တွေထက် အကောင်းဆုံးနှင့် အမြန်ဆုံးနားလည်စေမယ့်
အချက်ပါ။ဖြတ်လမ်းနဲ့လိုချင်တာကို ချက်ချင်းရှာလို့ရမယ့် Application ဖြစ်ဖို့တော့
လိုအပ်ပါတယ်။အဲဒါမှ အိမ်ခြံမြေနှင့်ဆက်နွယ်နေတဲ့ ဥပဒေအကြောင်းအရာကိုလေ့
လာနေသူတွေသာမက မလေ့လာဖြစ်သေးတဲ့ သူတွေ အတွက်ဆိုရင်တောင် ဖြစ်လာတဲ့
ပြသာနာအခက်အခဲတွေကို ချက်ချင်းရှာဖတ်ပြီး ချက်ချင်းဖြေရှင်းလိုက်ရုံပါ။
အားတဲ့အချိန်မှာလည်း ဖုန်းကိုကောက်ဖွင့်ပြီး အေးအေးဆေးဆေးလေ့လာလို့ ရသလို
အပြင်သွားပြီး ဧည်သည်ကိုစောင့်နေတဲ့ အချိန်မျိုးမှာတောင်မှ အဆင်ပြေချောမွေ့စွာ
လေ့လာလို့ရနိုင်မှာ ဖြစ်ပါတယ်။
အသုံးတည့်စေမယ့် App ရဲ့ link ကို ချပေးလိုက်ပါတယ်။
ဒေါင်းပြီး အိမ်ခြံမြေဥပဒေဆိုတဲ့နေရာမှာ အားနေလေ့လာနေရုံပါပဲခင်ဗျ။
.
� Android အသုံးပြုသူများအတွက် 👇-
https://www.yuzanarland.com/g/pwipE
.
� IOS အသုံးပြုသူများ အတွက်👇-
https://www.yuzanarland.com/g/zuMK5
 

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate